Friday, August 9, 2013

8888 (၂၅) နှစ်ပြည့် ငွေရတုအခမ်းအနားတွင် ပြည်ခရိုင်မှ နိုင်ငံရေးသမားများ နိုင်ကျဉ်းများနှင့် အရပ်ဖက်အဖွဲ့စည်းပေါင်းစုံများ နှင့် ဟာသသရုပ်ဆောင်များကို ပြည်သတင်းမှ ယခုလို တွေဆုံမေးမြန်းခဲ့ပါတယ်
















သီး(၄)သီးအဖွဲ့ မှ ကိုပန်းသီး အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(8.8.2013)
***************************************************
ဒီအခမ်းအနားကို တက်ရောက်ရတဲ့ရည်ရွယ်ချက်ကတော့ မိသားစု မိတ်ဆွေတွေ ရဲဖော်ရဲဘက် မဟုတ်ပါဘူး မိသားစု မိတ်ဆွေ မိဘအဖေအမေ နီုင်ငံရေးသမားတွေနဲ့ တွေ့ဆုံရင်း ဒီအခမ်းအနားမှာ ပြသထားတဲ့ ကျွန်တော်တို့ မသိသေးတဲ့ မမြင်ဘူးသေးတဲ့
ဓါတ်ပုံပြခမ်းထဲ ကပုံရိပ်တွေ ဓါတ်ပုံတွေကိုပါ လာရောက်လေ့လာခြင်းဖြစ်ပါတယ်။ ကျွန်တော့တစ်သက်မှာ မေ့လို့မရတဲ့(88)ပါ အဲတုန်းက အဖြစ်အပျက်လေးတစ်ခု မှတ်မှတ်ရရ ရှိခဲ့ပါသေးတယ် အဲတုန်းက ကျွန်တော်က (10)နှစ်သားလောက်ပဲရှိပါသေးတယ်
ကျောင်းသားကလေးပါ ပန်တျာ ကျောင်းလည်းတက်နေချိန်ပေါ့ စစ်တပ်က စစ်သားတွေက ကျွန်တော့ရှေ့မှာတင်ပဲ ပြည်သူတေါကို ပစ်သတ်နေခဲ့တာတွေ အမျိုးမျိုးအစုံစုံပါပဲ အဲလိုတွေကို ကြည့်မိရင်း အဲအချိန်က အရမ်းကြောက်လွန်းလို့ ကျွန်တော် အနားမှာ
ရှိနေတဲ့ မြောင်းထဲမှာတောင်ခုန်ဆင်း ပုန်းနေခဲ့ရပါတယ် ။အဲဒါကတော့ အမှတ်တရတွေထဲက တစ်ခုပါ။ အဓိက ကတော့သမိုင်းကြောင်းတွေကို လူငယ်တွေသိနေသင့်ပါတယ် တချို့ပြည်သူတွေေ၇ာပေါ့ ဒီ 88 သမိုင်းတွေကို လူငယ်တွေနဲ ပြည်သူတွေသိထား
ကြည့်ထားတော့ အဲဒါတွေကို သင်ခန်းစာယူသင့်ပါတယ်လို့ပြောခြင်ပါတယ်။ ဒီပွဲကြီးကို ကျွန်တော်တို့ ကြိုတင်မသိခဲ့ပါဘူး ကြိုတင်သိခဲ့ရင်ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့ အနုပညာတွေနဲ့အားရပါးရ ကြိုးစားပြီး ဖျော်ဖြေတင်ဆက်ခြင်ပါတယ်။လက်ရှိလှုပ်ရှားနေတာ
ကတော့ ကျွန်တော်ကားတွေရိုက်နေပါတယ် ပြီးခဲ့တဲ့ တစ်ရက်လောက်ကပါ ကားနာမည်က (19း နာရီ 19းမိနစ် 19းစက္ကန့်)ဆိုတဲ့ဇာက်ကားပါ။ အဲကားပြီးရင်  မန်းလေးမှာ ကျွန်တော့ တစ်ကိုယ်တော် ရှိုးဒုတိယ ရှိုးကိုအောက်တိုဘာလထဲမှာ ကျင်းပဖို့ရှိပါတယ်
လို့ပြောကြားသွားခဲ့ပါသည်။  ပြည်သတင်း.....

ဟာသရုပ်ရှင်သရုပ်ဆောင် ကိုဗေလုဝ အား  ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(8.8.2013)
********************************************************
ဒီလို 88 ရဲ့ (၂၅) နှစ်ပြည့် ငွေရတု အမ်းအနား တစ်ခုဖြစ်လာမယ်လို့မျှော်လင့်မထားခဲ့မိပါဘူး 88 ကရပ်နေလို့မရပါဘူး ရှေ့သို့ဆက်လျှောက်ရမဲ့လမ်းတွေ အကွေ့အကောက်တွေ အရမ်းများနေခဲ့တယ်လေ ဘယ်အကွေ့မှာ ရပ်တန့်သွားမယ်ဆိုတာတော့
ကျွန်တော့အနေနဲ့ပြောလို့မရပါဘူး  88 မှာကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ မိတ်ဆွေသူငယ်ချင်းများ ကိုဝမ်းနည်းစွာနဲ့ ဒီပွဲကို လာရောက်ဂုဏ်ပြုခြင်းဖြစ်ပါတယ် ။ ကျောင်းသားတွေ နှင့် မိပြည်သူတွေ ဒီ 88 အလံဟောင်းတွေ အလံသစ်တွေကို မမေ့ကြပါ နှင့်
မေ့လို့လည်းမရပါဘူး။ သမိုင်းတွေများစွာထဲက သမိုင်းတစ်ခုပါ။ ကျွန်တော့ ကိုယ်ပိုင်အမြင်ကိုပြောရရင်တော့ 88 တုန်းကရော ဒီနေ့လိုအချိန်တွေမျိုးမှာ ဒီလိုဒုက္ခသုပ်ခ တွေကိုမမြင်ခြင်တော့ပါဘူး ငြိမ်းချမ်းစေလိုပါတယ်။ လူငယ်တွေအတွက် အမှတ်တရစကား
ပြောပေးပါဆိုရင်တော့ တစ်ခုပဲရှိပါတယ် ...88 အလံတွေဟာ ကျောင်းသား နဲ့ ပြည်သူတွေ ရဲ့အလံတစ်ခုပါပဲ ဘယ်အချိန်မှာရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်မလည်း သမိုင်းများစွာရှိပါတယ် အကွေ့အကောက်များစွာရှိတယ် ဘယ်အချိန် ဘယ်အကွေ့အကောက်
မှာ အောင်မြင်မှု့ပန်းတိုင်ကို ကိုရယူနိုင်မှာလည်း မျိုးဆက် 88 ကျောင်းသာတွေ နဲ့ လက်ရှိ ကျောင်းသားတွေ မိဘပြည်သူတွေ 88 ကိုမမေ့ပါနဲ့ (88 ဆိုတာ ခေတ်အဆက်ဆက်မကုန်နိုင်တဲ့ သမိုင်းစာမျက်နှာတွေပါလို့ပြောခြင်ပါတယ် ဟုတ်ကဲ့ပြည်သတင်း ညီလေး
ကိုလည်းကျေးဇူးတင်ပါတယ် ဂုဏ်ယူပါတယ်လို့ ကျေးဇူးတင်စကားလေးကိုပါ ထပ်မံရေးပေးပါလို့ ပြည်သတင်း သို့ပြောကြားသွားခဲ့ပါသည်။...ပြည်သတင်း...

နိုင်/ကျဉ်း ပြည်မြို့ မှ ကိုသန်းထိုက်အောင်(ခ)ဗရှီး အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)
****************************************************************
ဒီအခမ်းအနားကို တက်ရောက်ရတဲ့ရည်ရွယ်ချက်က 88 မှာကျွန်တော်တို့ သူငယ်ချင်း မိတ်ဆွေများအားလုံး နှင့် ကျွန်တော်က ထောင် (၂)ထောင်ပြောင်းရွေ့ခံခဲ့ရတော့ အဲထောင်ထဲမှာ အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေများ နှင့် အတူတူပြန်လည်
တွေ့ဆုံခြင်လို့ပါ။ နိုင်ငံရေးအကျိုးအမြတ် လုံးဝ စိတ်မ၀င်စားပါဘူး ရမယ်လိုလည်းတွက်မထားပါဘူး မျှော်လင့်မထားပါဘူး သေဖော်သေဖက် ရဲဘော်တွေနဲ့ပြန်လည်တွေ့ဆုံဖို့ပါပဲ။ ပြည်ခရိုင်အတွက်ကတော့ ကျွန်တော့အနေ နဲ့စာတမ်းတင်သွင်းထားခြင်းမရှိပါဘူး
ဒီပွဲက နိုင်ငံရေး အော် တဲ့ပွဲ ဖြစ်တဲ့အတွက် အော်ာတပဲ ရှိမယ်လေ အမြင်မတူတာတွေတော့ရှိကြမှာပါပဲလို့ ကြိုတွက်ထားပြီးသားပါ။ ဒီလိုပွဲမျိုးတွေကတော့ ရှိနေသင့်ပါတယ်။ ဖြစ်သင့်ပါတယ်လို့လည်း ယူစမိပါတယ်။ ကောင်းပါတယ် ဒီပွဲကနေတော့ နိုင်ငံရေးက ရှေ့သို့
ပြောင်းလည်းလာလိမ့်မယ်လို့တော့ ကျွန်တော့အနေနဲ့မထင်ပါဘူး တိုင်းပြည်ကကို ရှေ့သို့မှ ပြောင်းလည်းသွားတာမှမရှိတာပါ။ ကျွန်တော့အနေနဲ့ ဒီမှာလာပြီးအားဖြည့်ပေးတာပါ အခုလိုဒီမှာလာပြီးအားဖြည့်နေတဲ့အချိန်မှာတော့ ကျွန်တော်တို့ ပြည်ခရိုင် အားနည်း
သွားခဲ့ပါတယ် လုပ်မဲ့သူ လိုက်မယ့်သူတွေနဲ့ ဆိုတော့ မိမိသဘောဆန္ဒ အရပဲလုပ်ကြပါလို့ပြောခဲ့ပါတယ်။ သူတို့အပေါ်မှာပဲ မှုတည်နေတာဆိုတော့ ဘာမှဝင်ရောက်စွပ်ဖတ်ခြင်းမပြုလုပ်ခဲ့တော့ပါဘူး ပြည်ခရိုင်အနေနဲ့ အင်အား(40)ခန့် ဒီအခမ်းအနားကိုတက်ရောက်ခဲ့
ပါတယ် 5.8.2013 ရက်နေ့က ပြည်ကနေ သံလွင်ကားစီးလုံး စုပေါင်းပိုက်ဆံနဲ့ ငှားပြီးလာခဲ့ပါတယ် လူမျိုးပေါင်းစုံ ပါတီပေါင်းစုံ နဲ့ ကွန်ယက်ပေါင်းစုံပါခဲ့ပါတယ်။ ဒီ 88 ရဲ့(၂၅)နှစ်ပြည့် ငွေရတု အခမ်းအနားမှာ ဆိုဒ်(၆)ဆိုဒ်နဲ့ဆွေးနွေးကြပါတယ် အားလုံးကရည်ရွယ်
ချက်တစ်ခုတည်းထွက်နေကြပါတယ် (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ်ပြန်လည်ရေးဆွဲမလား သို့မဟုတ် ပြန်လည်ပြုပြင်ပေးမလား ဒီဥပဒေကိုပဲ ဦးတည်သွားနေခဲ့ကြပါတယ် ဆင့်ကဲဆင့်ကဲဖြစ်စဉ် နှင့် တော်လှန်ရေး ၀ုန်းကနဲ့သွားတဲ့ဖြစ်စဉ် ဒီနှစ်ခုပဲရှိပါတယ်
ကျွန်တော်တို့ကတော့ ဆင့်ကဲဆင့်ကဲဖြစ်စဉ်ပါပဲ ဖြည်းဖြည်းချင်းပဲသွားခြင်ပါတယ်။  သူတို့တွေပြောနေကြတဲ့ လမ်းပေါ်တက်ပြီး ဆန္ဒတွေပြတာဟာ ဆန္ဒပြတာမဟုတ်ဘူးသေးတဲ့ သူတို့တွေပြောနေကြတတာတွေရှိပါတယ် တိုးတက်ပြောင်းလည်းလာပါပြီးတဲ့ ဖုန်းတွေချ
ပေးတာ။အင်တာနက်တွေ။လမ်းတွေ။တံတားတွေ.စုံလို့ပါပဲ ပြုပြင်တယ် ဒါ့ကြောင့်ပြောင်းလည်းလာတယ်လို့ပြည်သူတွေနားကို အော်ပြောနေကြတာတွေဟာ တိုးတက်ပြောင်းလည်းလာတယ်လို့ ဘယ်လို့မှပြောလို့မရပါဘူး လူဦးရည်အချိုးအစား နှင့် တွက်ကြည့်လိုက်ရင်
အရှင်းကြီးပါဗျာ ဘာတစ်ခု တိုးတက်ပြောင်းလည်းလာတာမရှိခဲ့သေးပါဘူး။ ဘာတစ်ခုမှပြောင်းလည်းတိုးတက်လာတာ မရှိခဲ့သေးပါဘူး။လို့ ပြောကြားသွားခဲ့ပါသည်။..ပြည်သတင်း....

(N.L.D) ပြည်မြို့ မှ ဦးတိုးကြီး အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)
***************************************************
လက်ရှိဒီပွဲကြီးမှာဖော်ပြနေတဲ့88ရဲ့ ဗီဒီယိုတွေ 88ရဲ့ဓါတ်ပုံတွေ88ရဲ့ မှတ်တမ်းတွေကို လူငယ်တွေကပိုပြီးတော့ မမေ့သင့်ပါဘူး ဒီပွဲကြီးမှာကျေနပ်စရာတွေ အားရစရာတွေ အရမ်းတွေ့ရလို့ဝမ်းသာမိပါတယ် အနာဂါတ်မြန်မာနိုင်ငံအတွက် အရမ်းလေးစားဖို့ကောင်းတဲ့
88(၂၅)နှစ်ပြည့် ငွေရတု အခမ်းအနားကြီးပါပဲ မြန်မာတွင်မဟုတ်ပါဘူး ကမ္ဘာ့နိုင်ငံကြီးတွေမှ ဧည့်သည်သတင်းထောက်တွေလည်းအများကြီးပါ မှတ်တမ်းတွေတင်နေကြပါပြီ ကျွန်တော့အနေနဲ့ ပြည်ခရိုင်အတွက်စာတမ်းတင်ပြ ဖက်ကြားမဲ့အစီအစဉ်တော့ မရှိပါဘူး
အားလုံးတိုင်ပင်ပြီးတာဝန်တွေလွဲပြောင်းပေးအပ်ခဲ့ပြီးပါပြီ ဒီပွဲမှာ စာတမ်းတင်သူတွေ စာတမ်းဖတ်ရမဲ့ အချိန်က စာတမ်းတစ်စောင်ကို(၃)မိနစ်ပဲဖတ်ကြားဖို့အချိန်ရပါတယ် မလုံလောက်ပါဘူး အခုရေးဆွဲထားတဲ့ အချက်(၆)ချက်ထဲမှ မှု(၃)ချက်ကိုကောက်နူတ်တင်ပြ
ထားပါတယ် အဲထဲမှာ အဓိက ပါမှာကတော့ (2008)ဖွဲစည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲပေးမလား ပြန်လည်ပြုပြင်ပေးမလားဆိုတာတွေပါတယ် အဲဒါကတော့ အဓိက ဆွေးနွေးတိုင်ပင်နေကြပါတယ် အရမ်းကျေနပ်စရာကောင်းပါတယ်။လို့ ပြောကြားသွား
ခဲ့ပါသည်။ ပြည်သတင်း.......

လှု့ဘောင်သစ်ပြန်လည်စုစည်းရေးကော်မတီ ပြည်ခရိုင် မှ ဦးဝဏ္ဏ အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့ (7.8.2013)
**************************************************************************
နိုင်ငံရေးကိုကျွန်တော် 88 ထဲကစတင်လှုပ်ရှားခဲ့တာပါ ကျွန်တော်ကတော့ဒီပွဲကြီးကို သာမန်ရိုးရိုးအနေထားနဲ့တက်တာဆိုတော့ ဘာမှထွေထွေထူးထူးမရှိပါဘူး။ ပြည်ခရိုင်အတွက်ကြေငြာစာတမ်းကိုတော့တာဝန်တွေယူပြီးတဲ့သူတွေရှိပါတယ် အားလုံးပြည်ခရိုင်အတွက်
တာဝန်ကိုယ်စီခွဲယူထားပါတယ် ကျွန်တော်ကိုယ်တိုင် တင်ပြထားတာမရှိလို့ စာတမ်းဖက်ကြားဖို့တော့မရှိပါဘူး။ ဒီပွဲကိုလာရောက်လေ့လာတာပါ ဒီပွဲအမြင်ကိုပြောရရင်တော့ စည်းရုံးမှု့အားနည်းနေပါသေးတယ်လို့ပြောချင်ပါတယ်။ပြည်သူတွေ့ မမေ့သင့်ပါဘူး မသိခဲ့ကြလို့
လား သို့မဟုတ် အခမ်းအနားကျင်းပရေး ကော်မတီရဲ့ လိုအပ်ချက်လား ဘာပဲဖြစ်ဖြစ်ပါအားလုံးမမေ့သင့်ပါဘူး လူတိုင်း ဒီပွဲရဲ့ ရည်ရွယ်ချက်တွေကိုမသိရှိခဲ့ကြရသေးပါဘူး သက်ဆိုင်ရာလူတွေပဲသိနေကြမှာပါ။ ဒီကပြန်ရင်တော့ ပြည်ခရိုင်အတွင်းမှာ ဒီပွဲမှရလာတဲ့အသိ
ပညာ ရလဒ်တွေကို ဖြန့်ဝေပေးသွားဖို့တော့ရှိပါတယ်လို့ ပြောကြားသွားခဲ့ပါသည်။ပြည်သတင်း..................

နိုင်/ကျဉ်း..(N.L.D)  ပြည်မြို့မှ ဦးကျော်ဆန်း အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)
************************************************************
ဒီအခမ်းအနားကို ရည်ရွယ်ချက်(၂)ချက် နှင့်တက်ခဲ့ပါတယ် ၁။ထောင်ထဲ မှ ရဲဘော်ရဲဘက်သေဖော်သေဘက် မိတ်ဆွေသူငယ်ချင်းတွေ နှင့် တွေ့ဆုံလိုခြင်း ၂။8888 (၂၅)နှစ်ပြည့် ငွေရတုအခမ်းအနား မှာနိုင်ငံရေး နဲ့ အဖြေရှာမယ် ပြည်ခရိုင်အတွက် ကြေငြာစာတမ်း
တွေတင်ပြ ဖက်ကြားမယ် ဆိုတဲ့ရည်ရွယ်ချက်(၂)ခုနဲ့ တက်ရောက်ခဲ့တာပါ။ အုပ်စု(၄)ခုနဲ့ပဲ ဆွေးနွေးရမယ်ဆိုတော့  ကျွန်တော့အနေနဲ့ ထောင်ထဲမှာလည်း ဆွေးနွေးနေကြ တာတွေကိုပဲ ပြန်လည်ဆွေးနွေးရမှာပါ အဲဒါတွေကတော့ တိုင်းရင်းသားရေး။ပြည်တွင်းငြိမ်း
ချမ်းရေး နှင့် အနာဂါတ်မြန်မာနိုင်ငံ ပုံဖော်ရေး တွေပါပဲ။ဒီပွဲပြီးသွားခဲ့ရင်တော့ ပြည်ခရိုင်အတွင်းမှာ ကျွန်တော်တို့ ပြည်သူတွေကို ဒီပွဲရဲ့ ရလဒ် အဖြေ အသိပညာတွေကိုပါ ပြန်လည်ဆွေးနွေးသွားဖို့ရှိပါတယ်။ အစိုးရက အလုပ်မလုပ်ရင် ကျွန်တော်တို့ဘာလုပ်မယ်ဆိုတာပဲ
တွေးနေပါတယ် အဓိက ကတော့အားလုံးသော ကျောင်းသားပြည်သူ မိဘတွေက တွန်းအားပေးရမှာပဲဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ပြည်သတင်း......

ဘာသာရေးအဓိကရုဏ်းများ ကာကွယ်ဆန့်ကျင်းတားစီးရေးကွန်ယက်(ပြည်မြို့) မှ ဦးအေးလွင် အားပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)
*******************************************************************************************
ကျွန်တော် နိုင်ငံရေးကို (1988)ခုနှစ်ကတည်းက စတင်လှုပ်ရှားခဲ့တာပါ တကယ့်ကို နိုင်ငံရေးအရည်အသွေးရှိကြတဲ့ ဘ၀တွေစွန့်လွှတ် အသက်တွေစွန့်လွှတ်ခဲ့တဲ့သူတွေကို ၀မ်းနည်းစွာဂုဏ်ပြုရင်းတက်ရောက်ခဲ့ရခြင်းပါ။ ဘ၀တွေရော အသက်တွေပါ စွန့်လွှတ်ခဲ့ကြရ
တဲ့ နိုင်ငံရဲ့ သားကောင်းလို့ခေါ်ဆိုထိုက်ပါတယ်။ အဲဒိလိုလူမျိုးတွေနဲ့ ပြောဆိုဆွေးနွေးပြီး ပြည်ခရိုင်အတွက်ကြေငြာစာတမ်းတွေ တင်ပြဖက်ပြပေးနိုင်ခဲ့ပါတယ်။ကျွန်တော် ပြည်ခရိုင်အတွက်ကြေငြာစာတမ်းမှာ အဓိကဆွေးနွေး ဖတ်ကြားသွားမဲ့ ခေါင်းစဉ်ကတော့
မြန်မာ့နိုင်ငံရေး နှင့် ဒီမိုကရေစီ အင်အားစုအခန်းကဏ္ဍတွေကို ဆွေးနွေးတင် ဖက်ကြားသွားမှာပါ။ဒီလိုပွဲမျိုးဟာ အင်မတန်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒီမိုကရေစီအင်အားစုတွေပေါင်းစုပြီး ကျင်းပပြုလုပ်နေတဲ့အခမ်းအနားကြီးဆိုတော့ အားလုံးပါဝင်သင့်ပါတယ်။ ဒီလိုဒီမိုက
ရေစီ အင်အားစုတွေပေါင်းစည်းတဲ့ပွဲဆိုတော့အထူးခြားဆုံးပွဲတစ်ခုပါပဲ။ကျွန်တော့အနေနဲ့ကတော့ ဒီမိုကရေစီနိုင်ငံတော် ရဲ့ အရွေ့မှာ ကိုယ်လည်း အုပ်တစ်ချပ် သဲတစ်ပွင့် ပါဝင်သင့်တဲ့သူလို့ယူစမိလို့ အခုလိုပါဝင်ခဲ့တာပါဟုပြောကြားသွားခဲ့ပါသည်။ပြည်သတင်း.....

်(ပြည်မြို့) မှ ဦးအေးဇော် အားပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)
***********************************************
တော်တော့ကို အားရဖို့ကောင်းပါတယ် (၂)ရက်တာအချိန်မှာ အားလုံးက ကြိုတင်ပြင်စဉ်မှု့တွေ နဲ့ အားလုံးရဲ့ ရည်မှန်းချက် တွေကတစ်ခုတည်းဖြစ်နေကြတော့ (၂)ရက်တာအချိန်မှာ စာမျက်နှာ(၄၈)မျက်နှာကို ချူံ့ပြီးကြေငြာချတ်ထုပ်ပြန်နိုင်ခဲ့ပါတယ်။ 8888 ရဲ့
ငွေရတု ဆိုတော့ အားလုံးပါတီဝင်တွေ စိတ်ပါသူတွေ စိတ်ဝင်စားသူတွေ နှင့် ကျောင်းသား ကြီး/ငယ် တွေ ပြည်သူတွေ တက်ကြွလှုပ်ရှားစွာ ပါဝင်ခဲ့ကြတဲ့အတွက် အားရကျေနပ်မိပါတယ်...ပြည်ခရိုင်အတွက် ကြေငြာစာတမ်းတွေကို တာဝန်တွေခွဲပြီးသားဆိုတော့
တင်ပြဖက်ကြားဖို့အစီအစဉ်မရှိပါဘူး သို့ပေမဲ့ (2008)ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုတော့ ဆွေးနွေးသွားမှာပါ။ အသစ်ပြန်လည် ရေးဆွဲမလား (သို့) ပြန်လည်ပြုပြင်ပေးမလားဆိုတာပါပဲ။ ဒီ 8888 ရဲ့ (၂၅) နှစ်ပြည့်ငွေရတု အခမ်းအနားကိုအရမ်းအားရမိပါတယ် ဦးမြအေး
 နဲ့ ဦးပြုံးချို တို့လည်းတက်တက်ကြွကြွလှုပ်ရှားနေတာတွေလည်းတွေ့ရပါတယ်... ဗဟုသုတ နှင့် အသိပညာတွေ အရမ်းရှိပါတယ် လူငယ်တွေလည်း ဒီ 8888 ကိုဘယ်တော့မှ မမေ့သင့်ဘူးလို့ပြောချင်ပါတယ် ဟု ပြောကြားသွားခဲ့ပါတယ်။ ပြည်သတင်း.........

ဘာသာရေးအဓိကရုဏ်းများ ကာကွယ်ဆန့်ကျင်းတားစီးရေးကွန်ယက်(ပြည်မြို့) မှ ဦးကြည်အေး အားပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)
********************************************************************************************
နိုင်ငံရေးကို ကျွန်တော်တို့ကျောင်းသားဘ၀ကတည်းက စတင်လှုပ်ရှားခဲ့ပါတယ် 1966 ခုနှစ်က တရုတ်အရေးအခင်း...1970 ခုနှစ်က ကျွန်းဆွယ်အရေးအခင်း အဲချိန်မှာကတည်းကျောင်းသားတစ်ယောက်အနေ နဲ့ စတင်ပါဝင် လှုပ်ရှားခဲ့ပါတယ် နိုင်ငံရေးဆိုတာက
 ပါတီနိုင်ငံရေးမဟုတ်ပါဘူး အာဏာနိုင်ငံရေးလည်းမဟုတ်ပါဘူး ရိုးရိုး နိုင်ငံရေးပါပဲ ပြည်သူတစ်ယောက်အနေနဲ့ ပါဝင်သင့်တယ်ထင်လို့ပါဝင်လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးပါပဲ။ အဲဒါကြောင့် ပါတီ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး။ ကျွန်တော်တို့ နိုင်ငံရေးလှုပ်ရှားလာတာ နှစ်
ပေါင်း(၅၀)ကျော်ပါပြီ အားလုံးသော ကျောင်းသားလေတွေ ပြည်သူတွေကို မိမိနားလည်တာလေးတွေကို တင်ပြပြီးအမြဲတန်းဆွေးနွေးနေခဲ့ကြရပါတယ်။ အခုလည်း ကိုယ့်တူ ကိုယ့်သား ကိုယ့်ညီလေးတွေ ကိုယ့်မိတ်ဆွေတွေ အသက်တွေစွန့် ဆင်းရဲမွဲတေမှု့တွေ နှင့်
ကြုံတွေ့ခံခဲ့ကြတဲ့သူတွေကို ၀မ်းနည်းစွာ လာရောက်ဂုဏ်ပြုဖို့အတွက်ပါ။ စာတမ်းတင်ထားခဲ့ပါတယ် ဆွေးနွေးဖက်ကြားခြင်းများလည်း ပြုလုပ်ခဲ့ပြီးပါပြီ ကျွန်တော်ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့ (အပစ်အခတ်ရပ်ဆဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး)ဆိုတာတွေပါပဲ
အရမ်းကျေနပ်မိပါတယ် ကျွန်တော့ဘ၀ မှာအခုလိုဒီပွဲကြီးမှာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံတက်ရောက်တာ တစ်ခါမှမမြင်ဘူးခဲ့ပါဘူး။ ကျွန်တော့ဘ၀အတွက် မှတ်တမ်းနောက်တစ် ကိုဒီပွဲကပေးလိုက်တာပေါ့။ပြည်ခရိုင်အတွက်ကြေငြာ စာတမ်းတွေတင်ထားတော့
ပြည်ခရိုင်အတွင်းမျာ ထူးခြားမှု့တော့ရှိလာအုံးမှာပါ။ခေါင်းစဉ်(၆)ခုထဲမှာ အကြိုက်ဆုံးကတော့ ကျွန်တော် စာတမ်းတင်သွင်းထားတဲ့ စာတမ်းဖက်ပြမဲ့  (အပစ်အခတ်ရပ်ဆဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး) ဆိုတာပါပဲ။8888 ရဲ့ ညီကိုတွေနဲ့ဆုံဖြစ်ပါတယ် ပြည်ခရိုင်အတွက်
စကားတွေ အများကြီးပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံနေရာတိုင်းမှာ ယခုလို 8888 ရဲ့ အခမ်းအနားတွေ ပြုလုပ်နေချိန်မှာ ကျွန်တော်တို့ ပြည်ခရိုင်အတွင်းမှာလည်း တတ်နိုင်သလောက်တော့ ပြုလုပ်သင့်ပါတယ်လို့ပြောချင်ပါတယ် 8888 ကိုဘယ်သူမှ မမေ့
သင့်ပါဘူး သမိုင်းဖျောက်လို့မရတဲ့ 8888 ပါ....ဟုပြောကြားသွားခဲ့ပါသည်။....ပြည်သတင်း..........

No comments:

Post a Comment