Tuesday, July 2, 2013

ပုလဲသီတာ ခန်းမတွင် အုပ်ချုပ်ရေးမှုးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဥက္ကဌ ဦးအောင်ဇော်ထက်တို့ တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့မှာ ယနေ့ 22.6.2013 ရက်နေ့ မနက် 9း00 နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ပုလဲသီတာ ခန်းမတွင် ရက်ကွက်အသီးသီးမှာရှိတဲ့ အုပ်ချုပ်ရေးမှုးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဥက္ကဌ ဦးအောင်ဇော်ထက်တို့ တွေ့ဆုံပြီး နယ်မြေအလိုက် တန်ဖိုးနည်း 1500 တန် CDMA..800 ဆင်းကဒ်များကို
ပေးအပ်သွားကြောင်း ......သတင်းရရှိပါသည်။




ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှုးများကိုလည်း ကိုယ့်ကျင့်တရားမှန်ကန်ဖို့နှင့် ဘက်မလိုက်စွာ တန်ဖိုးနည်း ဆင်းကဒ်များကိုမှန်မှန်ကန်ကန်ရပ်ကွက်သူ/သား များကို မိမိတို့အစီစဉ်များဖြင့် ပေးအပ်သွားရန် နှင့်တန်ဖိုးနည်းဆင်ူကဒ်များကို ကျပ်1500 အထက်ပိုပြီးမရောင်းချရန် ရောင်းခဲ့လျှင် ဥပဒေ နှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖုန်းလိုင်းမိတဲ့ရပ်ကွက်နယ်မြေများနှင့် ဖုန်းလိုင်းမမိတဲ့နယ်မြေများမှာ မိမိတို့အစီအစဉ်ဖြင့် (ဥပမာ)မဲနိုက်ပြီးဖြစ်စေ....မကုန်တဲ့ ဆင်းကဒ်များကို ပြန်လည်ပေးအပ်ရန် မပေးအပ်ဘဲ ဘေးတွင်ရောင်းစားပါက မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ တာဝန်သာဖြစ်ကြောင်း 

ယခုဆိုရင် အင်တာနက်ဖေ့ဘုတ်ပေါ်များတွင်လည်း သတင်းအမှား များကိုလျှောက်ဖွနေတဲ့ သူများပေါ်ပေါက်နေပါကြောင်းနောက်ဆုံး ကျွန်တော့မိသားစုကိုလည်းထိခိုက်စွာရေးသားလာကြကြောင်း ဖေ့ဘုတ်ပေါ်တွင်ပါသောစာတချို့မှာ ကျွန်တော့မိန်းမဆီမှာ စိန်လာဝယ်တဲ့ သူတွေကို 1500 တန်ဆင်းကဒ်များ လက်ဆောင်အဖြစ်ပေးနေပါတယ်ဆိုပြီး မဟုတ်မမှန် လုပ်ကြံကာ သတင်းအမှားများကိုဖန်တီးရေးသားနေတာတွေကိုတွေ့နေရပါတယ် သေသေချာချာတိကျမှန်ကန်တဲ့သတင်းတွေမဖော်ထုတ်ပဲ မဟုတ်မမှန်လုပ်ကြံနေတဲ့ သူတွေဟာ ဘာသက်သေအထောက်ထားမှလည်းမရှိဘဲနည်းအမျိုးမျိုးသုံးပြီးလျှောက်ဖွနေတာဟာ မြို့နယ်ရဲ့ဂုဏ်သိက္ခာ ရက်ကွက်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော့ရဲ့ ဂုဏ်သိက္ခာ တွေကိုပါထိပါးလာပါတယ်တိကျမှန်ကန်တဲ့ အထောက်အထားနဲ့တကွဖော်ပြချင်ရင်အချိန်မရွေးလာရောက်ပါ ဖြေရှင်းပေးဖို့အစဉ်သင့်ပါပဲဟု ထည့်သွင်းပြောကြားခဲ့ပါသည်..ပြီးတော့ ရပ်ကွက်အုပ်ချူပ်ရေးမှုး ရွေးချယ်ရာတွင် ကြီးကျပ်ရေး ရပ်မိရပ်ဖ (၅)ဦးရွေးချယ်ရပြီးနောက် ရပ်ကွက်အုပ်ချူပ်ရေးမှုးတာဝန်ခန့်အပ်ပြီးသည့်နှင့် တပြိုင်တည်း အဆိုပါ (၅)ဦးမှာ အလိုလျှောက်ပျတ်ပျယ်သွားပြီးဖြစ်တယ်လို့ထည့်သွင်းပြေားကြားခဲ့ပြီး အခမ်းအနားကို မနက် 11း20 ခန့်တွင်ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်....

ပြည်သတင်းလူငယ်..............



No comments:

Post a Comment