Wednesday, August 14, 2013

ဒိန်းမတ်ကုမ္ပဏီတစ်ခုမှပညာရှင်များသည် ရေဆိုး ရေညစ်များကို သန့်ရှင်းသောရေအဖြစ် တိုက်ရိုက် သောက်သုံး နိုင်သော အလွယ်တကူ သယ်ဆောင်နိုင်သည့် ရေစစ်တစ်ခုကို တီထွင်ထုတ်လုပ် ခဲ့


  သြဂုတ်  ၁၄
ဒိန်းမတ်ကုမ္ပဏီတစ်ခုမှပညာရှင်များသည် ရေဆိုး ရေညစ်များကို သန့်ရှင်းသောရေအဖြစ် တိုက်ရိုက် သောက်သုံး နိုင်သော အလွယ်တကူ သယ်ဆောင်နိုင်သည့် ရေစစ်တစ်ခုကို တီထွင်ထုတ်လုပ် ခဲ့ကြောင်း သိရသည်။ 
Life Straw အမည်ရှိ   အဆိုပါ ရေစစ်ကို အသုံးပြု၍ ရွှံ့ဗွက်အိုင် အတွင်းရှိ ရေမှစ၍ အိမ်သာခွက် အတွင်းရှိ ရေအထိ စိတ်ချစွာ သောက်သုံး နိုင်ကြောင်း သိရသည်။
အဆိုပါ ရေစစ်ကို တီထွင် ထုတ်လုပ် သူများသည် ၂ဝဝ၅ ခုနှစ်က တတိယနိုင်ငံများရှိ ကလေးငယ်များသည် မသန့်ရှင်း သော ရေများကိုသောက်သုံး နေရသောကြောင့် ၁၅ စက္ကန့်လျှင် တစ်ဦးနှုန်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြပြီးနောက် အရှည် ၂၂ စင်တီမီတာ Life Strawကို တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းကို ယူရို ၂၉ ဒသမ ၉၉ ပေါင်ဖြင့် ဝယ်ယူရရှိ နိုင်ကြောင်း သိရသည်။

No comments:

Post a Comment