Tuesday, July 30, 2013

တတိယအကြိမ် အသဲရောင်အသားဝါ`B´ပိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို (28.7.13)နေ့က ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်




Piti Charity Dispensary မှ တတိယအကြိမ် အသဲရောင်အသားဝါ`B´ပိုးကာကွယ်ဆေးထိုးနှံပေး

Piti Charity Dispensary
တတိယအကြိမ် အသဲရောင်အသားဝါ`B´ပိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို (28.7.13)နေ့က ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်
ပြည်မြို့ရဲ့ စေတနာသွေးလှူရှင် ၉၀၀ဦး ကို အခမဲ့ `B´ ပိုးကာကွယ်ဆေးထိုးပေးရာမှာ ယခု(28.7.13)နေ့ဟာ တတိယမြောက်ဆေးထိုးပေးခြင်းပါ
အသဲရောင်အသားဝါ `B´ပိုးကာကွယ်ဆေးထိုးနှံပေးခြင်းနဲ့ပါတ်သက်လို့ လာရောက်ထိုးနှံကြတဲ့ သွေးလှူရှင်တစ်ချို့နဲ့ ဆွေးနွေးဖြစ်ပါတယ် ကာကွယ်ဆေးသုံးလုံးထိုးပြီး ဆေးရဲ့ကာကွယ်မှု့အပြည့်အဝရပြီလား ပြန်လည်စစ်ဆေးဖို့လိုသေးလား နောက်ထပ်ဆေးထိုးရန်ရှိမရှိ ဆိုတဲ့မေးခွန်းလေးတွေနဲ့ သိချင်တာလေးတွေရှိနေတာကိုသိရပါတယ်
`B´ပိုးကာကွယ်ဆေးထိုးထားသူသွေးလှူရှင်များ သိချင်မယ်ထင်တဲ့ အကြောင်းအရာလေးတွေကို လေ့လာသိရှိရသလောက် `ပီတိ´အခမဲ့ဆေးခန်း စာမျက်နှာလေးကနေပြန်လည်ဖော်ပြပေးလိုက်ရပါတယ်
အသဲရောင်အသားဝါ`B´ပိုးကာကွယ်ဆေးမှာ လခြားပြီး ၃ ကြိမ်ထိုးရတဲ့ဆေး နဲ့ စားဆေးဆိုပြီး နှစ်မျိုးရှိပါတယ်
ထိုးဆေးက ဆေးညွှန်းပြည့်အောင် ၃ ကြိမ်ထိုးရင် လူတစ်ရာမှာ ၉၈ ယောက်ထိ ကာကွယ်မှု့ပေးနိုင်ပါတယ် ကာကွယ်ဆေးအနေနဲ့ ဆေးအောင်ချက်ရာနှုံးများပါတယ် ဒါပေမယ့် ကာကွယ်ဆေးထိုးနှံမှု့စနစ်ကျ/မကျ
ဆေးသိုလ်လှောင်သိမ်းဆည်းမှု့စနစ်တစ်ကျရှိမှု မရှိမှု့ အပေါ်မူတည်ပြီး ဆေးအာနိသင်ကွဲပြားမှု့ရှိနိုင်ပါတယ်
ရောဂါကူးစက်နိုင်ခြေအခွင့်အလမ်းများသူများအနေနဲ့ ဆေးအောင် မအောင် စိတ်ချရအောင် စစ်ဆေးသင့်ပါတယ်
ကာကွယ်ဆေး ၃ လုံးပြည့်အောင်ထိုးပြီး (၃)လအကြာမှာ
ပဋိပစ္စည်း(Anti-HBs) အပြည့်အဝလုပ်ဆောင်မှု့ရှိမရှိ စစ်ဆေးနိုင်ပါတယ် တစ်ဦးနဲ့တစ်ဦး အသက်အရွယ်အလိုက်/ဗီဇဖွဲ့စည်းပုံအလိုက် ပဋိပစ္စည်း(Anti-HBs) တုံ့ပြန်မှု့ မတူညီနိုင်ပါဘူး အများအားဖြင့်`B´ပိုးကာကွယ်နိုင်တဲ့အဆင့်90%-100% ကိုရောက်ရှိကြပါတယ်
B ပိုးကာကွယ်နိုင်မှု့ ဆေးအောင်/မအောင်ကိုတိုင်းရာမှာ (Anti-HBs level အပေါ်မှာမူတည်ပြီး 20 unit အထက်ဆိုရင် ကာကွယ်မှု့ပေးနိုင်ပါတယ် 100unit အထက်ရှိသူတွေလဲရှိပါတယ်
20 unit အောက်ရောက်သွားရင်တော့ Booster dose ထိုးဖို့လိုအပ်ပါတယ်
Bပိုးကာကွယ်ဆေးထိုးထားသူတွေအနေနဲ့(Anti-HBs) ပဋိပစ္စည်းကာကွယ်နိုင်တဲ့အဆင့် 100 unit~20 unit ကြားမှာ အမြဲရှိနေမှာတော့မဟုတ်ပါဘူး နှစ်ကြာလာရင်တဖြည်းဖြည်းလျော့ကျလာနိုင်ပါတယ် အဲ့ဒီအတွက် Booster dose ပုံမှန်ပြန်ထိုးပေးရပါမယ်
တစ်ချို့ ကာကွယ်ဆေးထိုးကာလမှာအကြောင်းအမျိုးမျိုးနဲ့ဆေးထိုးပျက်ကွက်သူတွေရှိကောင်းရှိနိုင်ပါတယ်
ပထမထိုးဆေးထိုးပြီး ပျက်ကွက်သွားရင်တော့ ဒုတိယထိုးဆေးကို မြန်နိုင်သမျှမြန်အောင် အနီးစပ်ဆုံးထိုးနှံရပါမယ်
ဒုတိယထိုးဆေးနဲ့ တတိယထိုးဆေးကို ၂လခြားပြီးထိုးပေးရပါမယ်
ပထမထိုးဆေး/ဒုတိယထိုးဆေးထိုးပြီး တတိယအကြိမ်ထိုးဆေးထိုးရန် ပျက်ကွက်သူများအနေနဲ့ ၃လအတွင်းအဆင်ပြေတဲ့အချိန် ထိုးနှံနိုင်ပါတယ်ဆိုတာ အသိပေးတင်ပြရင်း
ပရဟိတသွေးလှူရှင်များအားလုံး ကျမ္မာချမ်းသာစွာနဲ့ အများအကျိုးဆောင်ရွက်နိုင်သော ပြည့်သားကောင်းများဖြစ်နိုင်ကြပါစေ…

Piti Charity Dispensary

No comments:

Post a Comment