Saturday, August 24, 2013

ဝန်ထမ်းအိမ်ရာများ၌ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု စစ်ဆေးရေး အဖွဲ့၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး


 

နေပြည်တော် သြဂုတ် ၂၃

နေပြည်တော် ဝန်ထမ်းအိမ်ရာများ၌ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု စစ်ဆေးရေး အဖွဲ့၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို နေပြည်တော် စည်ပင် သာယာရေး ကော်မတီ မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ ယနေ့ညနေ ၃ နာရီတွင် ကျင်းပရာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့် တက်ရောက်အမှာ စကားပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု စစ်ဆေးရေး အဖွဲ့ဝင်များ ဖြစ် ကြသော ဒုတိယ ဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဝင်များ၊ ညွှန်ကြား ရေးမှူး ချုပ်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ဝန်ကြီးဌာနများမှ ရုံးအဖွဲ့မှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်း အိမ်ရာများတွင် နှစ်ရှည်သီးပင်စားပင် နှင့် ရာသီသီးနှံများ စိုက်ပျိုးရေး လုပ်ငန်း ဆောင် ရွက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများအား လည်းကောင်း၊ ဝန် ထမ်းများ၏ စိုက်ပျိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဦးဆောင်မှုပေးခြင်း၊ မျိုးစေ့နှင့် ပျိုးပင်များ ဝေငှခြင်းစသည့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင် လာမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာ များ၏ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များ ဖြစ်သည့် ရေ၊ မီး၊ အဆောက်အအုံ၊ လမ်းစသည့် လိုအပ်ချက်များအား တာဝန် ရှိသူများမှ သိရှိ ဆောင်ရွက်ပေးကြရန် နှင့် ရပ်ကွက်များရှိ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံပိုင် အိမ်ရာ ထိန်းသိမ်းရေး အဖွဲ့ရုံးများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်း ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက စိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှု စစ်ဆေးရေး အဖွဲ့များ၏ တင်ပြချက်များနှင့် ရုံးအဖွဲ့မှူးများ၏ တင်ပြချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment