Friday, July 5, 2013

iPhone 5S နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Appleရဲ့ iPhone 5Sကတော့ နောက်ဆုံး ထုတ်လုပ်မှု အဆင့်ကို ရောက်နေပြီလို့ ထင်ရပါတယ်။ အကြောင်းကတော့ စက်တင်ဘာလကုန်ပိုင်းလောက် ထွက်ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်တွေတောင် ထွက်နေတာကြောင့် ဖြစ်ပါတယ်။ ဒီတော့ သင့်မှာပါ iPhone 5Sထွက်လာရင် ၀ယ်သုံးမယ်လို့ စိတ်ကူးထားတာ ရှိရင်တော့ သင်သိထားဖို့လိုအပ်မယ် ထင်တဲ့ အချက်တွေကို ကျွန်တော်က ပြောပြပါရစေ။ (၁) သူ့ကို iPhone 5Sလို့ ခေါ်ပါလိမ့်မယ်၊ iPhone 5နဲ့ အပြင်ဘက် ပုံစံချင်း ချွတ်စွပ်တူပါလိမ့်မယ် (၂) ဒါပေမယ့် အတွင်းဘက်ကတော့ ကွဲလွဲမှုတွေ ရှိမှာပါ (၃) အတွင်းပိုင်း ဖွဲ့စည်းမှုတွေကို အပိုင်းတွေ ခွဲပြီး တပ်ဆင်ထားပါလိမ့်မယ် (၄) Processorကတော့ Appleရဲ့ မျိုးဆက်သစ် A7ဖြစ်မှာပါ (၅) ယခင်က iPhoneတွေထက် သိသာ ကောင်းမွန်တဲ့ Battery Lifeရှိပါလိမ့်မယ် (၆) ပိုမို ကောင်းမွန်ပြီး Featureစုံလင်တဲ့ ကင်မရာ ပါရှိပါလိမ့်မယ် (၇) Flashအပိုင်းမှာ LEDနှစ်လုံး ထည့်ထားတယ် ထင်ရလောက်အောင် ကောင်းမွန်ပါလိမ့်မယ်၊ ဒါကြောင့် ဓါတ်ပုံရိုက်စဉ် မျက်လုံးနီခြင်းတွေ မဖြစ်စေနိုင်တော့ပါဘူး (၈) Fingerprinting Scanningစနစ်သစ် ပါဝင်လာပါလိမ့်မယ် (ရာနှုန်းပြည့်တော့ မကောင်းမွန်နိုင်သေး) (၉) အချို့ကတော့ သြဂုတ်လထဲတောင်မှ ဈေးကွက်ဝင်နိုင်တယ်လို့ ဆိုနေပေမယ့် စက်တင်ဘာလထဲသာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် iPadsအသစ်လည်း ရှေ့နှစ် ဧပြီလအတွင်း ဈေးကွက်ဝင်နိုင်ပါတယ်။

http://www.myanmarict.com/news/should-you-know-about-iphone-5s/



No comments:

Post a Comment