ပြည်မြို့က မီးဆန္ဒပြ တစ်ကိုယ်တော်ဝင်းလှိုင် ထောင်(3)လကျခဲ့....
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ် န၀င်းနယ်မြေ ၀ါရုံရက်ကွက် အကောက်တည်းလမ်းနေ အိမ်အမှတ်(56) အဖ..ဦးမောင်လေး..၏သား ကိုဝင်းလှိုင် (၇/ပမန(နိုင်) 111652 )ကိုင်ဆောင်သူ တစ်ကိုယ်တော်ကိုဝင်းလှိုင်သည်...2012 မီးဆန္ဒပြမှု့ (အဖွဲ့လိုက်)..28.2.2013 မီးဆန္ဒပြမှု့ (အဖွဲ့လိုက်)..29.2.2013 မီးဆန္ဒြ့မှု့ (တစ်ကိုယ်တော်) သုံးကြိမ် မီးဆန္ဒပြခဲ့ရာ ပုဒ်မ(18)ဖြင့် တရားစွဲ ခံထားရပြီး (11.6.2013) ရက်နေ့ မှာခရိုင်တရား ရုံးမှာ တရားသူကြီး ဒေါ်သီရိတင်မှ 28.2.2013 မီးဆန္ဒပြ(အဖွဲ့လိုက်) အမှု့နှင့်29.2.2013 မီးဆန္ဒပြ(တစ်ကိုယ်တော်)တို့ တစ်နေ့တည်းဆောင်ရွက်ခဲ့ပြီး 28.2.2013 ရက်နေ့အဖွဲ့လိုက်မီးဆန္ဒပြမှု့ကိုတော့ ဒဏ်ငွေကျပ်(10000)တစ်သောင်း ကျပ် စီဆောင်ခဲ့စေပြီး တစ်ကိုယ်တော်ဆန္ဒပြမှု့ကိုတော့ (ငွေဒဏ်မပါ.ထောင်(၃)လကျခံစေဆိုတာကို ခရိုင်ရုံးတော်မှ တရားသူကြီး ဒေါ်သီရိတင်မှ ချတ်ခဲ့ပါပါကြောင်း အရင်ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ 2012.မီးဆန္ဒပြမှု့ (အဖွဲ့လိုက်)ကိုတော့ အခုလာမဲ့14.6.2013ရက်နေ့မှာ ခရိုင်တရားရုံးတော်မှာ စီရင်ချတ်ချမှတ်မည်ဟုသိခဲ့ရပါတယ် အဆိုပါတရားစီရင်မှု့ ကိုတော့ တစ်ကိုယ်တော် ကိုဝင်းလှိုင် ထောင်ထဲမှနေပြီးအမှု့ရင်ဆိုင်ရပါမည်

မှတ်မိကြအုံးမယ်ထင်ပါတယ်
(5.7.2013)နေ့သူ့ကိုမေးခဲ့တယ်....ဘာပြောချင်သေးလည်းဆိုတော့သူက....
ပြည်သူတွေအားလုံး ပုဒ်မ(၁၈)တို့ (၅၀၅..ခ)တို့ကို ၀ိုင်းဝန်းတိုက်ဖျတ်ကြပါ ဒါတွေပျောက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာပါ သမ္မတကြီးရေ ဘာတွေလိုအပ်တယ် လွှတ်တော်ကြီးရေဘာတွေလိုအပ်နေတယ်အဲလိုပြောလို့ရအောင်လို့ ဒီပုဒ်မ(၁၈)နှင့် (၅၀၅..ခ)တို့ မရှိမှရမှာပါအဲဒါကိုတော့သိထားဖို့လိုပါတယ် အဲအတွက်ကျွန်တော်တို့ပြည်သူတွေဘာမှကြောက်နေစရာမလိုဘူး ညီညွှတ်မှ လိုချင်တာကိုရမှာပါ....
သူ့ကိုမေးခဲ့တယ်...ဒီထောင်ထဲမှာနေရတဲ့ အခတ်အခဲလေးရှိပါသလား....
ထောင်ထဲမှာတော့ဘာအခက်အခဲမှမရှိပါဘူး အားလုံးအဆင်ပြေပါတယ် အေးအေးဆေးဆေးပါပဲ တိုက်ပိတ်ချိန်ပိတ်တယ် တိုက်ဖွင့်ပေးချိန်လမ်းလျှောက်ရပါတယ် ကျန်းမာရေးအတွက်လုပ်ရတာပါ.....
(5.7.2013)နေ့ကသူ့ကိုမေးခဲ့တယ်...အရမ်းအပြောချင်ဆုံးစကား.....
ကျွန်တော်ပြောချင်တာကတော့ ပုဒ်မ(၁၈)နဲ့ ကျွန်တော့ကိုထောင်ချခဲ့ပါတယ် ဒီအမှု့ဟာ မြောက်လားမမြောက်ဘူးလား....ဆွဲသင့်သလားမဆွဲသင့်ဘူးလား...တရားရုံးမှာရှိတဲ့ တရားသူကြီးတွေ ဥပဒေအကြံပေးအရာရှိတွေ စဉ်းစားစေချင်ပါတယ်...ကျွန်တော်ခံခဲ့ရတဲ့ဒီအမှု့ဟာ ပုဒ်မ(၁၈)နဲ့မမြောက်ဘူးဗျာ့...မမြောက်တာတွေကို တရားသူကြီးနှင့် ဥပဒေ အကြံပေးအရာရှိတွေက တရားဥပဒေ စိုးမိုးမှူ့မရှိဘူး တရားဥပဒေရဲ့စိုးမိုးမှု့ကို ရဲရဲတင်းတင်း မဆုံးဖြတ်ရဲကြပါဘူး ဥပဒေ အကြံပေးအရာရှိတွေကလည်း ကျွန်တော်တို့ ပြည်သူတွေဖက်မှာမရှိပါဘူး တရားလို ရဲအကျိုးဘက်ကနေပြီးလိုက်ကြတယ် အဲဒါကြောင့်မလို့ပေါ့ဗျာ ဥပဒေကို ဥပဒေအတိုင်း မမြင်ကြတော့ တရားရေး မဏ္တိုင်ဖြောင့်မတ်ဖို့လိုနေပါပြီ လို့ ကျွန်တော်ပြောချင်ပါတယ်...
(5.7.2013)နေ့သူ့ကိုမေးခဲ့တယ်...ကိုယ်ပြောခဲ့တဲ့စကားတာဝန်ယူမှု့ရှိမရှိလို့....
ရယ်မောစွာနဲ့ ကျွန်တော်ပြောခဲ့တဲ့စကားတွေအားလုံးကို ကျွန်တော်တာဝန်ယူပါတယ် လုပ်ရဲရင်ခံရဲတယ်ဗျာ ကျွန်တော်တို့ပြည်သူတွေ ကလုပ်ရဲရင်ခံရဲကြတယ် လုပ်ရဲပြီးမခံရဲတာ အစိုးရပါ အဲလိုဖြစ်နေပါတယ် ကြိုက်တဲ့ ပုဒ်မတပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်နေတာပါ ....
(5.7.2013)နေ့သူ့ကိုမေးခဲ့ပါတယ်....ဘယ်နေရာကနေဒီစကားတွေပြောနေပါသလည်းလို့........
No comments:
Post a Comment