Sunday, July 7, 2013

ပြည်မြို့လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ဖုန်းမော် အမှတ်တရ ဇူလှိုင်(7) ကျောင်းသားအရေးတော်ပုံ အမှတ်တရပွဲပြုလုပ်ခဲ့ကြ...

7.7.2013 ရက်နေ့ ည(၈း၀၀)နာရီအချိန်တွင် ပြည်မြို့လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ စနေဒေါင့် နှင့် တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားအားဖူးမျှော်နိုင်သော




ရွှေဆံတော်စေတီတော်မြတ်ကြီး ပထမ အောင်မြေ(အပြင်) တွင် ဖုန်းမော် အမှတ်တရ ဇူလှိုင်(7) ကျောင်းသားအရေးတော်ပုံ ကိုအမှတ်တရပွဲပြုလုပ်ခဲ့ကြပါသည်  အဆိုပါအခမ်းအနားအမှတ်တရပွဲကို ဦးကျော်ဆန်း (နိုင်/ကျဉ်း) နှင့် ဦးမြင့်သိန်း(N.L.D)တို့ မှ ဦးဆောင်ကာ အင်အား (၂၀) ခန့်တက်ရောက်ခဲ့ပါသည် 7.ဇူလှိုင် ဖုန်းမော်နှင့် ဗ.က.သ ကျောင်းသားများ အတွက် ရွှေဆံတော်စေတီတော်မြတ်ကြီးစနေဒေါင့်တွင် အမျှဝေခြင်း ပန်းလှုခြင်း ဆီမီးထွန်းခြင်း မေတ္တာပို့ဝေခြင်းများကို အစီအစဉ်(၅) ခုနှင့်ပြုလုပ်ခဲ့ကြ ပြီး တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားအား ဖူးမျှော်နိုင်သောရွှေဆံတော်ရင်ပြင်တော်ပေါ်ရှိ ပထမ အောင်မြေ (အပြင်) မှာ ( (၁၉၆၅ ခုနှစ် ကျောင်းသားအရေးတော်ပုံ ဇူလှိုင်(7)ရက် )စာတမ်းပါ စာအုပ်ကို ဦးကျော်ဆန်း(နိုင်/ကျဉ်း) နှင့် ဦးမြင့်သိန်း(N.L.D)တို့မှ ဖက်ကြားသွားခဲ့ပြီး အမှတ်တရ စကားဝိုင်းများပြုလုပ်ပြီး အခမ်းအနားကို (၈း၅၄)မိနစ်အချိန်တွင် ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်....


No comments:

Post a Comment