Thursday, July 4, 2013

Facebook Commentတွေကြောင့် နှစ်အနည်းငယ်အတွင်း လူငယ်များ ထောင်ကျနိုင်

မကြာသေးခင်ကမှ အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်က ဆယ်ကျော်သက် တစ်ယောက်ဟာ Facebookမှာ သူငယ်တန်း ကလေးတစ်ယောက်ကို သေနတ်နဲ့ ပစ်မယ့်အကြောင်း Commentတွေ ပေးမိတာကြောင့် ထောင်ဒဏ် ၈နှစ် ပေးခံလိုက်ရပါတယ်။ အဆိုပါ ဆယ်ကျော်သက်ရဲ့ နာမည်ကတော့ Justin Carterဖြစ်ပြီး အသက် ၁၉နှစ်သာ ရှိသေးကာ သူကတော့ ဒါဟာ ရယ်စရာတစ်ခုကို ဖန်တီးရင်းက အထင်မှားပြီး အပြစ်ပေး ခံရတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ Commentအရတော့ “ ကလေးတွေကို သေနတ်နဲ့ ပစ်ပြမယ်၊ သွေးမိုးတွေ ရွာတာကို စောင့်ကြည့်ကြလော့၊ နောက်ပြီး သူတို့ အတွက် ငိုကြွေးကြပေတော့”စတဲ့ စာသားများကြောင့် ယခုလို အပြစ်ပေးရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါျြပစ်ဒဏ်အား တက္ကဆပ်ပြည်နယ်၊ ကိုမယ်တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ်ပြီး Carterဟာ မတ်လ ၂၇ရက်နေ့ ကတည်းက အကျဉ်းကျနေခဲ့တာ ဖြစ်ကြောင်း၊ အဆိုပါ ပြစ်ဒဏ်မှာ ဒဏ်ငွေ ဒေါ်လာ ၅၀၀,၀၀၀ကို ပေးဆောင်နိုင်ခြင်း မရှိသောကြောင့် ကျခံရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
Carterဟာ အဆိုပါ Commentများအား သူ၏ အသက် ၁၈နှစ် အရွယ် ကတည်းက ရေးသားခဲ့တာ ဖြစ်ပြီး အကျဉ်းကျခံနေရစဉ် ရေးသားသော စာများအရ “ဒီလို ရယ်စရာ သဘောမျိုးနဲ့ ရေးသားခဲ့တဲ့ စာတွေကို ကျွန်တော် ဖြေရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ ပါတယ်၊ ကျွန်တော် ရှုံးနိမ့်သွားပါပြီ”လို့ ရေးသားပေးပို့တာတွေ ရှိတယ်လို့ သိရပါတယ်။ Carterရဲ့ မိခင် Jeniferက CNNကို ပြောသောစကားများတွင်တော့ “အိမ်ကို သူ(ရဲ)တို့ လာဖမ်းတုန်းကတော့ ဒါဟာ ရယ်စရာအဖြစ် ရေးထားတာ ကျွန်တော်တို့ နားလည်ပါတယ်၊ Carterအနေနဲ့ မကြာခင်မှာ ပြန်လွတ်မှာပါ”ဟု ပြော၍ ဖမ်းဆီးသွားခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ ကဲ..ရယ်စရာ ဖြစ်ဖြစ်၊ တကယ်ဖြစ်ဖြစ် ဥပဒေကတော့ စေ့စပ်တယ်နော်၊ နောက်ပြီး နမူနာ ယူစရာ အဖြစ်တော့ Carterတစ်ယောက် ရှစ်နှစ်ကြာအောင် နေရတော့မယ်။ ကျွန်တော်တို့ဆီက Facebookမှာ Commentပေးတတ်သူတွေလည်း သတိလေးနဲ့တော့ Commentပေးကြပါလို့။


http://www.myanmarict.com/news/teen-will-be-face-with-jail-for-their-facebook-comment-for-soon-years/


No comments:

Post a Comment