မိုးညှင်း သြဂုတ် ၅
ကမ္ဘာ့ပရဟိတ ရန်ပုံငွေ ရှာဖွေ ကူညီပေးရေး
အဖွဲ့ကြီး မဟာစွမ်းအားရှင် ဘွဲ့ရ ဆရာကြီး ဦးငြိမ်းချမ်းအောင်၏ မဟာပါဝါ
အတွင်းအား ထူးခြားကသိုဏ်း စွမ်းရည် ပြပွဲကြီးကို ယမန်နေ့ မွန်းလွဲ ၁
နာရီခွဲက မိုးညှင်းမြို့ ရွှေသာလျောင်း မိုးလုံလေလုံ ဇာတ်ရုံ၌ ကျင်းပခဲ့သည်။
ကသိုဏ်းစွမ်းရည် ပြပွဲတွင် ဆရာကြီး
ဦးငြိမ်းချမ်းအောင်သည် အသက် အန္တရာယ် ဖြစ်စေနိုင်သည့် ပြကွက်များ ဖြစ်သော
နှစ်ဖက်ချွန် စတီးချောင်းကို လည်မျိုနှင့် ထောက်တွန်း၍ ငှက်ပျောတုံးအား
ဖောက်ပြခြင်း၊ DT ဆိုင်ကယ် လေးစီးတွင် လူရှစ်ဦး စီးနင်း၍
အနင်းခံ၊အကြိတ်ခံခြင်း၊ ဆိုင်ကယ် ရှစ်စီးတွင် လူ ၁၆ ဦးထိုင်စေပြီး
ဆိုင်ကယ်ချင်း ကြိုးဖြင့်ချိတ်ဆက်ကာကြိုးစတစ်ဖက်တွင် ၎င်း၏ဆံပင်ဖြင့်
ချည်နှောင်၍ ရွေ့လျားအောင် ဆွဲပြခြင်းနှင့် အခြား သာမန်လူတို့
ပြုလုပ်နိုင်ရန် ခက်ခဲသော ပြကွက်များ ပြသခဲ့သည်။
ထိုသို့ ပြသရာမှ အလှူငွေ ထည့်ဝင်ကြသော
ငွေကြေးများကို ပရဟိတ လုပ်ငန်းများတွင် ထည့်ဝင် လှူဒါန်းမည် ဖြစ်ပြီး
သြဂုတ် ၃ ရက်နှင့် ၄ ရက်များတွင် မိုးညှင်းမြို့၌ ပြသခဲ့ပြီး သြဂုတ် ၅
ရက်တွင် မော်ဟန်ကျေးရွာ၌ လည်းကောင်း၊ သြဂုတ် ၆ ရက်တွင် နမ္မားကျေးရွာ၌
လည်းကောင်း စွမ်းရည် ပြပွဲများ ပြုလုပ်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment