Friday, August 9, 2013

ဟာသရုပ်ရှင်သရုပ်ဆောင် ကိုဗေလုဝ အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(8.8.2013)

8888 (၂၅) နှစ်ပြည့် ငွေရတုအခမ်းအနားတွင် ပြည်ခရိုင်မှ နိုင်ငံရေးသမားများ နိုင်ကျဉ်းများနှင့် အဖွဲ့စည်းပေါင်းစုံများ နှင့် ဟာသသရုပ်ဆောင်များကို ပြည်သတင်းမှ ယခုလို တွေဆုံမေးမြန်းခဲ့ပါတယ်...
************************************************
ဟာသရုပ်ရှင်သရုပ်ဆောင် ကိုဗေလုဝ အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(8.8.2013)
************************************************
ဒီလို 88 ရဲ့ (၂၅) နှစ်ပြည့် ငွေရတု အမ်းအနား တစ်ခုဖြစ်လာမယ်လို့မျှော်လင့်မထားခဲ့မိပါဘူး 88 ကရပ်နေလို့မရပါဘူး ရှေ့သို့ဆက်လျှောက်ရမဲ့လမ်းတွေ အကွေ့အကောက်တွေ အရမ်းများနေခဲ့တယ်လေ ဘယ်အကွေ့မှာ ရပ်တန့်သွားမယ်ဆိုတာတော့
ကျွန်တော့အနေနဲ့ပြောလို့မရပါဘူး 88 မှာကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ မိတ်ဆွေသူငယ်ချင်းများ ကိုဝမ်းနည်းစွာနဲ့ ဒီပွဲကို လာရောက်ဂုဏ်ပြုခြင်းဖြစ်ပါတယ် ။ ကျောင်းသားတွေ နှင့် မိပြည်သူတွေ ဒီ 88 အလံဟောင်းတွေ အလံသစ်တွေကို မမေ့ကြပါ နှင့်
မေ့လို့လည်းမရပါဘူး။ သမိုင်းတွေများစွာထဲက သမိုင်းတစ်ခုပါ။ ကျွန်တော့ ကိုယ်ပိုင်အမြင်ကိုပြောရရင်တော့ 88 တုန်းကရော ဒီနေ့လိုအချိန်တွေမျိုးမှာ ဒီလိုဒုက္ခသုပ်ခ တွေကိုမမြင်ခြင်တော့ပါဘူး ငြိမ်းချမ်းစေလိုပါတယ်။ လူငယ်တွေအတွက် အမှတ်တရစကား
ပြောပေးပါဆိုရင်တော့ တစ်ခုပဲရှိပါတယ် ...88 အလံတွေဟာ ကျောင်းသား နဲ့ ပြည်သူတွေ ရဲ့အလံတစ်ခုပါပဲ ဘယ်အချိန်မှာရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်မလည်း သမိုင်းများစွာရှိပါတယ် အကွေ့အကောက်များစွာရှိတယ် ဘယ်အချိန် ဘယ်အကွေ့အကောက်
မှာ အောင်မြင်မှု့ပန်းတိုင်ကို ကိုရယူနိုင်မှာလည်း မျိုးဆက် 88 ကျောင်းသာတွေ နဲ့ လက်ရှိ ကျောင်းသားတွေ မိဘပြည်သူတွေ 88 ကိုမမေ့ပါနဲ့ (88 ဆိုတာ ခေတ်အဆက်ဆက်မကုန်နိုင်တဲ့ သမိုင်းစာမျက်နှာတွေပါလို့ပြောခြင်ပါတယ် ဟုတ်ကဲ့ပြည်သတင်း ညီလေး
ကိုလည်းကျေးဇူးတင်ပါတယ် ဂုဏ်ယူပါတယ်လို့ ကျေးဇူးတင်စကားလေးကိုပါ ထပ်မံရေးပေးပါလို့ ပြည်သတင်း သို့ပြောကြားသွားခဲ့ပါသည်။...ပြည်သတင်း...

No comments:

Post a Comment