Thursday, August 29, 2013

အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဟောပြော




ပဲခူးတိုင်းဒေသကြီး(နောက်)သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ အမျိုးသမီးငယ်များ ကာကွယ်စောင့်ရှောက်ရေး လူမှောင်ခို လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲအခမ်း အနားကျင်းပခဲ့ကြောင်းသိရှိရပါသည်။ ၄င်းအခမ်းအနားကို ၂၃.၈.၂၀၁၃ ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပရာ ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ကြည်ကြည်လွင်က အမျိုးသမီးငယ်များ ကာကွယ်စောင့်ရှောက်ရေး နှင့်ပတ်သက်၍အသိပညာပေးပြောကြားပြီး ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး မြင့်ကြိုင်တို့က လူကုန်ကူးမှု၊ လူမှောင်ခို အသိပညာပေး အကျယ်တဝင့် ဟောပြောသည်။ အခမ်းအနားသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။ ပြည်သတင်း  ကူးယူ pyay ct

No comments:

Post a Comment