Sunday, July 28, 2013
ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် ပန်ခွေခဏချမှု့ဖြင့်
ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် ပန်ခွေခဏချမှု့ဖြင့်
**************************************
မြို့လည်ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင်ပန်းခွေချမှုဖြင့်-ကိုသိန်းမင်းထွန်း(ရွှေလက်လှရပ်ကွပ်)ကိုပုဒ်မ(၁၈၈)ဖြင့်အရေးယူပေးရန်အတွက်မြို့နယ်တရားရုံးတွင်လာရောက်လျှောက်ထားခဲ့သည်ဟုအမညိမဖေါ်လိုသူ-ဥပဒေ၀န်ထမ်းတဦးမှ-သတင်းပေးပို့လာခဲ့ပါသည်။
ထိုကိစ္စအတွက်ရဲစခန်းကိုစူံစမ်းကြည့်ရာ၊အမှတ်(၂)စခန်းမှုးက သူတို့ထံသို့ ရဲကျင့်ထုံးအနေနှင့်တော့မရောက်ရှိသေးကြောင်းနဲ့၊သူသတင်းကြားကတော့-သိန်းမငိးထွန်း ကိုတော့အရေးယူမလိမ့်မယ်လို့ထင်ကြောင်းကိုကြားသိရကြောင်းတို့ကိုပြောပြပါသည်
အာဇာနည်နေ့မတိုင်မှီညက-ဆိုင်ကယ်တစီး၊လူနှစ်ယောက်ကဟမ်းစပီကာအသေးတလုံးနှင့်-နောက်နေ့-အာဇာနည်နေ့ တွင်မြို့လည်မြင်းစီးကျောက်ရုပ်တွင် ပန်းခွေမချရ-ပန်းခွေချလျှင်-ပုဒ်မ(၁၈၈)နှင့်အရေးယူခြင်းခံရမည်ဟု-လမ်းတချို့တွင်လိုက်အော်တာတော့ကြားသိရကြောင်း-ရှေ့နေဦးမြင့်အေးကပြောပြပါသည်-သူကတော့သူတယောက်ထဲကြားခဲ့တာဖြစ်ပြီးဘယ်သူ့ကိုလိုက်မေးမေး မကြားမိကြောင်းနဲ့၊မမြင်မိကြောင်းတို့ကိုသာကြာသိရသဖြင့်-လမ်းတိုင်း၊ရပ်ကွပ်တိုင်းသို့လိုက်အာ်(ကြေငြာ)တာတော့မဟုတ်ကြောင်းပြောပြပါသည်
ဂျုလိုင်လ(၂၂)ရက်နေ့က-ကိုသိန်းမင်းထွန်းကို-ရဲနှစ်ယောက်က ကိုယ်ရေးအကျဉ်းလာမေးကြောင်း၊သိရပါသည် သူက-ဘာအတွက်လာမေးရသည်ကိုထိုရဲတွေကိုမေးတော့ရေေ၇ရာရာမဖြေနိုင်ပဲအထက်ကမေးခိုင်းလို့-ဟုသာပြောပြီး သူ့အနေနှင့်တော့-အာဇာနည်နေ့က-သူတို့က-ပွင့်လင်းလူ့ဘောင်-ခေါင်းစဉ်နှင့်-ပန်းခွေချခဲ့ပြီး-သူတို့လိုအခြားအဖွဲ့တွေလဲ-ပန်းခွေတွေချခဲ့ကြပါတယ်-သူတို့တွေအားလုံးပန်းခွေချပြီးအလေးပြုကြပါတယ်အလေးပြုပြီး-ပန်းခွေတွေကို-အားလုံးပြန်ယူသွားခဲ့ပါတယ်-ဒါပေမဲ့တခုရှိတာက သူက ရှေ့ဆုံးရောက်နေသဖြင့်-အဖွဲ့အားလုံးရဲ့ပန်းခွေတွေကိုသူတယောက်ထဲကပဲလက်ဆင့်ကမ်းပေးကြသဖြင့်ကူညီပြီးပန်းခွေတွေအားလုံးနီးပါးကို-သူတယောက်ထဲကသယ်ယူပြီးချပေးခဲ့တာဖြစ်သဖြင့် သူ့ကိုတော့အရေးယူတော့မယ်လို့ထင်ကြောင်းပြောပြပါတယ်။
ထိုကိစ္စအတွက်-ရန်ကုန်မှတရာလွှတ်တော်ရှေ့နေကြီး၊နီုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်သူ ဦးရောဘတ်ဆန်းအောင် က-ပုဒ်မ(၁၈၈)ဆိုတာရုံးချိန်မှာထုပ်ပြန်ရတာ-မြို့နယ်အဆင့်ဝန်ထမ်းကထုပ်ပြန်တယ်ဆိုရင်-တမြို့နယ်လုံးသိအောင်ကြေငြာရတယ်-အမြားပြည်သူသိအောင်ကြေငြာရတယ်-ဥပဒေနဲ့အညီချရတဲ့အမိန့်ဖြစ်ရမယ်-ဥပဒေနဲ့ညီကြောင်းကိုရှင်းလင်းနိုင်ရမယ်ဥပဒေကိုဖီဆန်နေတဲ့အမိန့်တိုင်းကပုဒ်မ(၁၈၈)မမြောက်ဘူး၊ဥပဒေနဲ့မညီရင်အကျုံးမ၀င်ဘူး-ထုပ်တဲ့ဥပဒေက ဥပဒေနဲ့ညီမညီ ကိုစောတကတက်လို့ရတယ်-တကယ်လို့-သူတို့ဒီလိုလုပ်ချင်ရင်-လုပ်လို့ရတဲ့ပုံစံက-ကြောက်ရုပ်တွင်ပန်းခွေမချရအရေးယူခြင်းခံရမယ်-]စသဖြင့် ပဲလုပ်လို့ရမယ်-အခုဟာကချိမ်းချောက်တဲ့ပုံစံဖြစ်နေတယ်- လို့သူကပြောပြပါတယ်။
မနှစ်က-လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး လာတုံးကတော့- အာဇာနည်နေ့က အနိဋာရုံ အခမ်းအနားဖြစ်လို့မြို့လည်မြင်းစီးကျောက်ရုပ်မှာ ပန်းခွေချအခမ်းပြုလုပ်ရန်မသင့်တော်ကြောင်းကိုပြောပြခဲ့ပါသည်။
ထိုစဉ်က-ထိုဝန်ကြီးဖိတ်ကြားမှုကြောင့်သွားတက်ခဲ့ရသူ-နိုင်ငံရေးအကျဉ်းသာဟောင်းကို-ကျော်ဆန်းက-အရမ်းရက်ဆက်တယ်ဗျာ-သူတို့မလို့ဒီလိုပြောထွက်တယ်-ဒီအာဇာနည်တွေရဲ့ကျေးဇူးကိုကန်းတာဗျ-မြို့လည်ခေါင်-မြင်းစီးကျောက်ရုပ်မျက်နှာခြင်းဆိုင်က-ဗိုလ်ရှုခံအဆောက်အဦးကိုတော့-အရက်ဆိုင်ဖွင့်ဘို့-စည်ပင်-ကငှားထားတာတော့-တင့်တယ်ပြီး-ဒီကျေးဇူးရှင်တွေကိုတော့ကျေးဇူးကန်းနေကြတယ်လို့-သူကပြောပြပါတယ်။အဆိုပါ သိန်းမင်းထွန်းဟာ မိမိနေထိုင်ရာရပ်ကွက်အတွင်း မှာ လည်း ရိုးသားကြိုးစားသူသာဖြစ်ပြီး ရပ်ကွက် မှ ရပ်ရေးရွာရေးများကိုလည်းမိမိကိုယ်တိုင် ဦးစီး ဦးဆောင်ပြီးဘာသာရေး သာသနာရေးများကို ရိုးသားကြိုးစားသူဖြစ်ပါတယ် ဒီလိုလူတွေကိုခဏခဏ တရားစွဲနေရင်တော့ တရားစွဲတဲ့သူတွေ အစွဲခံရတဲ့ လူတစ်ယောက်ရဲ့နေရာမှာ သွားနေကြည့် လူတစ်ယောက်တန်ဖိုးကိုဘာမှမသိဘဲ ရမ်းပြီးအမှု့ဖြစ်ရင် ပြီးရောဆိုပြီး တွေးနေကြတာတွေ တနေ့ကောင်းကောင်းကြီး ပညာဖို့ စီစဉ်ထားပါတယ်လို့ မြို့နေ လူတစ်ဦးမှ ပြောကြားသွားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။
No comments:
Post a Comment