Monday, July 8, 2013

၂ဝ၁၃ ထဲမှာ ဒုတိယအခွေထွက်ချင်တဲ့ သီရိဆွေ

0708tys
သီရိဆွေရဲ့ထွက်ရှိပြီး ဆိုလာကိုစတာ တေးစီးရီးရဲ့ အမ်တီဗီဟာ ဒီဘက်နှစ်ထွက်ရှိသမျှ အကောင်းဆုံး အမ်တီဗီတွေထဲမှာ တစ်ခွေအပါ အဝင်ဖြစ် ပါတယ်။ ဆိုလာကိုစတာရဲ့ အမ်တီဗီမှာတော့ သီရိဆွေက ဒါရိုက်တာတွေရဲ့ အိုင်ဒီယာအတိုင်းပဲ ရိုက်ကူးဖြစ်ခဲ့ တယ်လို့လည်း ပြောပါတယ်။

   “ဒါရိုက်တာခိုင်းတဲ့အတိုင်းပဲလုပ်ခဲ့တာပါ။သီရိက ရိုက်ကူးရေးပိုင်းမှာသိပ်မသိဘူး။ အခုလို ပရိသတ် တွေအားပေးသံကြား ရတော့ ကျေနပ်မိ ပါတယ်။ လတ် တလောမှာတော့ နောက်အခွေအတွက်နဲ့ နယ်ရှိုးတွေ ပဲ သွားဖြစ်နေပါတယ်။နောက်အခွေကိုတော့ စိတ် တိုင်းကျ လုပ်ဖြစ်မှာပါ။ သီချင်းတွေကိုလည်း သီရိ အကြိုက်နဲ့ ပရိသတ်အကြိုက်ကို တေးရေးတွေနဲ့ညှိပြီး လုပ်သွားမှာပါ”  လို့ သီရိဆွေက လတ်တလော လှုပ်ရှား မှုများ ကို ပြောပြပြီး ဒုတိယအခွေကတော့ ၂ဝ၁၃ ထဲမှာ အပြီးထွက်လို့ရရင် ထွက်ချင်ကြောင်းပြောပါတယ်။ အတွဲ ခွေတော်တော်များများမှာလည်း ပါဝင် သီဆိုဖြစ်တဲ့ သီရိ ဆွေရဲ့သီချင်းတွေက အတွဲခွေတွေမှာ ပိုမိုပေါက်မြောက် တာကိုလည်းတွေ့ရပါတယ်။ အဲဒီအပေါ်မှာလည်း သီရိ ဆွေက “အတွဲေ ခွတွေမှာ ပိုပေါက်တယ်လို့ ခံစားမိတယ်။ သီရိအနေနဲ့ကတော့ အတွဲခွေပဲဖြစ်ဖြစ်၊ သူ ငယ်ချင်းတွေအခွေမှာဝင်ဆိုတာဖြစ်ဖြစ်၊ တစ် ကိုယ်တော် အခွေမှာပဲဖြစ်ဖြစ်ပရိသတ်တွေ လက်ခံနိုင်တယ်ဆိုရင်ဝမ်းသာပါတယ်” လို့ ပြော ခဲ့ပါတယ်။သီရိဆွေရဲ့ဖခင်ဖြစ်သူဟာ ဂစ်တာ ဦးကျော်မင်း ဖြစ် သလို မောင်ဖြစ်သူ ဖိုးလုံးကလည်း Idiots တီးဝိုင်းကဂစ်တာသမားဖြစ်ပါတယ်။

ဂီတမိသားစု ဖြစ်တဲ့အတွက်မိသားစုတွေစုံရင်ဘာတွေပြောဖြစ်ကြလဲ ဆိုတော့ “ကြုံရင်ကြုံသလိုတော့ပြောဖြစ်ပါတယ်။ အဖေက လည်းသီရိမသိ တာတွေမေးတဲ့အခါတော့ ပြောပြပါတယ်။ တကူးတကကြီးတော့ မပြောဖြစ်ပါဘူး။ အဖေကတော့ သီရိ ဂီတနဲ့ပတ်သက်လို့ တအားမဝေဖန်ပါဘူး။ သူလည်း သူကြိုက်တဲ့သီချင်းတွေနားထောင်တယ်။သူကြိုက်တဲ့သီ ချင်း တွေလည်း သီရိ ကြိုက်ပါတယ်။ တစ်ခါတလေတော့ သီရိရဲ့တချို့သီချင်းေ တွကို ဆူတယ်လို့တော့ ပြောတယ်” လို့ သီရိဆွေကသူတို့မိသားစုအကြောင်းကိုပြောပါတယ်။ သီရိဆွေကအရင်ကတော့ကြော်ငြာအနည်းငယ် ရိုက်ကူး ဖြစ်ပေမယ့်သူ့ကိုယ်သူသရုပ်ဆောင်ပိုင်းမှာ ယုံကြည် ချက်မရှိတဲ့အတွက် ထပ်မံရိုက်ကူးဖြစ်ဖို့တော့ မရှိသေး ဘူးလို့သိရပြီးဒီနှစ်ထဲမှာတော့ သူ့အခွေကိုထွက်နိုင်အောင် အမြန်ဆုံးကြိုးစားနေပြီးအတွဲခွေအတွက်လည်းသီချင်းဆိုဖြစ် နေပါတယ်။ နောက်အခွေမှာတော့ သူကိုယ်တိုင်ရေးတဲ့ သီချင်းတွေပါမှာမဟုတ်ဘူးလို့ သိရပါတယ်။

Credit: ရဲရဲ/ Popular Myanmar

No comments:

Post a Comment