Monday, July 8, 2013

သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေသည့်အတွက် ထပ်မံ အသိပေးခြင်း

မြန်မာနိုင်ငံရှိ မြို့ ကြီးများနှင့်တခြားတောမြို့ ရွာ အပါအဝင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလာမှု့ မှာ သိသိသာသာတိုးလာသည့်အပြင် အသက်ဆုံးရှုံးမှု့ များလည်း များပြားလာနေပါသည် ။
သို့ ဖြစ်ပါသောကြောင့် အောက်ပါ အကြောင်းအ၇ာများဖြင့် အနည်းငယ် အသိပေးပြောကြားလိုပါသည်။

(၁) စာသင်ကျောင်းများတွင် သက်ဆိုင်ရာ ပညာရေးနှင့်ပတ်သက်သည့် တာဝန်ရှိသူများသည် အစောအလျင် ခြင်ဆေးဖြန့် ခြင်းများပြု့ လုပ်ဆောင်သည့်ပါသည် ။ စာသင်ကျောင်းများအားလုံး ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပြီး သွေးလွန်ုတုပ်ကွေးရောဂါ အသိပညာပေးမှု့ ကိုလုပ်ဆောင်ကြစေလိုပါသည် ။ ကျောင်းသာမိဘများလည်း တက်နိုင်သည့်ဖက်မှ ဝိုင်းဝန်းခြင်းဖြင့် စာသင်ကြားသည့်ကလေးများကို ခြင်ကိုက်ခြင်း ကင်းဝေးစေရန် အတွက် ရက်ခြား ခြင်ဆေးဖြန်းခြင်းလုပ်ဆောင်နိုင်ရန်အတွက် တက်နိုင်သည့်ဖက်မှ ပူးပေါင်းဖြည့်ဆည်းပေးစေလိုပါသည် ။

(၂) မိမိနေထိုင်ရာအိမ်တွင် ကလေးများကို ခြင်ကိုက်ခြင်းမှ ကင်းဝေစေရန် ခြင်ဆေးဖြန့် ခြင်းကို မကြာခဏလုပ်ဆောင်ပေးခြင်း နှင့် ခြင်မကိုက်မိစေရန် အတွက် ကလေးသူများကို ဂရုစိုက်ပေးပါရန် ။

(၃) ရပ်ကွက်ကျေးရွာများတွင် သက်ဆိုင်ရာ တာဝန်ရှိ လူကြီးများမှ ဒေသခံ ကြက်ခြေနီများနှင့် ပူးပေါင်းပြီး တစ်အိမ်တဆင်း ခြင်ဆေးများ ဖြန်း နိုင်စေရန် အချိန်မဆွဲဘဲ လုပ်ဆောင်သင့်ပါသည် ။

(၄) ယခုအခါတွင်ဖြစ်ပွားနေသော သွေးလွန်တုပ်ကွေးသည့် ကလေးသူငယ်များအပြင် အသက်ကြီးရင့်သော လူကြီး လူလတ်ပိုင်းများတွင် ဖြစ်ပွားနေသည့်ကိုလည်း အထူးသတိချပ်စေပါသည် ။

(၅)ယခုအခါ သာမန်ဖျားနာနေတာဆိုပြီး ပေါ့ပေါ့တန်တန်မနေဘဲ သွေးလွန်တုပ်ကွေး ဆိုတာကို ကျန်းမာရေး အသိများ သိရှိရန်လည်း လိုအပ်ပါသည် ။ သာမန်ဖျားနာမှု့ ဆိုပြီး ရက်ကြာသွားပါက အသက်အန္တရာယ်ဆုံးရှုံး နိုင်သည့်အတွက် နီးစပ်ရာ ဆေးရုံးများကို သွားရောက်ပြသပြီး ကုသဆောင်ရွက်စေလိုပါသည် ။

(၆) သွေးလွန်တုပ်ကွေး လက္ခဏာများကို မသိခြင်းကြောင့် ဆေးရုံရောက်နောက်ကျခြင်း၊ အခြားသော ရောဂါများနှင့် မှားယွင်း ကုသမိခြင်းကြောင့် သွေးလွန်တုပ်ကွေးဖြင့် သေဆုံးခဲ့မှု ရှိနေသည့်အတွက် ပေါ့ဆမနေသည့်ကြောင့် သိရှိစေလိုပါသည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay




No comments:

Post a Comment