Saturday, August 31, 2013

ပန်းဂေါ် ဖီနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ

ပန်းဂေါ် ဖီနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ
**************************************

ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်အတွက် ရောဂါကာကွယ်ရေးနဲ့ ကျန်းမာရေးကို ထိန်းထားနိုင်ရုံမကဘဲ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့အယ်ကာလီကို ထိန်းညှိပေးရာမှာ အလွန်တန်ဖိုးရှိလှပါတယ်။ ဒီတစ်ပတ်မှာလည်း ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ လူသိနည်းတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး အကြောင်းကို မိတ်ဆက်ပေးပါမယ်။ အဲဒါကတော့ ပန်းဂေါ်ဖီ (Cauliflower) ပဲ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီမှာ အစာအာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။ ဗီတာမင် B1 (thiamine) ၊ ဗီတာမင် B2 (riboflavin) ၊ ဗီတာမင် B3 (niacin) ၊ ဗီတာမင် B5 (pantothenic acid) ၊ ဗီတာမင် B6 (pyridoxine) ၊ ဗီတာမင် B9 (folic acid) ၊ ပရိုတင်း၊ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ်၊ ဗီတာမင်စီနဲ့ မင်းဂနိစ်တို့ ပါဝင်ပါတယ်။ လေ့လာမှုပေါင်းများစွာအရ ပန်းဂေါ်ဖီမှာ ကင်ဆာရောဂါ ကာကွယ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဆီးအိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ သားအိမ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ ကင်ဆာအင်ဇိုင်းမ်တွေကိုတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိပါတယ်။ ပန်းဂေါ်ဖီကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အဆစ်ရောင်ရောဂါ၊ အဝလွန်ရောဂါ၊ အူမရောင်နာ၊ ဆီးချိုနာစတဲ့ ရောင်ရမ်းနာတွေကို သက်သာစေပါတယ်။ ဗီတာမင် K ၁၁ မိုက်ခရိုဂရမ်နဲ့ အိုမီကာ ၃ ဖက်တီးအက်ဆစ် ဝ.၂၁ ဂရမ် ပါဝင်တဲ့ ပန်းဂေါ်ဖီပြုတ်ရည်တစ်ခွက်ဟာ နာတာရှည် ရောင်ရမ်းမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီမှာ အစာခြေစနစ်ကို ကောင်း မွန်စေပြီး ခန္ဒာကိုယ်ထဲက မလိုအပ်တဲ့အရာတွေကို ဖယ်ရှားပေးနိုင်တဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါဝေဒနာကိုလည်း ကာကွယ်ပေးပါတယ်။ အစိမ်းရောင် ပန်းဂေါ်ဖီကတော့ အဆုတ်ရောဂါ ကာကွယ်ရန်အတွက်အထောက်အကူပြုတယ်လို့ သိရပါတယ်။ နောက်ဆုံးတွေ့ရှိရတဲ့ သုတေသန ရလဒ်တွေအရ အစိမ်းရောင်ပန်းဂေါ်ဖီမှာ ပါရှိတဲ့ ဓာတ်တစ်မျိုးဟာ အဆုတ်ရဲ့ ခံနိုင်ရည်အားကို တိုးမြှင့် ပေးတယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံမှ သိပံ္ပပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာတွေ့ရှိခဲ့ပါတယ်။ အဲဒီဓာတ်ဟာ အစိမ်းရောင်ပန်းဂေါ်ဖီမှာ ကြွယ်ဝစွာ ပါရှိတယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သဘာဝအတိုင်း စားသုံးနိုင်မှ အာဟာရတွေကို အပြည့်အဝ ရရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ သဘာဝအတိုင်း စားသုံးတဲ့အခါမှာ လတ်ဆတ်မှုမရှိရင၊် သန့်ရှင်းစွာ မထားရင်၊ အချိန်အကြာကြီး သိုလှောင်ထားခဲ့ရင်၊ နည်းမှန်လမ်းမှန်နဲ့ ချက်ပြုတ်ခြင်းမဟုတ်ရင် ပါဝင်တဲ့ ဒြပ်စင်တွေ ပျက်စီးဆုံးရှုံးစေပြီး ပါဝင်သမျှအာဟာ ရဓာတ်တွေကို အပြည့်အဝ မရနိုင်တော့ပါဘူး ။ပန်းဂေါ်ဖီကို စားသုံးနေတဲ့နေရာမှာ အထူး သတိထားသင့်ပါတယ်။ ပန်း ဂေါ်ဖီကိုရေနဲ့ဆေးရုံတင် မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်မှာ ပိုးသတ်ဆေးတွေ သုံးကြလို့ပါ။ တချို့သော ပိုးသတ်ဆေးတွေက လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့်မို့ ပန်းဂေါ်ဖီကို စားသုံး မယ်ဆိုရင် ဆားနဲ့နယ်ပြီး ရေကြာကြာစိမ် ထားပါ။ ဒါမှ ပန်း ဂေါ်ဖီထဲက ပိုးသတ်ဆေးတွေ၊ အခြားသော ပိုးမွှားတွေကင်းစင်သွားမှာပါ။ ဘယ်လောက်ပဲ ကျန်းမာရေး အထောက်အကူပြုတဲ့ အသီးအနှံတွေပဲဖြစ်ဖြစ် နည်းမှန်၊ လမ်းမှန်နဲ့ စားသုံးမှသာ ကျန်းမာရေးကို အပြည့်အဝ အထောက်အကူပြုနိုင်မှာပါ။ သင်တို့လည်း ဟင်းသီးဟင်းရွက်တွေ စားတိုင်းမှာ အာဟာရဓာတ်တွေရရြှိပီး ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ သတိထားကြပြီဖစ်တဲ့အတွက် ပြိုပီး ပြည့်စုံတဲ့ အကျိုးကျေးဇူး တွေရရှိအောင် နည်းမှန်၊လမ်းမှန်၊ စနစ်မှန်နဲ့ စားသုံးနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။pyayct မှ ကူးယူဖော်ပြပါသည်။ပြည်သတင်း..

No comments:

Post a Comment