မြန်မာ- တရုတ် နှစ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၂ဝ ဒသမ ၇ ဘီလီယံ ရှိကြောင်း၊ မြန်မာဝန်ထမ်းပေါင်း တစ်သောင်းခွဲ ကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက် လျက် ရှိကြောင်းဖြင့် ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ခရေပင် လမ်းရှိ တရုတ် သံရုံး၌ ပြုလုပ်သော တရုတ်ပြည် ကုမ္ပဏီများ အသင်းနှင့် မြန်မာ မီဒီယာ များ တွေ့ဆုံ ပွဲတွင် အသင်း ဥက္ကဋ္ဌ Mr.LV Dexing က ပြောကြား ခဲ့သည်။
အသင်းဥက္ကဋ္ဌက ဆက်လက် ပြောကြား ရာတွင် လူမှုရေး ဝန်ဆောင်မှု အနေဖြင့် အမေရိကန် ဒေါ်လာ ၇ဝ မီလီယံခန့် လှူဒါန်း ခဲ့ပြီး ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်း များ၏ အကျိုး ဆက် ဖြစ်သော လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက်ပါ ထည့်သွင်း စဉ်းစား ပေးရန် သဘောတူညီ ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံက ပြည်ပ နိုင်ငံ များနှင့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ဆောင် ရွက် ရာတွင် သက်ဆိုင်ရာ နိုင်ငံ အသီးသီး၏ စည်းမျဉ်း ဥပဒေများ အတိုင်း လေးစား လိုက်နာရန်၊ လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တာဝန်ယူရန်၊ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်၊ လူမှု ဘဝ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းမွန်သော အကျိုးဆက် ရရှိရေး ဆောင်ရွက် ပေးရန်၊ လူမှု ဘဝတိုး တက် မြင့်မား ရေးကို ကူညီ ဆောင်ရွက်ပေးရန် စသည့် အချက်များကို သတ်မှတ်ပေး ထားကြောင်းဖြင့် ပြောကြား ခဲ့သည်။
ဆက်လက်၍ မြန်မာ နိုင်ငံ ဆိုင်ရာ စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး သံမှူး Mr. Jin Honggen က တရုတ်ပြည် ကုမ္ပဏီ များ၏ အဆိုပြု စည်းမျဉ်းများနှင့် ပတ်သက်၍ မြန်မာ- တရုတ် နှစ်နိုင်ငံ ဥပဒေ စည်းမျဉ်းများကို မိမိ အသိစိတ်ဓာတ်ဖြင့် လိုက်နာရန်၊ လုပ်ငန်း ဆောင်ရွက် နေစဉ် အတွင်း ဥပဒေ သတ်မှတ်ချက် အတိုင်း လုပ်ကိုင် ဆောင်ရွက်ရန်၊ ဥပဒေ သတ်မှတ်ချက် အတိုင်း အခွန် ပေးဆောင်ရန်၊ မြန်မာ လူမှု အဖွဲ့ အစည်း၏ ယုံကြည်မှုနှင့် မြန်မာ ပြည်သူ များ၏ ယုံကြည်မှုကို ရရှိစေရေး ကြိုးပမ်း အားထုတ်ရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု ဆိုင်ရာ ဆန်းစစ် ချက်နှင့် စီမံခန့်ခွဲရေး စနစ်ကို စနစ် တကျ ကျင့်သုံးရန်၊ အလုပ်သမားနှင့် ဝန်ထမ်း များ၏ အလုပ်လုပ်စဉ် ကာလ အတွင်း ဘေးကင်းရေး၊ ကျန်းမာရေး တို့ကို ကာကွယ် စောင့်ရှောက်ရန်၊ ပွင့်လင်း မြင်သာသည့် တည်ငြိမ်သည့် ရင်းနှီး မြှုပ်နှံမှုဖြင့် ပတ်ဝန်းကျင်ကို ဖန်တီး တည်ဆောက် ရန်နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး၊ နည်းပညာ ဖလှယ်ရေး၊ လူမှု အဖွဲ့ ဆောင်ရွက်မှုများ အတွက် မိမိ အစွမ်း ရှိသမျှ အားပေး ဆောင်ရွက် ကြရန် မြန်မာ နိုင်ငံ၌ ရင်းနှီး မြှုပ်နှံသည့် တရုတ် ကုမ္ပဏီ များအား တိုက်တွန်း ပြောကြား ထားကြောင်းဖြင့် ပြောကြား ခဲ့သည်။
ယင်းနောက် တရုတ်ပြည် ကုမ္ပဏီများ အသင်းမှ CPI ကုမ္ပဏီ၊ CNICO ကုမ္ပဏီ၊ မြန်မာ ဝမ်ပေါင် ကုမ္ပဏီ တို့မှ တာဝန် ရှိသူ တို့က ကုမ္ပဏီ လုပ်ငန်း များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြ ကြပြီး မီဒီယာများ၏ မေးမြန်းချက် များကို ပြန်လည် ရှင်းလင်း ဖြေကြား ကြသည်။

No comments:
Post a Comment