Thursday, August 1, 2013

ဟိန္ဒူကျောင်းဝန်းအတွင်း ရေ၀ပ်မှူ့အား မြောင်းတူးဖော်ရန် ငွေ(70000/) ကျပ်ငွေ ခုနှစ်သောင်းတိတိ )... ပေးရမည်ဟုသတင်းမှာ မမှန်ကန်ကြောင်း နှင့် စက်သုံးဆီ (၁၂)ဂါလံခန့်မှန်းပြောဆိုခြင်းသာဖြစ်ကြောင်း



ယခုဖော်ပြပါ သတင်းအရ 31.7.2013 မှာ သတင်းပေးသူ ဦးကျော်မောင် မှ (စည်ပင်ကလူကြီးတွေလာကြည့်တယ်ပြီးတော့ ရေမြောင်းတွေပြန်ဖောက်ပေးမယ်လို့ပြောပါတယ် သို့ပေမဲ့ သူတို့ကို ဆီဖိုးငွေ(70000) ခုနှစ်သောင်းကျပ် ပေးရမယ်လို့ စည်ပင်မှ(SAE)ဦးဇော်မင်းဦးမှ ပြောခဲ့ပါတယ်ဆိုသောသတင်းပေးစကား နှင့်ပတ်သတ်ပြီး ပြည်မြို့နယ်စည်ပင် သာယာရေး အဖွဲ့ မှ(1.8.2013)ရက်နေ့ အစည်းဝေး ပြုလုပ်ပြီး ကြေငြာချက်စာကိုပြန်လည်ဖော်ပြထားပါသည်.....အဆိုပါကြေငြာချက်တွင်....(27.7.2013) အင်တာနက်သတင်းအရ ပြည်မြို့နယ်စည်ပင်မှ ဦးဇော်မင်းဦး မှာ ချင်းစု ဟိန္ဒူကျောင်းဝန်းအတွင်း ရေ၀ပ်မှူ့အား မြောင်းတူးဖော်ရန် ငွေ(70000/) ကျပ်ငွေ ခုနှစ်သောင်းတိတိ )... ပေးရမည်ဟုသတင်းမှာ မမှန်ကန်ကြောင်း နှင့် စက်သုံးဆီ (၁၂)ဂါလံခန့်မှန်းပြောဆိုခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်မှာ မှန်ကန်ကြောင်း ထိုကဲ့သို့ သတင်းပေးပို့သူ ဦးကျော်မောင်(ပါ)..(၄) ဦးအား လက်မှတ်ရေးထိုးခဲ့ရပါသည်။အဆိုပါလက်မှတ်ရေးထိုးရာတွင် အောက်ပုံတွင်ဖော်ပြပါ အသိသက်သေများရှေ့ မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ဟုသတင်းရရှိခဲ့ပါသည်။

(မှတ်ချက်) စည်ပင်မှ လူကြီးများသိစေရန်
**************************
၎င်းဖြစ်စဉ်မှာ သတင်းရေးသားသူ မှန်ကန်ပြီး သတင်းပေးပို့သူတို့၏ နူတ်မှထွက်ဆိုသောစကားများကို သာတစ်လုံးမကျန်တင်ပြထားပေးခြင်းဖြစ်ပါသည်။ အသံများလည်းဖမ်းထားပါသည်။ သတင်းမှန်ကန်မှူ့မရှိဘူးလို့သုံးနူန်းသော စကားမှာ သတင်းသွားရောက်ယူသူ၏ ဂုဏ်သိက္ခာ ကိုထိပါးရာကျပါသည်။သို့ပါသောကြောင့် တင်ပြထားပါသော သတင်းများထဲမှ... ( စည်ပင်ကလူကြီးတွေလာကြည့်တယ် ပြီးတော့ ရေမြောင်းတွေပြန်ဖောက်ပေးမယ်လို့ပြောပါတယ် သို့ပေမဲ့ သူတို့ကို ဆီဖိုးငွေ(70000) ခုနှစ်သောင်းကျပ် ပေးရမယ်လို့ စည်ပင်မှ (SAE)ဦးဇော်မင်းဦး မှ ပြောခဲ့ပါတယ် )...ဆိုခြင်းသာ မှားသည် မှန်သည်ကို စည်ပင် နှင့် သတင်းပေးပို့သူများသာ သိရှိနိုင်လိမ့်မည်။ဟုပြန်လည်ဖော်ပြထားခဲ့ပါသည်။ ပြည်သတင်း....

No comments:

Post a Comment