ပန်းတနော်မြို့နယ်
အကယ်ချောင်းကျေးရွာ လယ်သမား သမဂ္ဂ ဌာနချုပ်တွင်
သွားရောက်ဖွင့်လှစ်ပေးထားသော မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၏
နယ်လှည့်အခမဲ့ ကွန်ပျူတာနှင့် အင်တာနက် အသုံးပြုနည်း သင်တန်း အမှတ်စဉ် ၂၇
ကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
ထိုသင်တန်းသို့ ဧရာဝတီတိုင်း ဒေသ အနှံ့မှ တောင်သူ လယ်သမားတို့ သားသမီး ၁၁ ဦး တက်ရောက်ခဲ့ပြီး၊ ကွန်ပျူတာ အခြေခံ တတ်ကျွမ်းမှု အပြင်၊ ဖြုတ်ဆင် ပြင် တပ်၊ ၀င်းဒိုး အင်စတော်လေးရှင်း၊ A+ အဆင့်ထိကိုပါ ဗော်လံတီယာ ဆရာ ကိုဝင်းဟံသာ နှင့် အဖွဲ့က စနစ်တကျ သင်ကြားပေးခဲ့သည်။
ရှေ့လာမည့် စက်တင်ဘာလ ၂ ရက်နေ့တွင် အမှတ်စဉ် ၂၈ ကို ဆက်လက်ဖွင့်လှစ်မည်ဖြစ်ပြီး လျှပ်စစ်မီး မရှိသော ဒေသတွင် ဖွင့်လှစ်ရသော သင်တန်းဖြစ်သည့် အတွက် ဒီဇယ် စက်သုံးဆီဖိုးက တနင့်တပိုး အမြဲ ကုန်ကျနေခဲ့ပါသည်။ ၄င်းကို ချွေတာနိုင်ရန် အတွက် ဆိုလာဆဲလ်ဖြင့် စွမ်းအင် လုံလောက်အောင် အသုံးပြုနိုင်ရန် ၁၅၀ ၀ပ် ဖမ်းယူအား ရှိသော ဆိုလာ ဆဲလ် လေးချပ် အနည်းဆုံး လိုအပ်မည်ဖြစ်ပါသည်။
ထို ဆိုလာဆဲလ် လိုအပ်ချက်ကို ဖြည့်စွမ်းရန် နှင့် နေရောင်ခြည် စွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန် အတွက် လက်ရှိ မိမိ စီးနင်း အသုံးပြုနေသော အများပြည်သူလူထုက မိမိ ကျမ်းမာရေး ဆေးကုသရန် လှူဒါန်းပေးခဲ့သော စရိတ်ငွေ ဖြင့် ၀ယ်ယူ
ထားသည့် ကားငယ်အား ပြန်လည် ရောင်းချပြီး ဆိုလာဆဲလ် ၊ အင်ဗာတာနှင့် ဘက်ထရီများကို ၀ယ်ယူ တပ်ဆင်မည်ဖြစ်ပါသည်။
ကား အကောင်း အစား အမျိုးအစား ညံ့သော ဂျစ်ကား သို့မဟုတ် ဈေးပေါသော ကား တစီးစီး သို့ လျော့ချ ပြောင်းလဲ အသုံးပြုမည်ဖြစ်ပါကြောင်း မိမိအား ထိုင်းနိုင်ငံတွင် ခန ရောက်ရှိစဉ် ကျမ်းမာရေး အတွက် ဆေးကုသရေး ကျပ် သိန်း ၈၀ ကျော်အား တပတ် အတွင်း ၀ိုင်းဝန်းလှူဒါန်းပေးခဲ့သည့် ချစ်မိတ်ဆွေ သူငယ်ချင်း အပေါင်းအား လေးစားစွာဖြင့် ခွင့်တောင်းလိုက်ရပါသည်။။(ဗိုလ်ကြီးဟောင်း) ကိုနေမျိုးဇင်ဆီမှ ကူးယူဖော်ပြသည်။

No comments:
Post a Comment