Tuesday, July 2, 2013

အုပ်စုအုပ်ချူပ်ရေးမှုး၏ ဦးလေးတော်ဆပ်သူက အစည်းအဝေးမှာ လက်သီးနှင့်ထိုး ဓါးဆွဲ

26.6.2013 မနက် (၁၀) အိမ်မှုးဦးကြည်ခိုင်အား အုပ်စုအုပ်ချူပ်ရေးမှုး၏ ဦးလေးတော်ဆပ်သူက အစည်းအဝေးမှာ လက်သီးနှင့်ထိုး ဓါးဆွဲ လေးဂွကိုင် ပစ်မယ် ခုတ်မယ် သတ်မယ်
ပြောနေသော်လည်း တူတော်မောင် အုပ်စုအုပ်ချူပ်ရေးမှုးကဘာမှဝင်မပြောတားစီးခြင်းမရှိခဲ့ပါ...

ဖြစ်ပုံကဒီလိုပါဗျာ ဒီနေ့26.6.2013 ရက်နေ့သတင်းရခဲ့တာပါ.....ခွေးရဲရွာ ဆယ်အိမ်မှုး ကိုကြည်ခိုင် မှ ပြည်သတင်းလူငယ်သို့ ရင်ဖွင့်လာသောစကားများ....

22.6.2013 ရက်နေ့ပြည်မြို့နယ် တောင်ခွေးရဲ ရွာမှာပါ...အဲနေ့ညနေ 6နာရီလောက်မှာ ကျွန်တော့အိမ်ကို အုပ်စုအုပ်ချူပ်ရေးမှူးရောက်လာပါတယ် မနက်ဖြန် 1500 တန် CDMA 800 ဆင်းကဒ်(၁၀)ကဒ် ခွဲဝေဖို့အစည်းဝေးရှိတယ်တက်ဖြစ်အောင်တက်ပါဆိုပြီးပြောပါတယ် အဲဒါနဲ့ ကျွန်တော်က ဒါနဲ့ မြင်ဦးရေ မင်းဦးလေးဆီမှာ ဖုန်းကိုင်နေတာတွေ့တယ်ဘယ်ကရတာလည်းလို့မေးတော့ ၄င်းမှ ငါလည်းမသိဘူးလေဟုဆိုတယ် ကျွန်တော်ကလည်း အေးပါအဲဒါလေးသိချင်လို့ပါဟုပြောခဲ့ပါတယ်ပြီးတော့သူပြန်သွားပါတယ် 23.6.2013 ရက်နေ့နေ့လည် (၁း၃၀)မှာစည်းဝေးသို့ရောက်ခဲ့တယ်လူစုံနေပါပြီစည်းဝေးစကြမယ်လို့ အုပ်စုအုပ်ချူပ်ရေးမှုး ကိုမြင့်ဦးမှ ပြောကြားပါတယ် ကျွန်တော့တို့ရွာမှာ အုပ်ချူပ်ရေးမှုးရုံးခန်းမရှိပါဘူး ကျေးရွာကရွေးချယ်တင်မြောက်လို့ဖြစ်လာတဲ့လူကြီးအိမ်မှာပဲရုံးခမ်းဖွင့်ခဲ့တာပါ ဒါကြောင့်လည်းနေအိမ်မှာပဲစည်းဝေးတက်ခဲ့ရတာပေါ့ ပြီးတော့စည်းဝေးစတာနဲ့ ဖုန်းဆင်းကဒ်တွေကို ခွဲတန်းနဲ့ ကျေးရွာသူ/သားတွေအတွက်စီစဉ်နေရင် အုပ်စုအုပ်ချူပ်ရေးမှုး ကို မြင့်ဦးမှ ကျွန်တော့အား ဟေ့ကောင်ဗိုလ်ကြည် မနေ့တုန်းက မင်းမေးတဲ့ ဖုန်းကိစ္စကိုမင်းကိုဘယ်သူပြောလည်း အခုချတ်ခြင်ပြန်ပြောစမ်းဟုပြောဆိုရာမှာ ကျွန်တော်က ငါလည်းကြားတာပဲလို့ပြန်ဖြေမိလိုက်ပါတယ် အဲဒိမှာတင် ကျေးရွာနေသူ ကိုမြင့်ဦး၏ ဦးလေး ကို ဥာဏ်လှကနေပြီး ကြည်ခိုင်မင်းအဲကိစ္စကိုအခုချတ်ခြင်းရှင်းပေးစမ်းဟုဝင်ရောက်ပြောဆိုပြီး
ကျွန်တော့အား (ငါလိုးမသား...မင်းကအမြဲတန်းအမြင်မကြည်လင်ဘူး) ဟုဆိုကာ အနားကပ်လာပါတယ် ကျွန်တော့က မင်းကဘာဖြစ်လို့ဝင်ဆဲရတာလည်းလို့ပြန်မေးတော့ သူကဘာမပြောညာမပြောကျွန်တော့အား ရွားသားများရှေ့ လူကြီးတွေရှေ့မှာပဲ စတင် ပြီး ညာဘက်မျတ်နှာကို လက်သီးနှင့်(၁)ချတ်ထိုးခဲ့ပါတယ် ပြီးတော့ အုပ်ချူပ်ရေးမှူး ထိုင်ခုံနောက်တွင်ရှိသော ဓါးရှည်တစ်ချောင်းကိုကိုင်ပြီး ဒီနေ့မင်းကိုငါအသေသတ်ရမယ်လို့ပြောဆိုရာဓါးကြီးတ၀င့်ဝင့်ကိုင်ဆောင်ဆဲဆိုကြိမ်းမောင်းနေခဲ့ရာ အုပ်ချူပ်ရေးမှုး၏ အမေတော်ဆပ်သူက ၀င်ရောက်တားစီးပြီးဓါးကိုပြန်သိမ်းပြီးတဲ့နောက် ကိုဥာဏ်လှ ၏ခါးတွင်အသင့်ပါလာသော လောက်လေးဂွ ကို ထုတ်ယူပြီးပစ်မယ်လို့အော်ဆိုဆဲဆိုနေပြန်ပါတော့တယ် တကယ်တော့ ရွာက ရွေးချယ်တင်မြောက်ထားတဲ့ ကျွန်တော်ကဆယ်အိမ်မှုးပါ ကိုဥာဏ်လှက ရွာသားတစ်ဦးပါ သူ့တူတော်မောင် အုပ်စုအုပ်ချူပ်ရေးမှူးက ဘာမှဝင်ရောက်တားစီးခြင်း များတစ်ခုမှမရှိခဲ့ပါ ဘယ်လူကြီးကမှဝင်ရောက်တားစီးခြင်းမရှိခဲ့ပါခင်မင်သူရွာသားများကတားစီးပေလို့သာပေါ့ဗျာ အဲနောက်ကျွန်တော် ပြည်အမှတ်(၃)မှာတိုင်ချတ်ဖွင့်ခဲ့ပါတယ် 24.6.2013 ရက်နေ့မနက်မှာအမှတ်(၃) ရဲစခန်းသို့သွားတော့တိုင်ချတ်စာမှာ မကြိုက်တာတွေတွေ့နေရတာနဲ့ တိုင်ချတ်ကို ပြန်ရုတ်သိမ်းခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်ထံသို့သွားရောက်ပြီးတိုင်းကြားခဲ့ပါတယ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက် ကစိတ်ချပါ မှန်တယ်ဆိုရင် ဥပဒေ နှင့်အညီဆောင်ရွက်ပေးသွားမှာပါ ထိရောက်စွာဆောင်ရွက်ပေးပါ့မယ် ခင်ဗျားတို့ဘက်ကသာ မှတ်တယ်ဆိုရင်ပေါ့လို့ဖြေကြားခဲ့ပါတယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက်ရဲ့စကားကိုတော့သဘောကျပါတယ်လက်ခံပါတယ်လို့ ခွေးရဲရွာ ဆယ်အိမ်မှူး ဦးကြည်ခိုင်မှပြည်သတင်းလူငယ်အားပြောကြားခဲ့ပါတယ်.......




No comments:

Post a Comment