သိန်း(၄၀)ခန့်မှန်းတန်ဖိုးရှိ နွားများအားယာယီထိန်းသိမ်းခံရ ***************************************
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့အ၀င် ဆင်မကြပ် လမ်းခွဲဂိတ်တွင် သြဂုတ်(၂၃)ရက်နေ့ည(၁၀း၀၀)နာရီအချိန်ခန့်တွင် ဆင်စုနယ်မြေအုပ်ချုပ်ရေးမှုး နှင့် ပူးပေါင်းအဖွဲ့တို့မှ မြို့ဝင်/ထွက် လုံခြုံရေးစောင့်ဆိုင်းနေစဉ်
နွား(၁၈)ကောင်ကို ဆွဲလာသူများအား မသင်္ကာ၍မေးမြန်းစစ်ဆေးခဲ့ရာမှ ခိုင်လုံသောစာရွက်စာတမ်းအထောက်ထားများ မပါရှိသည့်အတွက် ပြည်မြို့အမှတ်(၂)ရဲစခန်းသို့ ယာယီထိန်းသိမ်းပို့ဆောင်ခဲ့ကြောင်းသတင်းရရှိသည်။
"နယ်မြေလုံခြုံရေးအတွက် မြို့ဝင်/ထွက် စစ်ဆေးနေကြတာ နွားတွေဆွဲလာတာတွေ့တော့ ခေါ်မေးခဲ့တဲ့အခါ ရေရေရာရာမပြောနိုင်လို့ မြို့နယ်အုပ်ချုပ်ရေးမှုး နဲ့ ရဲစခန်းကို အကြောင်းကြားပါတယ်။ မြို့နယ်အုပ်မှုးကြီးလည်း ကိုယ်တိုင်
ရောက်လာပြီးတော့ ပြည်(၂)စခန်းမှာ ယာယီထိန်းသိမ်းထားဖို့ ပြောခဲ့တယ်ဟု" ဆင်စုအုပ်ချုပ်ရေးမှုးကပြောခဲ့သည်။
အဆိုပါနွား(၁၈)ကောင်တွင် နွားအထီး(၉)ကောင်အနက် နွားကြီး(၆)၊နွားလတ်၊(၃) နှင့် နွားအမ(၉)ကောင်အနက် နွားကြီး(၆)၊နွားလတ်(၁)၊နွားသေး(၂) ကောင်ပါရှိကြောင်းနွားအားလုံး၏ စုစုပေါင်းခန့်မှန်းတန်ဖိုး သိန်း(၄၀)ခန့်ရှိမည်ဟု
ထင်မိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
"ည(၈း၀၀)နာရီကျော်လောက်က ရွှေတောင်ကနေဆွဲလာတာပါ ပြည်အထွက်ထန်းပေါက်ရွာအထိဆွဲပေးရမှာ ကျွန်တော်တို့က နွားအငှားလိုက်ဆွဲတာ တစ်ကောင်ကို ထောင့်ငါးရာပေးတယ် ကြိုးကိုင်နွားပဲ ရတာပါ နွားအသေးတွေကျတော့
ဆွဲခပိုက်ဆံမရပါဘူး နွားက ဆယ့်ရှစ်ကောင်ပါ အခုလိုအဖမ်းခံရရင်တော့ နွားဆွဲခပိုက်ဆံမရတော့ဘူး"ဟု နွားအငှားဆွဲသူ ကိုသိန်းဟန် နှင့် မအေးဝင်း တို့က ရဲစခန်းတွင် ပြောဆိုခဲ့သည်ကို သိရှိရသည်။
"နွားကိစ္စ နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့စည်းတွေဆီကို ကြေးနန်း နဲ့ တင်ပြထားပါတယ်။ယခုချိန်ထိ အကြောင်းပြန်ကြားချက် မရသေးတော့ အမှု့ဖွင့်လို့ မရတာပါ။နွားအငှားဆွဲတဲ့ မိသားစုကိုတော့ သူ့နေရပ်အိမ်ကို ပြန်လွှတ်
လိုက်ပါပြီ နွား(၁၈)ကောင်ကိုတော့ ပြည်(၂)ရဲစခန်း ၀န်းထဲမှာပဲ ယာယီထိန်းသိမ်းထားပါတယ်"ဟု နယ်ထိန်း ဒုရဲအုပ်တစ်ဦးမှပြောကြားခဲ့သဖြင့်သိရှိရသည်။ပြည်သတင်း....

No comments:
Post a Comment