Tuesday, July 30, 2013

ဆေးကုမ္ပဏီ ဝန်ထမ်းများ ပရဟိတ ကွန်ယက် - ပြည် ၏ တွေ့ဆုံပွဲ


ဆေးကုမ္ပဏီဝန်ထမ်းများ ပရဟိတ ကွန်ယက် (ပြည်) ကို မေလ ၂၀၁၃ တွင် တည်ထောင် ရန် စဉ်းစား ဆုံးဖြတ် ခဲ့ ပါသည်။ ဤ ကွန်ယက် ကို တည်ထောင် ရန် ဆုံးဖြတ်ခဲ့ကြခြင်း၏ရည် ရွယ်ချက်မှာ နေပူ မိုးရွာ မ ရှောင် လမ်းကြမ်း လမ်းချော မ ရှောင် သွားလာလှုပ် ရှား၍ ဆေးကုမ္ပဏီများအတွက် တာဝန်ထမ်းဆောင်နေရ သောဝန်ထမ်းများ၏ မ တော် တဆထိခိုက်မှုများ ကျန်းမာရေးစောင့်ရှောက်မှု များ မိသားစုဝင် များ၏် နာရေးကူညီ မှုများအတွက် ဖြစ်ပါသည်။ ဤကွန်ယက်သည် ပါတီနိုင် ငံ ရေး ဘာသာရေး လူမျိုးခွဲခြားတို့ မပါဝင် ဘဲ ကိုယ်ချင်းစာတရား လက်ကိုင် ထား၍ ဆေးကုမ္ပဏီဝန်ထမ်းများအတွက် ပထမဆုံး ဖွဲ့ စည်း ခဲ့သည့် ကွန်ယက် ဖြစ်သည်။စတင် ဖွဲ့စည်း ခဲ့စဉ်တွင် အဖွဲ့ ဝင် ၁၈ ဦးဖြင့် စတင် ခဲ့ပါသည်။ ထိုနောက်တွင် မှ မတည်ငွေ အလှူ ရှင် များ အဖွဲ့ ဝင် များ ကို ထပ်မံ စုဆောင်းခဲ့ ပါသည်။ ဤကွန်ယက်၏ လုပ်ငန်းစဉ်များကို ၅.၇.၂၀၁၃ တွင် စတင် အ ကောင် အထည် ဖော်၍ ထိခိုက် ဒဏ် ရာရ ဆေးကုမ္ပဏီဝန်ထမ်းများ ကို ထောက်ပံ့ ငွေများပေးအပ် ခဲ့ပါသည်။ ဆေးကုမ္ပဏီဝန်ထမ်းများ ပရဟိတကွန်ယက် (ပြည်) ကို ကိုယ်ချင်းစာ တရား စာနာစိတ်တို့ ဖြင့် တစ်ဦးဝေဒနာကို တစ်ဦးက မျှဝေ ခံစားကာ လက်တွဲကူညီရင်း ကျွန်ုပ် တို့သည် 'SHARE YOUR EMPATHY' ဆိုသည့် ဆောင် ပုဒ်နှင့်အညီ ပေးဆပ်ကူညီ သွားပါမည်။

ဆေးကုမ္ပဏီ ဝန်ထမ်းများ၏ ကျန်းမာရေး စောင့်ရှောက် မှု အတွက် ရည် ရွယ်သည်။

ဆေးကုမ္ပဏီ ဝန်ထမ်းများ ပရဟိတ ကွန်ယက် - ပြည်
https://www.facebook.com/pages/ဆေးကုမ္ပဏီ-ဝန်ထမ်းများ-ပရဟိတ-ကွန်ယက်-ပြည်/536329269749716

ပြည်သတင်း
https://www.facebook.com/pyaynews


No comments:

Post a Comment