Friday, August 16, 2013
မြန်မာ့ရိုးရာယဉ်ကျေးမှု မြန်မာ့ရေးရာ စာအုပ်မှ ပြည်သတင်း ကောက်နူတ်ရေးသားသည်
မြန်မာ့ရိုးရာယဉ်ကျေးမှု
***************
ယဉ်ကျေးမှု ဟူသည် “ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ ထုံတမ်း” ကိုဆိုလိုပါသည်။ အင်္ဂလိပ်ဘာသာစကား
တွင် Culture နှင့် Civilization ဟူ၍ နှစ်မျိုးခွဲခြား သုံးစွဲပါသည်။ လူသာတို့၏ အားထုတ်မှုကြောင့် ဖြစ်ထွန်လာသော ဘာသာစကား၊ အက္ခရာ အရေးအသားစာပေဖန်တီးမှုများ၊ အဆိုအကအရေအတီးစသော အနုပညာဖန်
တီးမှုများ၊ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုများ၊ အနုအလှဖန်တီးမှုများ၊ ရိုးရာဓလေ့ထုံးစံများ၊ ယုံကြည် ကိုကွယ်မှု၊ အတွေးအမြင် အယူအဆများ စသည်တို့သည် Culture ဖြစ်ပါသည်။ သဘာဝ၏ အစီအမံအတိုင်းနေကြရသော
ကြမ်းကြုတ်သည့်အဆင့်မှ ရိုင်းစိုင်းသည့်အဆင့်ကို ဖြတ်သန်းပြီးအဏုမြူခေတ်၊ ယနေ့ အိုင်တီခေတ်သို့တိုင် ဖွံဖြိုးတိုးတက်လာသော လူ့အဖွဲ့အစည်းသည် Civilization နှစ်မျိုးလုံးကို စုစုပေါင်းပြီး “ယဉ်ကျေမှု” ဟူ၍ သတ်
မှတ်ထားပါသည်။ ယဉ်ကျေးမှုဟူသည် လူအချင်းချင်းပေါင်းသင်းဆက်ဆံမှု၊ ကူသန်းသွားလာမှု၊ ကုန်သွယ်ရောင်းဝယ်မှု၊ စစ်ပွဲဆင်နွှဲမှု စသည်တိုကြောင့် ပျံ့နှံခြင်း၊ ကူးလူးဆက်ဆံခြင်များရှိပါသည်။ တိုင်းတစ်ပါတို့နှင့် သံ
တမန်အဆက်အသွယ်ရှိခဲ့သော မြန်မာတို့သည် မိမိတို့နှင့်နိုင်ငံရေးအရ၊ စစ်ရေးအရ၊ ဘာသာရေအရ၊ အဆက်အဆံရှိခဲ့သော နိုင်ငံများနှင့်ယဉ်ကျေးမှုချင်း ထိတွေ့ခဲ့ကြရပါသည်။ ဥာဏ်ရည်ထက်မြက်ပြီး မိမိလူမျိုး၏သသာ
ဝကို ဆင်ခြင်နားလည်နိုင်စွမ်းရှိသောရှေးမြန်မာကြီးများသည် မိမိတို့နှင့် ထိတွေ့ဆက်ဆံရသော တိုင်းတစ်ပါးသားများထံမှလည်းကောင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်းထံမှလည်းကောင်း၊ မိမိလူမျိုး၏စရိုက်သဘာဝနှင့်
ဆီလျော်သော ယဉ်ကျေးမှုများကို ရယူပြီး မြန်မာမှုပြုခဲ့ကြပါသည်။ပုံတူကူးယူခြင်းမျိုး မဟုတ်ဘဲမိမိတို့၏သဘာဝနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်မွမ်းမံခြင်း၊ ပြောင်းလဲခြင်းများပြုလုပ်ပြီးရှိနှင့်ပြီးဖြစ်သော မိမိတို့၏
အမျိုးသားယဉ်ကျေးမှုကို ဖွံဖြိုးစည်ပင်အောင် စွမ်းဆောင်ခဲ့ကြပါသည်။ မြန်မာ့ရေးရာ စာအုပ်မှ ပြည်သတင်း ကောက်နူတ်ရေးသားသည်။ ....ပြည်သတင်း
No comments:
Post a Comment