8888
(၂၅) နှစ်ပြည့် ငွေရတုအခမ်းအနားတွင် ပြည်ခရိုင်မှ နိုင်ငံရေးသမားများ
နိုင်ကျဉ်းများနှင့် အဖွဲ့စည်းပေါင်းစုံများ နှင့် ဟာသသရုပ်ဆောင်များကို
ပြည်သတင်းမှ ယခုလို တွေဆုံမေးမြန်းခဲ့ပါတယ်...
*****************************************************
ဘာသာရေးအဓိကရုဏ်းများ ကာကွယ်ဆန့်ကျင်းတားစီးရေးကွန်ယက်(ပြည်မြို့) မှ ဦးကြည်အေး အားပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)
********************************************************************************************
နိုင်ငံရေးကို ကျွန်တော်တို့ကျောင်းသားဘ၀ကတည်းက စတင်လှုပ်ရှားခဲ့ပါတယ် 1966 ခုနှစ်က တရုတ်အရေးအခင်း...1970 ခုနှစ်က ကျွန်းဆွယ်အရေးအခင်း အဲချိန်မှာကတည်းကျောင်းသားတစ်ယောက်အနေ နဲ့ စတင်ပါဝင် လှုပ်ရှားခဲ့ပါတယ် နိုင်ငံရေးဆိုတာက
ပါတီနိုင်ငံရေးမဟုတ်ပါဘူး အာဏာနိုင်ငံရေးလည်းမဟုတ်ပါဘူး ရိုးရိုး နိုင်ငံရေးပါပဲ ပြည်သူတစ်ယောက်အနေနဲ့ ပါဝင်သင့်တယ်ထင်လို့ပါဝင်လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးပါပဲ။ အဲဒါကြောင့် ပါတီ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး။ ကျွန်တော်တို့ နိုင်ငံရေးလှုပ်ရှားလာတာ နှစ်
ပေါင်း(၅၀)ကျော်ပါပြီ အားလုံးသော ကျောင်းသားလေတွေ ပြည်သူတွေကို မိမိနားလည်တာလေးတွေကို တင်ပြပြီးအမြဲတန်းဆွေးနွေးနေခဲ့ကြရပါတယ်။ အခုလည်း ကိုယ့်တူ ကိုယ့်သား ကိုယ့်ညီလေးတွေ ကိုယ့်မိတ်ဆွေတွေ အသက်တွေစွန့် ဆင်းရဲမွဲတေမှု့တွေ နှင့်
ကြုံတွေ့ခံခဲ့ကြတဲ့သူတွေကို ၀မ်းနည်းစွာ လာရောက်ဂုဏ်ပြုဖို့အတွက်ပါ။ စာတမ်းတင်ထားခဲ့ပါတယ် ဆွေးနွေးဖက်ကြားခြင်းများလည်း ပြုလုပ်ခဲ့ပြီးပါပြီ ကျွန်တော်ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့ (အပစ်အခတ်ရပ်ဆဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး)ဆိုတာတွေပါပဲ
အရမ်းကျေနပ်မိပါတယ် ကျွန်တော့ဘ၀ မှာအခုလိုဒီပွဲကြီးမှာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံတက်ရောက်တာ တစ်ခါမှမမြင်ဘူးခဲ့ပါဘူး။ ကျွန်တော့ဘ၀အတွက် မှတ်တမ်းနောက်တစ် ကိုဒီပွဲကပေးလိုက်တာပေါ့။ပြည်ခရိုင်အတွက်ကြေငြာ စာတမ်းတွေတင်ထားတော့
ပြည်ခရိုင်အတွင်းမျာ ထူးခြားမှု့တော့ရှိလာအုံးမှာပါ။ခေါင်းစဉ်(၆)ခုထဲမှာ အကြိုက်ဆုံးကတော့ ကျွန်တော် စာတမ်းတင်သွင်းထားတဲ့ စာတမ်းဖက်ပြမဲ့ (အပစ်အခတ်ရပ်ဆဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး) ဆိုတာပါပဲ။8888 ရဲ့ ညီကိုတွေနဲ့ဆုံဖြစ်ပါတယ် ပြည်ခရိုင်အတွက်
စကားတွေ အများကြီးပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံနေရာတိုင်းမှာ ယခုလို 8888 ရဲ့ အခမ်းအနားတွေ ပြုလုပ်နေချိန်မှာ ကျွန်တော်တို့ ပြည်ခရိုင်အတွင်းမှာလည်း တတ်နိုင်သလောက်တော့ ပြုလုပ်သင့်ပါတယ်လို့ပြောချင်ပါတယ် 8888 ကိုဘယ်သူမှ မမေ့
သင့်ပါဘူး သမိုင်းဖျောက်လို့မရတဲ့ 8888 ပါ....ဟုပြောကြားသွားခဲ့ပါသည်။....ပြည်သတင်း..........

No comments:
Post a Comment