ပြည်ထောင်စု မဟာဓာတ်အားလိုင်း အတွင်း မပါဝင်သော မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရန်အတွက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ ပုဂ္ဂလိက လျှပ်စစ်မီး ရောင်းချ မည်ဖြစ်ကြောင်း မွန်ပြည်နယ်တွင် ပုဂ္ဂလိက လျှပ်စစ်မီး ထုတ်လုပ်ခွင့် ရရှိထားသော Myanmar Lighting (IPP) ကုမ္ပဏီဥက္ကဋ္ဌ ဦးစိန်ဝမ်းက ပြောကြားသည်။
ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်သည့် Myanmar Lighting (IPP) ကုမ္ပဏီ၏ ၂၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် အုတ်မြစ်ချသည့် အခမ်းအနားတွင် ၄င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်အားပေးစက်ရုံကို မော်လမြိုင်မြို့တွင် ဆောက်သွားမည်ဖြစ်ပြီး ဓာတ်ငွေ့တာဘိုင် လေးလုံးနှင့် ရေနွေးငွေ့ တာဘိုင်နှစ်လုံးကို တပ်ဆင်သွားမည် ဖြစ်ကြောင်း ၄င်းဆိုသည်။

အဆိုပါလျှပ်ဓာတ်အား စတင်ဖြန့်ဝေ ရာတွင် အစိုးရက ဖြန့်ဖြူးပေးသည့် ဈေးအတိုင်း အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် လုပ်ငန်းသုံးမီတာ တစ်ယူနစ်ကို ကျပ် ၇၀ နှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်ဟိန်းကဆိုသည်။"ကျွန်တော်တို့ ဒီတိုင်းဈေးတက်လို့ မရဘူး။ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရတို့ ညှိနှိုင်းပြီး နှုန်းထားတစ်ခု သတ်မှတ်ပေးမှ ဈေးပြန်တက်မယ်" ဟု ၄င်းက ဆိုသည်။
အဆိုပါကုမ္ပဏီက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို ဖြန့်ဖြူးပြီး ပိုလျှံသော လျှပ်စစ်ဓာတ်အား များကို ရန်ကုန်တိုင်း ဒေသကြီးသို့ ဆက်လက် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရှိ
ရသည်။
No comments:
Post a Comment