Thursday, August 22, 2013

စိုက်ဘဏ်ချေးငွေထုတ်ယူရာတွင် ကျပ်ငွေ(၂၀၀၀)ကျပ်ကောက်ခံခြင်းအားမကျေနပ်(၁၈.၈.၂၀၁၃)


စိုက်ဘဏ်ချေးငွေထုတ်ယူရာတွင် ကျပ်ငွေ(၂၀၀၀)ကျပ်ကောက်ခံခြင်းအားမကျေနပ်(၁၈.၈.၂၀၁၃)
*****************************************
ပြည်ခရိုင်၊ပန်းတောင်မြို့နယ် ရွာသာယာ အုပ်စု ရွာသာယာကျေးရွာ၊တဲပင်ကျိုး၊ဖန်ခါးပင်၊စစ်တ၀င်း၊ရွာသစ်၊အလယ်ရွာတို့တွင် မိုးရာသီသီးနှံထုတ်လုပ်မှု့အတွက် ဘဏ်ချေးငွေထုတ်ယူရာတွင်တောင်သူ(၃၂၇)ဦးထံမှ တစ်ဦးလျှင်(၂၀၀၀)နူန်း
ဖြင့် ကျေးရွာအုပ်ချူပ်ရေးမှုး ဦးဇော်ဝင်းထွန်း နှင့် ဘဏ်ကိုယ်စားလှယ် ဦးတင်သိန်း တို့မှကောက်ခံပြီး ကုန်ကျစရိတ်တစ်ခုချင်းစီအား ရှင်းလင်းခြင်းမရှိသည့်အတွက် ကျေနပ်မှု့မရှိကြောင်းရွာသားများက ပြည်သတင်းသို့ပြောကြားသည်။တစ်ဦးတစ်ယောက်အနေ နှင့်
နားလည်ပေးလို့ရပါတယ် ကုန်ကျငွေတွေကိုတော့ကျွန်တော်တို့တောင်သူတွေကိုပြန်လည်ရှင်းပြသင့်ပါတယ်။အခုလိုငွေကောက်ခံတာက အစဉ်အလာလိုဖြစ်နေပါတယ်။ဒီငွေ(၂၀၀၀)ကောက်တုန်းကလည်း အစည်းအဝေးခေါ်တာ တောင်သူတွေ နှင့် ဆွေးနွေးတာ
တွေမရှိခဲ့ပါဘူး တရားဝင်လို့ငွေကောက်ခံတာဆိုရင်တော့(၂၀၀၀)မကကျိုးစားရှာဖွေပြီးပေးလို့ရနိုင်ပါတယ်။အခုလို တောင်သူတွေဆီက စာမတတ်တဲ့သူတွေများတယ်ဆိုပြီးဗြောင်ကျကျ လုပ်ချင်တိုင်းလုပ်နေတာတော့မတရားခံရတယ်လို့ပြောချင်ပါတယ်။လုံးဝ လက်
မခံနိုင်ပါဘူးလို့ ရွာသာယာရွာ ကျေးရွာနေ ဒေသခံတောင်သူ ဦးသန်းထွန်းအောင်က ပြည်သတင်းသို့ ပြောကြားခဲ့ပါသည်။သြဂုတ်လ(၇)ရက်နေ့ကလည်း မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှုးရုံးမှ နူတ်မိန့်ဖြင့်ခေါ်ဆိုခဲ့ရာကို အုပ်စုအုပ်ချူပ်ရေးမှုးထံမှ အကြောင်းကြားစာ
ရသဖြင့် ဒေသခံတောင်သူ(၄)ဦးမှ သွားရောက်၍ ငွေကောက်ခံခြင်းကိစ္စ နှင့် ပတ်သက်၍ ဆွေးနွေးရာ၌ အဆိုပါကိစ္စအား တစ်ကြိမ်မှား နှစ်ကြိမ်မှား ကိုနားလည်မှု့ပေးရန်အတွက် ဒုဦးစီးမှုး မှပြောဆိုခဲ့ကြောင်း၎င်းတို့မှ ပြည်သတင်းသို့ပြောကြားသည်။
ထို့နောက် မြို့နယ် နှင့် ခရိုင် ကစစ်ဆေးပြီးလို့တောင်သူတစ်ဦးလျှင် ကျပ်ငွေ(၄၅၀)ကျပ်ပိုတယ် ပြန်လိုချင်တဲ့သူရှိရင်လာယူလှည့်ဟု ရွာအစည်းအဝေးတွင် ဘဏ်ကိုယ်စားလှယ် ဦးတင်သိန်း မှ ပြောကြားကြောင်း ဒေသခံတောင်သူ ဦးသောင်းထွန်း နှင့် ဦးထွန်းထွန်းဦး
တို့မှပြည်သတင်းသို့ ပြောကြားခဲ့ပါသည်။ ဘဏ်ချေးငွေ (၂၀၀၀)ကိုမပေးရင်ထုတ်မပေးနိုင်ဘူးလို့ပြောတော့ ပန်းတောင်း ဘဏ်ကိုသွားတဲ့လမ်းတစ်ဝက်ကျမှ ရုံးအဖွဲ့တွေလာမယ် မသွားကြနဲ့ တိုင်ချင်ရာတိုင် ဖြေရှင်းရုံအသင့်ပဲ ဟုကျေးရွာအုပ်ချုပ်ရေးမှုး နှင့်
ဘဏ်ကိုယ်စားလှယ် တို့မှပြောဆိုခဲ့ကြပြီး နင်တို့ကပေါက်အ၀ကို များတယ် အဲဒိအကြောင်းတွေ စုန်ရေဆန်ရေသိချင်ရင် (ပန်းတောင်းက နင့်ကို...................သူတွေကိုသွားမေး) ဟုယုတ်ရင်းကြမ်းတမ်းသောစကားများ နှမသားချင်း မကြားဝံ့သာသော စကား
များဖြင့် ဘဏ်ကိုယ်စားလှယ်ကပြောဆိုခဲ့ကြောင်း လယ်(၄)ဧကရှိ တောင်သူ မနုနုသန်း မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။ အဆိုပါဘဏ်ချေးငွေ(၂၀၀၀)ကျပ် တရားမ၀င် ကိုယ်ကျိုးသုံး ကောက်ခံခြင်းအား သက်ဆိုင်ရာ ရုံးဌာန များသို့တိုင်ကြားထားသော်
လည်း ထိရောက်စွာ အရေးယူမှု့ ပြုလုပ်ခြင်းမရှိကြောင်း တောင်သူလယ်သမားများအပေါ် ခုတုံးလုပ်အမြတ်ထုတ် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေသော အကျင့်ပျက်နေသူအား ထိရောက်စွာအရေးယူပေးစေချင်ကြောင်း ဒေသခံတောင်သူများမှ ပြည်သတင်း
သို့ပြောကြားခဲ့ပါသည်။..ပြည်သတင်း..........

No comments:

Post a Comment