Friday, August 23, 2013

ရုရှားနိုင်ငံမှ ဗုံးကြဲ လေယာဉ်နှစ်စင်းသည် ဂျပန်နိုင်ငံ တောင်ပိုင်း ကျူရှူး ကျွန်းဆွယ်အနီး လေပိုင်နက် အတွင်းသို့ သြဂုတ်၂၂ ရက်က ဝင်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံက ပြောကြားခဲ့


တိုကျို   သြဂုတ် ၂၂
ရုရှားနိုင်ငံမှ ဗုံးကြဲ လေယာဉ်နှစ်စင်းသည် ဂျပန်နိုင်ငံ တောင်ပိုင်း ကျူရှူး ကျွန်းဆွယ်အနီး လေပိုင်နက် အတွင်းသို့ သြဂုတ်၂၂ ရက်က ဝင်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံက ပြောကြားခဲ့ပြီး အဆိုပါ
စွပ်စွဲ ပြောကြားချက်အား ရုရှားအစိုးရက ငြင်းဆိုခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံမှ ဂျက်တိုက် လေယာဉ်နှစ်စင်းသည် ဂျပန် နိုင်ငံမြောက်ပိုင်းရှိ ဟိုကိုင်းဒိုး ကျွန်းစု၏ ဝေဟင်ပိုင်နက် အတွင်းသို့ ဖေဖော်ဝါရီလက ဝင်ရောက်ခဲ့သကဲ့သို့ ယခုအကြိမ် တွင်လည်း TU-95  ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဂျပန်ဝေဟင် ပိုင်နက်အတွင်းသို့ ၂ မိနစ် ခန့် ဝင်ရောက် ခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံမှ F-2 တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရကြောင်း  ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သို့သော် ရုရှားနိုင်ငံ အနေဖြင့် မည်သည့် ကျူးကျော်မှုမျိုးကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ပြန်လည် ငြင်းဆိုခဲ့သည်။ ဂျပန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဂျပန် နိုင်ငံမြောက်ပိုင်းနှင့် ရုရှားနိုင်ငံ တောင်ပိုင်းရှိ ကူရိုင်းကျွန်းစုများ အရေးနှင့် ပတ်သက်၍ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသည်။ အဆိုပါ ဗုံးကြဲ လေယာဉ်ကျူး ကျော်မှုသည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင် ဇိုအာဘေးနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့၏ ဧပြီလအတွင်းက ပြုလုပ်ခဲ့သော တွေ့ဆုံ ဆွေးနွေးမှုတွင် နှစ်ကာလ ကြာရှည်စွာ အငြင်းပွားလျက် ရှိသော နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်သွားရန် သဘော တူညီခဲ့ပြီးနောက်   ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။   

No comments:

Post a Comment