Thursday, August 1, 2013

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ တိုင်းပြည် ရှေ့ဆက်တိုးတက်ဖို့အတွက် သင်ခန်းစာယူနိုင်တဲ့ အရေးတော်ပုံသာဖြစ်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြော


၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ တိုင်းပြည် ရှေ့ဆက်တိုးတက်ဖို့အတွက် သင်ခန်းစာယူနိုင်တဲ့ အရေးတော်ပုံသာဖြစ်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နေပြည်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးမှာ သတင်းထောက်တွေနဲ့ မနေ့ကတွေ့ဆုံစဉ် ၈၈ အရေးတော်ပုံ ၂၅နှစ်မြောက် အချိန်အခါနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပြောဆိုခဲ့တာပါ။

“၈၈ က အင်မတန် အရေးပါတယ်၊ ၈၈ က နောင်အရှေ့ကိုတိုးတက်ဖို့အတွက် သင်ခန်းစာယူနိုင်တဲ့ အရေးတော်ပုံဖြစ်ရမယ်၊ နောင်အရှေ့ကို တိုးတက်ဖို့အတွက် ပိတ်ဆို့တဲ့အရေးတော်ပုံ မဖြစ်စေရဘူး”

အနာဂတ် မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ တိုင်းရင်းသားတွေအပါအ၀င် တပ်မတော်နဲ့ပါ အမျိုးသား ရင်ကြားစေ့ရေးကို တည်ဆောက်ရမယ်လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။

လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ၈၈ အရေးတော်ပုံ ငွေရတုအခမ်းနား တက်ရောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကိုလည်း အခမ်းအနားကျင်းပရေးကော်မတီက ဖိတ်ကြားထားတယ်လို့သိရပါတယ်။

No comments:

Post a Comment