Monday, July 8, 2013

ဘုရင့်နောင်တံတား ငြမ်းဆင်ဆဲ တိုင်အမှတ် ၁၇ ကရိန်းနှင့် တိုက်မိပြီး ပြိုကျ

FMI ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက် ရှိသော ဘုရင့်နောင် တံတား တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ယနေ့ညနေ ၄နာရီ ၄၅ မိနစ်ခန့်က ငြမ်းဆင်ဆဲ တိုင်အမှတ် ၁၇ သည် ကရိန်းနှင့် တိုက်မိပြီး အသေးစား ပြိုကျမှုတခု ဖြစ်ပွားသည်ဟု ယင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အင်ဂျင်နီယာ တဦးက အတည်ပြု ပြောသည်။ အဆိုပါ ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

No comments:

Post a Comment