Saturday, August 24, 2013

ရန်ကုန် တိုင်းဒေသကြီး အတွင်းမြေဈေး ကြီးမြင့်မှုများအား ထိန်းချုပ်ရန် အတွက် အစိုးရက ပုံသေမြေဈေး နှုန်းသတ်မှတ်ပေးတော့မည်ဖြစ်


ရန်ကုန် တိုင်းဒေသကြီး အတွင်းမြေဈေး ကြီးမြင့်မှုများအား ထိန်းချုပ်ရန် အတွက် အစိုးရက ပုံသေမြေဈေး
နှုန်းသတ်မှတ်ပေးတော့မည်ဖြစ် ကြောင်း သိရသည်။

လက်ရှိပေါက်နေသည့် မြေ ဈေးကြီးမြင့်မှုများ အား ထိန်းချုပ် ရန် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်း
ဒေသကြီးမှစတင် ၍ တစ်ပေပတ်လည်မြေဈေးနှုန်း များအား သတ်မှတ်ပေး မည်ဖြစ်ကြောင်းကို နိုင်ငံတော်
သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ဩဂုတ် ၂၃ရက်က နေပြည်တော် တွင်ပြု လုပ်သည့် မီဒီယာ
တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''မြန်မာနိုင်ငံမှာ မြေဈေး တွေကြီးနေတော့ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ
အတွက် အခက်အခဲ ဖြစ်နေတယ်။ မြေဈေးတွေကြီး နေတာကို အခွန်နည်းလမ်းများနဲ့ လဲထိန်းပြီး လုပ်
ဆောင်ဖို့တွေရှိပါ တယ်။ တစ်ပေပတ်လည်ဈေးနှုန်း တွေကိုလဲ ပုံသေသတ်မှတ်ပေးဖို့လဲ ရှိတယ်''ဟုပြော
သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိအဓိကလမ်းများ၏ မြေဈေး များသည် တစ်ပေပတ်လည်လျှင် ၁ဝသိန်းနှင့်
၁၅သိန်းဝန်းကျင် ဈေးများပေါက်နေပြီး တောင်ဥက္က လာနှင့် သင်္ဃန်းကျွန်းမြို့နယ်များ ရှိမြေဈေးများသည်
လည်း တစ် ပေပတ်လည်လျှင် တစ်သိန်းခွဲမှ လေးသိန်းဝန်းကျင်အထိ ဈေးများ ပေါက်နေကြောင်း သိရ
သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဒေါက်တာမောင်မောင် သိန်းက ''မြေဈေးတွေကြီးတာ တွေကိုထိန်း
ချုပ်ဖို့၊ ဒီလိုထိန်း ချုပ်တဲ့နေရာမှာလဲ တံဆိပ်ခေါင်း ခွန်တွေကို ကြပ်မတ်စွာဆောင် ရွက်ရမယ်''ဟု ပြော
သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေအ သင်းအတွင်းရေးမှူးဦးခင်မောင်အေး က ''မဆလခေတ်တုန်းကတောင် ကုန်စည်
ဈေးနှုန်းတွေကို တရားဝင် ထိန်းချုပ်ဖို့တွေတောင် မလုပ်နိုင် ခဲ့တာ အခုလိုမျိုး အိမ်ခြံမြေဈေး နှုန်းကို တရား
ဝင်ပုံသေသတ်မှတ် ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဒီလို ပုံသေဈေးသတ်မှတ်ဖို့က မဖြစ် နိုင်ဘူး။ နိုင်ငံတကာမြေ
ပေါက်ဈေး တွေနဲ့ သူတို့ဆီက နည်းပညာ တွေကိုလဲ လေ့လာမှအဆင်ပြေ မယ်''ဟု သုံးသပ်ပြောသည်။

သန်းနိုင်ဦး ၊ အောင်သူ (ဒေးဒရဲ)

No comments:

Post a Comment