Friday, August 23, 2013

၉ဝ ရွေးကောက်ပွဲဝင်ပါတီများရဲ့၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွေ ကျင်းပမည် 2013-08-22


၉ဝ ရွေးကောက်ပွဲဝင်ပါတီများရဲ့၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွေ ကျင်းပမည်
2013-08-22

၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတချို့က ပါတီတည်ထောင်တဲ့ ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားတွေကို လာမယ့်စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ သက်ဆိုင်ရာပါတီအလိုက် ကျင်းပသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ ငွေရတုအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

“NLD ဖြတ်သန်းခဲ့ရတဲ့ ၂၅ နှစ်တာကာလ အခက်အခဲ ကျော်ဖြတ်ခဲ့ရတဲ့ အခြေအနေကို မီးမောင်းထိုးပြတဲ့ ကြေညာချက်လိုဟာမျိုး ဒါလေးတွေတော့ စိတ်ကူးပြီးတော့ပြုစုနေကြတာ”

ဒါ့အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ကလည်း ငွေရတုအခမ်းအနားကို လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပဖို့ စီစဉ်နေတယ်လို့ ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကတော့ ငွေရတုအခမ်းအနား ကျင်းပဖို့အတွက် ဆွေးနွေးနေဆဲလို့ ပြောပါတယ်။

RFA

No comments:

Post a Comment