Tuesday, July 2, 2013

(၅၀၀၀)တန် GSM ငွေဖြည့်ကဒ်တွေဝယ်ရင် သတိထားကြပါ

ငွေဖြည့်ကဒ် GSM (၅၀၀၀)တန်ကဒ် ၀ယ်မိသူ ဦးကျော်ဆန်း ပြည်မြို့ ဆံတော်နယ်မြေ ဘုရားနီလမ်း...မှပြောပြချက်...

ကျွန်တော်ဒီနေ့မနက်(၁၀)နာရီခန့်လောက်က ကျွန်တော့တပည့်တစ်ယောက်ကို ငွေဖြည့်ကဒ် (၅၀၀၀)တန် GSM ၀ယ်ခိုင်ရာမှ စခဲ့တာပါ လမ်းရှည်လမ်းက ဆိုင်တစ်ဆိုင်မှာပါ နာမည်တော့မပြောချင်လို့ပါ ဆိုင်ရှင်နဲ့တော့မဆိုင်ပါဘူး ထုပ်လုပ်တဲ့ သူတွေနဲ့ပဲဆိုင်ပါတယ်...ကျွန်တော့တပည့်ပြန်လာတော့ ကဒ်ကိုအရင်အတိုင်းပါပဲသာသာ ပဲခြစ်လိုက်ပါတယ်
ခဲပေါ်ကို ခဲပျတ်သွားပေမဲ့ အထဲမှာဘာ ဂဏန်းမှ ပါမလာပါဘူး ဗလာကြီးဖြစ်နေပါတယ် ကျွန်တော်က ခဲပေါ်ကို ထပ်ပြီးခြစ် ဘာမှထူးမလာပါဘူး ဒါနဲ့အနားမှာရှိတဲ့ ဦးမြင့်သိန်း ရွာဘဲမှာနေပါတယ် သူကလည်းဝင်ခြစ်ကြည့်တယ်ဘာမှမထူးပါဘူး နောက်တစ်ယောက်က ဦးခင်ဦးပါ ကမ်းနား ခရိုင်တရားရုံးအနီးမှာနေပါတယ် သူလည်းခြစ်ကြည့်ပါတယ်ဘာမှမထူးပါဘူး နောက်တော့ဒီကဒ်ကို ခဲများထူနေလို့လားဆိုပြီး ဆိုင်ကယ်သော့နဲ့အနည်းငယ်ခြစ်လိုက်ပါတယ် နည်းနည်းတော့ကဒ်က ပဲ့သွားခဲ့ပါတယ်ဘာမှမထူးပါဘူး အဲနောက်ဆိုင်ကိုသွားပြီး ကဒ်ကိုပြတော့ဆိုင်ရှင်ကလည်း ဒီကဒ်ကိုပြန်လည်းပေးဖို့တာဝန်မယူနိုင်ခဲ့ပါဘူး သူတို့ဝယ်တုန်းကလည်း စည်းကမ်းချတ်တွေရှိပါတယ်တဲ့ ခဲခြစ်ပြီးသားကဒ်တွေကို ပြန်မလည်းပေးပါဘူးတဲ့ ဆိုင်ရှင်နဲ့တော့မဆိုင်ပါဘူး ထုပ်လုပ်သူတွေမှာသာတာဝန်ရှိပါတယ် ဒီလိုကဒ်တွေအပြင်မှာ ဘယ်လောက်တောင်များနေပြီးလည်းလို့ အခုအချိန်မှာတော့ (အတု)လို့ပြောမရသေးပါဘူး ကျွမ်းကျင်ပညာရှင်တွေနဲ့စစ်ဆေးကြည့်မှသိနိုင်မှာပါ ဒီ ငွေဖြည့်ကဒ် (၅၀၀၀)တန် GSM တွေမှာ တာဝန်ယူမှု့တွေမရှိပါဘူး။






 ပြည်သူတွေလည်း ဒီလို ငွေဖြည့်ကဒ် (၅၀၀၀)တန် GSM တွေကို သတိနဲ့ဝယ်သင့်ပါတယ် အမှတ်(၁) ရဲစခန်း မှာလည်း အသိသက်သေတွေ ရှေ့မှာရော စခန်းမှုးရှေ့မှာရော သတင်းထောက်တွေရှေ့မှာရော ဒီလိုတစ်ပုံစံတည်း ငွေဖြည့်ကဒ် (၅၀၀၀)တန် GSM တွေထဲက တစ်ကဒ်ကို ထုပ်ယူပြီး ခဲခြစ်ကြည့်တော့ နံပါတ်တွေပါနေပါတယ် ဒါဆိုရင် ထုပ်လုပ်မှု့အချိန်တုန်းထဲက ကျွန်တော့ကဒ်က မပါတာလား သို့မဟုတ်ပါလျှင် အတုတွေများထုပ်နေကြပါသလား ကဲချစ်မိဘတို့ ကျွန်တော်တင်ပြခဲ့တဲ့ဒီသတင်းကိုတော့ သတိထားပေးစေလိုပါတယ် ဘာကြောင့်လည်း ငွေဖြည့်ကဒ် (၅၀၀၀)တန် GSM တန် တစ်ကဒ်ကြုံခဲ့ရင်(၅၀၀၀) ဆယ်ကဒ်ဆိုလျှင်(၅၀၀၀၀)လေ အဲဒါကြောင့် ငွေဖြည့်ကဒ် (၅၀၀၀)တန် GSM ၀ယ်ရင်သတိမလွတ်ပါစေနဲ့လို့ တင်ပြလိုက်ရပါတယ်..(ပြည်သတင်းလူငယ်..)


No comments:

Post a Comment