ရန်ကုန် ဇူလိုင် ၂၇
ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍတွင် အကန့်အသတ်ဖြင့် ချထားပေးခဲ့သည့် ၈ ဂဏန်းနှင့် ၅ ဂဏန်းဖြင့် စသော GSM ဆင်းကတ်များမှာ ငွေကျပ် လေးသိန်းခန့်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ် ဖြစ်နေကြောင်းသိရ သည်။
'' 54 နဲ့စတဲ့ ဆင်းကတ်က ငွေကျပ်
လေးသိန်းပါ။ 86 နဲ့စတဲ့ GSM က ငွေကျပ် နှစ်သိန်းခုနစ်သောင်းဈေး ရှိပါတယ်''
ဟု ဆင်းကတ်နှင့် မိုဘိုင်းလ်ဖုန်း ရောင်းချသော ဆိုင်များမှ စုံစမ်းသိရသည်။
ဆက်သွယ်ရေး ကဏ္ဍကို နိုင်ငံတကာ လုပ်ငန်းရှင်များအား လုပ်ကိုင် ခွင့် ပြုတော့
မည် ဖြစ်သော်လည်း ယခင်ကငွေကျပ် ၁၅ သိန်း ငါးသောင်းဖြင့် ချထားပေးသော GSM
များမှာ ဈေးနှုန်းကျဆင်းသွားခြင်း မရှိဘဲ ငွေကျပ်လေးသိန်း ဝန်းကျင်ဖြင့်
ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။
မြန်မာ့ ဆက်သွယ်ရေး ဝန်ဆောင်မှု
လုပ်ငန်းအနေဖြင့် ဆင်းကတ်များကို ငွေကျပ် ၁၅ သိန်းမှ ငွေကျပ် ငါးသိန်း၊
ငွေကျပ် ၂ သိန်းနှင့် ရောင်းချပြီး နယ်မြို့များနှင့် ရန်ကုန်
ဆင်းကတ်အရောင်းဆိုင်ကြီး များတွင် တန်ဖိုးနည်းဖုန်း မထွက်ခင်က ငွေကျပ် ၂
သိန်းတန် ဆင်းကတ်များကို အရစ်ကျ ရောင်းချ ပေးမှုများ ပြုလုပ်ခဲ့သည်။
ယခုအချိန်တွင် တန်ဖိုးနည်း
ဆင်းကတ် CDMA များကို ငွေကျပ် ၁၅ဝဝ ဖြင့်
ရောင်းချနေပြီး တန်ဖိုးနည်းGSM ဖုန်းကတ်များကိုလည်း မကြာမီ ရောင်းချ
ပေးတော့မည် ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေး ကဏ္ဍကို အဆင့်မြှင့်တင်ရန်
သြဂုတ် ၁ ရက်မှစ၍ ငွေကျပ် တစ်သောင်းကို မိမိဖုန်းတွင် ဖြည့်ထားပြီး ၁၃၃
ဂဏန်းကို နှိပ်လိုက်ရုံဖြင့် အင်တာနက် ချိတ်ဆက် နိုင်မည်ဖြစ်ကြောင်း
မြန်မာ့ ဆက်သွယ်ရေးမှ ကြေညာချက် ထုတ်ပြန်ထားသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို
နိုင်ငံတကာ ကုမ္ပဏီ များသို့ လိုင်စင် ချထားပေးပြီးပါက ရှစ်လအတွင်း ငွေကျပ်
၁၅ဝဝ ဈေးနှုန်းခန့်ဖြင့် GSM ဆင်းကတ်များ ရောင်းချပေးမည် ဖြစ်သည့်အပြင်
ဆင်းကတ်များ အားလုံးသည် အင်တာနက် ချိတ်ဆက်ပြီးသော ဆင်းကတ်များ ဖြစ်မည်ဟု
သိရသည်။
နိုင်ငံတကာ ကုမ္ပဏီများ အနေဖြင့် ဈေးကွက်
ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် ဖုန်းခေါ်ဆိုခကိုလည်း တစ်မိနစ်လျှင်
ငွေကျပ်၂၅ ကျပ်နှုန်းအောက်ဖြင့် ဖြတ်တောက် သွားမည် ဖြစ်ကြောင်း သိရသည်။
လုပ်ငန်း လိုင်စင် ရရှိပါက Telenor ကုမ္ပဏီ
အနေဖြင့် ဆင်းကတ် ဝယ်ယူနိုင်သော နေရာပေါင်း ခုနစ်သောင်းခန့်နှင့်
ငွေဖြည့်ကတ် ဝယ်ယူနိုင်သော နေရာပေါင်း ကိုးသောင်းခန့်ကို ထားရှိမည်ဖြစ်ပြီး
2G နှင့်3G စနစ်များကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment