Tuesday, July 2, 2013

(၅၀)ကျပ်ပေးသွင်းရမည်ကို (၂၀၀၀)ပေးဆောင်ရ

27.6.2013 ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာရွာအုပ်စု ရွာသာရွာကျေးရွာတွင် ဒေသခံတောင်သူများအား 2013 မိုးရာသီအမှီ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တောင်သူများအတွက် ဘဏ်ချေးငွေ ထုတ်ပေးရာတွင် ဒေသ ကျေးရွာအလိုက် ကျေးရွာအုပ်စု များမှ ဘဏ်ကိုယ်စလှယ်များခန့်ထားရာတွင် ၄င်းဘဏ်ကိုယ်စလှယ်တို့က တောင်သူများအပေါ်မှာ စာရွက်စာတမ်းဖိုး ကျသင့်ငွေ(၅၀)ကျပ်သာကျပါသော်လည်း
ရွာသာရွာအုပ်စု မှာ (၆)ရွာ(၁) အုပ်စုရှိပါသည် အဆိုပါ(၆)ရွာ(၁)အုပ်စုမှာ.....
၁..ရွာသာရွာ
၂..ရွာသစ်
၃..စစ်တ၀င်း
၎..ဖန်ခါးပင်
၅..တည်ပင်ကျိုး
၆..အလယ်ရွာ တို့ဖြစ်ပါသည်..ယခုတင်ပြသောရွာမှာ ရွာသာရွာ ရွာဖြစ်ပါသည် အဆိုပါ(၆)ရွာ (၁)အုပ်စုပေါင်း ဘဏ်ချေးနေကြရသောရွာသူ/သားပေါင်း(၃၂၇)ယောက်ရှိပါသည်..တစ်ဦးကို တစ်နှစ်လျှင်ကျပ် (၂၀၀၀)ပေးဆောင်ရပါလျှင်..ကျပ်ငွေပေါင်း(၆၅၄၀၀၀)ကျပ်ဖြစ်နေပါသည်အမှန်က (၅၀)ကျပ်ပဲပေးသွင်းရမှာပါ... အဆိုပါဘဏ်ကိုယ်စားလှယ်(ဦးတင်သိန်း)ကို ရွာသူ/သား များကမကျေမနပ်ဖြစ်နေပါတယ် အဆိုပါဘဏ်ကိုယ်စားလှယ်(ဦးတင်းသိန်း) နဲ့လည်း မကြားခဏ ဆိုသလို ရွာသူ ရွာသားများနှင့် ပြသနာများတက်နေပါတယ် အလွန်မိုက်ရိုင်းပါတယ် ဆဲရေးတိုင်းထွာမှု့များလည်း ခဏခဏဖြစ်နေပါတယ်လို့ ဒေသခံတောင်သူများကပြောကြားခဲ့ပါတယ် ဘဏ်ကိုယ်စာလှယ်(ဦးတင်သိန်း)နှင့် ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူး(ဦးဇော်ဝင်းထွန်း)တို့နှစ်ဦးပေါင်းပြီး လုပ်စားနေကြတာပါ ယနေ့ခေတ် အချိန်အခါမှာတော့ နိုင်ငံတော် သမ္မတကြီးမှ ကျေးလက်နေတောင်သူများ ဘ၀တိုးတက်မြင့်မားစေရန် ဆောင်ရွက်နေသောအချိန်အခါမှာ တောင်သူများအပေါ် အနိုင်ကျင့် အမြတ်ရှာ ကိုယ်ကျိုးသုံးနေကြသော ရွာသာရွာအုပ်စု အုပ်ချူပ်ရေးမှူး(ဦးဇော်ဝင်းထွန်း) နှင့် ရွာသာရွာအုပ်စု ဘဏ်ကိုယ်စားလှယ်(ဦးတင်သိန်း)တို့ နှစ်ဦး၏ တိုင်ပင်ညှိနိုင်း ကိုယ်ကျိုးရှာ တောင်သူများအား နစ်မွန်းသထက် နစ်မွန်းအောင် ပြုနေကြပါကြောင်း ပြည်သတင်းလူငယ်မှ တဆင့်တင်ပြပေးခြင်လို့ သိစေခြင်လို့ပါဗျာ အခုလိုတင်ပြပေးပြီးတဲ့နောက်ပိုင်းမှာလည်း ဌာနဆိုင်ရာများကိုလည်း အရေးယူပေးပါရန် တိုင်ကြားပါအုံးမယ်လို့ပြောခြင်ပါတယ်လို့ ဒေသခံတောင်သူများက ပြောကြားခဲ့ပါ ည်......ပြည်သတင်းလူငယ်..




No comments:

Post a Comment