Tuesday, August 13, 2013

ဘာသာစကားလေးများအကြောင်း သိကောင်းစရာပါ...

ကရင်ဘာသာစကား သိကောင်းစရာ
***********************
ကရင်ဘာသာစကားကို ပြောဆိုကြသည့် ကရင်တိုင်းရင်းသားအများစုသည် ကရင်ပြည်နယ်တွင်နေထိုင်ကြသည်။ မွန်ပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း စသည့်မြန်မာနိုင်ငံဒေသအနှံ့အပြားမှာလည်း အတန်အသင့်နေထိုင်လျှက်ရှိကြပါသည်။
ကရင်တိုင်းရင်းအများစု နေထိုင်ကြသည့် ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပါသည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၇၃၀.၈၅)မိုင်ရှိပါသည်။ ကရင်ဘာသာစကားသည် တိဗက်တရုတ်မျိုးရိုး တိဗ
က် မြန်မာအစုတွင်ပါဝင်ကြောင်း ဘာသာစကားပညာရှင်များ အတည်ပြုပြောကြားခဲ့ပါသည်။ ကရင်ဘာသာစကားတွင် မြန်မာဘာသာစကားနှင့် အရင်းအမြစ်တူညီသော စကားလုံးများစွာရှိသည်။ သို့ရာတွင် ကရင်စကားနှင့် မြန်မာစကားတို့တွင် တက်ကျသံ
၊လေယူလေသိမ်းနှင့် ၀ါကျဖွဲ့စည်းပုံတို့တွင် မတူညီကြပေ။ မှုရင်းကရင်ဘာသာစကားသည် သုံးစွဲသူတို့၏ နေထိုင်ရာဒေသ၊တောတောင်ပတ်ဝန်းကျင်၊ထိတွေ့ဆက်ဆံရသော လူမျိုးစသည့်တို့အပေါ်မှုတည်၍ ပြောင်းလည်းမှု့များဖြစ်ပေါ်လျှက်ရှိပါသည်။ မှု
ရင်းကရင်ဘာသာစကားမှ ပြောင်းလည်းကွဲပြားလာသော ကရင်မျိုးကွဲ အဓိက နှစ်စုရှိပါသည်။ တစ်စုမှာ ပိုးကရင် အစုဖြစ်ပြီး ကျန်တစ်စုမှာ စကောကရင် အစုဖြစ်ပါသည်။ ကရင်ဘာသာစကားတွင် တက်ကျသံ ၄ မျိုးရှိသည်။ တက်ကျသံပြောင်းသွားသည့်အ
ခါ စကားလုံးအဓိပ္ပာယ်ပြောင်သွားသည်။ ကရင်ဘာသာစကားတွင်ရှိသည့် အချို့ဗျည်းသံ၊သရသံ တို့သည် မြန်မာစကားတွင် မရှိသလို မြန်မာစကားတွင်ရှိသည့် ဗျည်းသံ၊သရသံ အချို့သည်လည်း ကရင်စကားတွင်မရှိပေ။ ကရင်ဘာသာစကားသံသည် မြန်မာ
စကားသံထက် အသံစုံလင်သည်။ ကရင်ဘာသာစကားရှိ စကားသံအချို့ကိုလည်း မြန်မာတို့ အသံထွက်ရန်မလွယ်ကူပါ။......မြန်မာ့ရေးရာစာအုပ်မှ ကောက်နူတ်ရေးသားခဲ့ပါသည်။..ပြည်သတင်း.....

ချင်းဘာသာစကား သိကောင်းစရာ
**********************
ချင်းဘာသာစကားကို ပြောဆိုကြသည့် ချင်းတိုင်းရင်းသားအများစုသည် ချင်းပြည်နယ်တွင်နေထိုင်ကြသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊တောင်ဘက်တွင် ရခိုင်ပြည်နယ်
၊အနောက်ဘက်တွင် ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့်ဝန်းရံလျက်ရှိပါသည်။ ချင်းပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၃၉၀၆.၉၇)မိုင်ရှိပါသည်။ ချင်းပြည်နယ်တွင် လူမျိုးအုပ်စုများစွာရှိပြီး ပြောဆိုကြသည့် ဘာ
သာစကားအနည်းငယ်စီ ကွဲပြားကြသည်။ ချင်းပြည်နယ်မြောက်ပိုင်း ချင်းဘာသာစကားတွင် တီးတိန်စကား၊ဖလမ်းစကား နှင့် ဟားခါးစကားတို့ရှိသည်။ ချင်းပြည်နယ်တောင်ပိုင်း ချင်းဘာသာစကားတွင် မင်းတပ်စကား၊မတူပီစကား၊ပလက်ဝစကား နှင့် မြေပြန့်
ချင်းဘာသာစကားတွင် အရှုချင်းစကားစသည့် မျိုးကွဲများရှိသည်။ ယင်းမျိုးကွဲများတွင် ၀ါကျဖွဲ့စည်းပုံမှအစ အခြေခံတူညီသော ဝေါဟာရ အသုံးအနှုန်းများပါရှိနေသည့်အတွက် မှုလစကားအုပ်စု တစ်ခုတည်းမှ ခွဲထွက်လာကြောင်း ထင်ရှားသည်။ ချင်းဘာသာစ
ကားသည် တိဗက်ဘာသာစကား၊မြန်မာဘာသာစကားတို့ နှင့် တူညီမှု့များ တွေ့ရသဖြင့် တိဗက်မြန်မာ ပင်မဘာသာစကားမှ ဆင်းသက်လာသည်ဟု ယူဆရသည်။ ..မြန်မာ့ရေးရာစာအုပ်မှ ကောက်နူတ်ရေးသားခဲ့ပါသည်။..ပြည်သတင်း....

မွန်ဘာသာစကား သိကောင်းစရာ
*********************
မွန်ဘာသာစကားကိုပြောဆိုကြသည့် မွန်တိုင်းရင်းသားအများစုသည် မွန်ပြည်နယ်တွင်နေထိုင်ကြသည်။ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းစသည့် ဒေသအနှံ့အပြားတွင်လည်း အတန်အသင့်နေထိုင်ကြသည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံ
တောင်ပိုင်းတွင် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း ၊မုတ္တမကွေ့တို့နှင့် ဆက်စပ်လျက်ရှိသည်။ မွန်ပြည်နယ်၏အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း ၄၇၄၇. ၇၆ မိုင်ဖြစ်သည်။ မွန်ဘာသာစကားကို ယခင်က မွန်အာနမ်အနွယ်ဝင်ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်း
တွင်မွန်ခမာအနွယ်ဟု ပြောင်လည်ခေါ်ဝေါ်ခဲ့သည်။ ထိုမှတစ်ဖန် သြစထရစ်အနွယ်ဟုအမည်ပေးခဲ့သည်။ သြစထရစ်အနွယ်၊ သြစထရိုအေရှတစ်မျိုးခွဲတွင် ဗီယမ်နမ်ဘာသာစကား၊ ကမ္ဘောဒီယားဘာသာစကား၊ မွန်ဘာသာစကား၊ ပလောင်ဘာသာစကား၊ ၀ဘာ
သာစကားစသည်တို့ပါဝင်သည်။ မွန်ဘာသာစကားသည် ကိုယ်ပိုင်ဝေါဟာရကြွယ်ပြီး ပါဋ္ဌိ၊ သက္ကတ မွေးစားစကားလုံးများလည်းရှိသည်။ ၀ါကျဖွဲ့စည်ပုံမှာမြန်မာနှင့်မတူပါ။ ထို့ပြင် မွန်ဘာသာစကားသည် တက်ကျသံဖြင့်စကာလုံးခွဲခြားသည့် တက်ကျသံ ဘာသာ
စကားမဟုတ်ပါ။ မြန်မာဘာသာစကားနှင့် မွန်ဘာသာစကားသည် ဘာသာစကားမျိုးရိုးကွဲပြာသည့်အလျောက် စကားသံပိုင်းတွင်များစွာကွဲပြားမှုရှိသည်။ မွန်စကားသံကို မြန်မာတစ်ယောက်အဖို့ ပီပီသသမရွတ်ဆိုနိုင်သလို မွန်တစ်ယောအဖို့ မြန်မာစကားကို ပြော
ဆိုရာတွင် မွန်သံဝဲနေသည်ကို တွေ့ရသည်။ သို့ရာတွင် ဝေါဟာရနယ်ပယ်တွင် မွန်ဝေါဟာရများကို မြန်မာစကာထဲးတွင် မွေးစားစကားလုံများတွင် မွန်စကားလုံသည် အများဆုံးဖြစ်သည်။..မြန်မာ့ရေးရာစာအုပ်မှ ကောက်နူတ်ရေးသားခဲ့ပါသည်။.. ပြည်သတင်း.....
.
ရခိုင်ဘာသာစကား သိကောင်စရာ
*********************
ရခိုင်ဘာသာစကားကို ပြောဆိုကြသည့် ရခိုင်တိုင်းရင်းသာအများစုသည် မြန်မာနိုင်ငံအနောက်ဘက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည်။ ရခိုင်ပြည်သည် အရှေ့ဘက်တွင်အနောက်ရိုးမတောင်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်မြောက်
ဘက်တွင် ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ရခိုင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း ၁၄၂၀၀.၀၈ ဖြင်သည်။ မြန်မာ့တိုင်ရင်သားဘာသာစကားများတွင် မြန်မာဘာသာနှင့် အနီးစပ်ဆုံးမှာ ရခိုင်ဘာသာစကားဖြင်သည်။
ဘာသာဗေဒပညာရှင်များက ရခိုင်ဘာသာစကားကို သီးခြားဘာသာစကားအဖြစ်မသတ်မှတ်ဘဲ မြန်မာစကား၏ ဒေသိယစကားဖြစ် သတ်မှတ်သည်။ ရခိုင်ဘာသာစကားတွင်ရှေးသုံးမြန်မာဝေါဟာရအများအပြားရှိနေသည့် အတွက် ရခိုင်ဘာသာစကားကို ရှေး
မြန်မာစကားအဖြစ်နိုင်သည်ဟုလည်း ယူဆသည်။ ရခိုင်နှင့်မြန်မာဘာသာစကားတွင် စကားသံမတူမှု့များအတော်များများရှိသည်။ ဝေါဟာရပိုင်းတွင်လည်းမတူညီသည့် ဝေါဟာရအသုံးအနှုန်းများရှိသည်။ သဒ္ဒါပိုင်းဆိုင်ရာ အသုံးအနှုန်းအချို့မှာလည်း မတူညီပါ။
ထို့ကြောင့် မြန်မာတစ်ယောက်အဖို့ ရခိုင်ဘာသာစကားကို ရုတ်တရက်ကြားရုံဖြင့် နာမလည်နိုင်ပါ။ ရခိုင်ဘာသာစကားအကြောင်း အတော်အတန်သိထားမှ နာလည်မည်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရခိုင်ဘာသာစကားအပြင် သက်၊ ဒိုင်းနက်၊ မြိုစသည့် သီးခြား
တိုင်းရင်းသားဘာသာစကားပြောသည့် လူမျိုးကွဲများလည်းရှိသည်။ ထိုလူမျိုးကွဲများသည် ၄င်းတို့၏ဘာသာစကားအပြင် ရခိုင်ဘာသာစကားကိုလည်း ပြောဆို့သည့်အတွက် ဘာသာစကားနှစ်မျိုးပြောသူများဖြစ်သည်။ မြန်မာ့ရေးရာစာအုပ်မှ ကောက်နူတ်ရေး
သားခဲ့ပါသည်။..ပြည်သတင်း.....

No comments:

Post a Comment