Friday, July 5, 2013

ပျူ ရှေးဟောင်း မြို့သုံးမြို့အား ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် ဖြစ်ရေး အတွက် ဆောင်ရွက် ရမည့် လုပ်ငန်း များနှင့် ပတ်သက်သည့် ညှိနှိုင်း စည်းဝေး

ပျူ ရှေးဟောင်း မြို့သုံးမြို့အား ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် ဖြစ်ရေး အတွက် ဆက်လက် ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်း အဝေးကို ယဉ်ကျေးမှု ဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ယနေ့ နံနက် ပိုင်းတွင် ကျင်းပသည်။

အဆိုပါ အစည်း အဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ၊ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟို ကော်မတီဝင်များ ဖြစ်သော   ဒုတိယ ဝန်ကြီး ဦးရဲထွဋ်၊ ဒေါက်တာ တင်ရွှေ၊ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင် သွင်းခြင်း လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင် များနှင့် ပညာရှင် အဖွဲ့ (Expert Team) ဝင်များ၊ မြန်မာ သမိုင်း အဖွဲ့ဝင်များ၊ ရှေးဟောင်း သုတေ သန ပညာရှင်များ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနမှ ပညာ ရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် မြန်မာ နိုင်ငံ ဗိသုကာ ပညာရှင် အသင်း တို့မှ ပညာရှင် များနှင့် ဌာန ဆိုင်ရာ အကြီး အကဲများ တက်ရောက် ကြသည်။

အစည်း အဝေးတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာ့ ယဉ်ကျေးမှု အမွေ အနှစ် ဒေသများ ဖြစ်သော  ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့ အမွေ အနှစ် ဒေသ အဖြစ် စာရင်း ပါဝင် နိုင်ရေးမှာ  သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်း များမှ တွေ့ကြုံရသော လုပ်ငန်း အခက် အခဲများကို  ဝိုင်းဝန်း ဖြေရှင်း ကြရန်နှင့်  ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ဆွေးနွေး အကြံပြုပေး ကြစေ လိုကြောင်း၊ ၂ဝ၁၂ ခုနှစ်၌ ယူနက် စကို အဖွဲ့၏ နိုင်ငံ တကာ အထောက် အပံ့ အစီအစဉ်နှင့်   အီတလီ အစိုးရ တို့၏ အထောက် အပံ့ တို့ဖြင့် ပျူ ရှေးဟောင်း မြို့များကို ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် သတ်မှတ် နိုင်ရေး အတွက် ပျူမြို့ဟောင်းများ ဆိုင်ရာ  စာတွဲများ ပြုစုရေးသား တင်သွင်း ခဲ့ပြီး ဖြစ်ကြောင်း၊  ပြတိုက် ဆိုင်ရာ လုပ်ငန်းများကို  ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရေး အတွက်  ပျူမြို့ဟောင်းများ ကြီးကြပ်ညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ(PYU-COM)တွင် ဒေသ အသီးသီးရှိ  သက်ဆိုင်ရာ ဌာနများမှ  အဖွဲ့ အစည်းများ ပါဝင်သော အဖွဲ့ကို  ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပျူ မြို့ဟောင်း များကို ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် သတ်မှတ် နိုင်ရေး အတွက် ၂ဝ၁၄ ခုနှစ်တွင် ကျင်းပမည့် (၃၈) ကြိမ်မြောက် (Committee) ညီလာခံမှ  အဆုံး အဖြတ် ပေးမှာဖြစ် ကြောင်း၊ ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများကို ယခုနှစ် စက်တင်ဘာလနှင့် ၂ဝ၁၄ ခုနှစ် ဖေဖော် ဝါရီလ အတွင်း လာရောက် စစ်ဆေးမှာ ဖြစ်ကြောင်း၊ ပျူရှေးဟောင်း မြို့သုံးမြို့ကို World Heritage List ဝင်နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိသော PYU-COM အဖွဲ့ဝင်များ၊ ယဉ် ကျေးမှု ဝန်ကြီးဌာနမှ ဝန်ထမ်း များက ပျူ မြို့ဟောင်းများ အတွင်း ဆောင်ရွက်လျက် ရှိသော လုပ်ငန်း များကို လုပ်ငန်း လမ်းညွှန်ချက် များနှင့် အညီ တိတိ ကျကျ ဆောင်ရွက် ပေးကြ စေ လိုကြောင်း ဆွေးနွေး မှာကြားသည်။

အစည်း အဝေး တက်ရောက် လာသူ များက  ပျူ ရှေးဟောင်း မြို့သုံးမြို့အား ကမ္ဘာ့ အမွေ အနှစ် စာရင်းတွင် ပါဝင်နိုင်ရေး အတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ ဖြစ်သော စီမံ ရေးရာ လုပ်ငန်းများ၊ သုတေ သန လုပ်ငန်းများ၊ ထိန်းသိမ်းရေး လုပ်ငန်းများ၊ ပြတိုက် ဆိုင်ရာလုပ်ငန်း များကို ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ရေး အတွက် အကြံပြု ညှိနှိုင်း ဆွေးနွေး ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment