Saturday, July 30, 2016
ပြည်မြို့တွင်ဆေးခြောက်ဖမ်းဆီးရမိ
Leave a Comment
ပြည်မြို့တွင်ဆေးခြောက်ဖမ်းဆီးရမိ
ပြည် ဇူးလိုင်(၂၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့နယ် ၊တောင်ကုန်းကျေးရွာ၊
ငါးခူအိုင်အုပ်စုတွင်နေအိမ်အတွင်းရှိ သစ်သားကြောင်အိမ်အတွင်းမှ
သတင်းစာစက္ကူဖြင့်ထုပ်လျှက် အနက်ရောင်ပလပ်စတစ် ကြွပ်ကြွပ်
အိတ်နှင့်ထည့်ထားသော အရွက်၊အရိုး၊အစေ့များနှင့်ငွေစက္ကူများဖမ်း
စည်းရမိကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ကြည်၏ ညွှန်ကြား
မှုဖြင့် ပြည်ခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစုမှ ရဲအုပ် စိုးမင်း၊ဒုရဲအုပ် လှမင်း၊
တပ်ကြပ်ကြီး မင်းသိန်းထက်၊ တပ်ကြပ် အောင်ဆန်းဦး၊ တပ်ကြပ် ဇော်
ဇော်၊ တပ်ကြပ် နိုင်လင်းအောင်၊တပ်ကြပ် မျိုးဝင်းထွန်း၊ တသ ဇာနည်
ထွန်း တို့သည် သက်သေများနှင့်အတူ (၂၉-၇-၂၀၁၆)ရက်နေ့ ညနေ
(၆)နာရီ(၃၀)အချိန်ခန့် ပြည်မြို့နယ်၊ တောင်ကုန်းရွာကျေးရွာ၊ ငါးရွာ
အုပ်စုနေထွန်းထွန်း(၃၈)နှစ်၏ နေအိမ်တွင်မူးယစ်ဆေးဝါး ရောင်းချေ
နကြောင်းသတင်းအရ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ နေအိမ်၌ ကိုထွန်း
ထွန်းနှင့် ၄င်းအိမ်သို့ရောက်ရှိနေသူ ကိုမင်းမင်းအားတွေ့ရပြီး နေအိမ်အ
တွင်းရှိ သစ်သားကြောင်အိမ်အတွင်းမှသတင်းစာစက္ကူဖြင့်ထုတ်လျှက် အနက်ရောင်ပလပ်စတစ်ကြွပ်ကြွပ်အိတ်နှင့်ထည်းထားသော အရွက် ၊
အရိုး၊အစေံပါ အလေးချိန်(၉)ဂရမ်ရှိသော ဆေးခြောက်ထုပ်(၁)ထုပ်၊
တန်ဘိုး တစ်ဂရမ် ၂၁၀x၃၀=၆၃၀၀ တို့အားလည်းကောင်း၊သစ်သားေ
ကြာင်အိမ်ပေါ်မှ09965899361 နံပါတ်ဖြင့် SIM CARDပါ KENBOအမျိုး
အစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးအားလည်းကောင်း၊နေအိမ်ပေါ်
ရှိကြိတ်သားဘီရိုအောက်မှ MOW အင်္ဂလိပ်စာလုံးများပါ ကာကီရောင်ဇစ်
ဆွဲသားရေ ပိုက်ဆံအိတ်ဖြင့်ထည့်ထားသော မြန်မာငွေစက္ကူရောရာ(၃၃၇
၀၀၀ိ/)ကျပ်တို့အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံသိမ်း
ဆည်းခဲ့ကြောင်းရဲတပ်ဖွဲ့မှတ်တမ်းအရသိရသည်။
ထို့ကြောင့် အမှုနှင့်ပတ်သက်၍ ကိုထွန်းထွန်းနှင့်ကိုမင်းမင်းတို့အား ထပ်မံ
စစ်ဆေးရာဖမ်းဆီးရမိသော ဆေးခြောက်များကိုခရမ်းကုန်းတာရိုး၊ပြည်သာ
ယာရပ်ကွက်နေ ကိုအောင်ကြီး(ခ)သူရအောင်(၃၅)နှစ်၊သုံးဘီးအဌားယာဉ်ေ
မာင်း(ပြည်(၃)ရဲစခန်း မယ(ပ)၁/၂၀၁၆ မူးစိတ်တား ပုဒ်မ ၁၅/၁၉(က)/၂၀
(က)အမှုမှပြစ်မှုကျုးလွန်သူ)ထံမှ ၂၀၁၆ခုနှစ်၊ဖေ လပိုင်းကဆိုင်ကယ်နှင့်နေ
အိမ်သို့လာရောက်ရောင်းချသဖြင့်ဝယ်ယူသုံးစွဲခဲ့ကြောင်းစစ်ဆေးသိရှိရသည်
ဟုဆို၏။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများရောင်းချရန်အလို့ဌါ လက်ဝယ်သုံးစွဲ
သူ ကိုထွန်းထွန်းနှင့်ကိုမင်းမင်းတို့အား အရေးယူပေးပါရန် ဒုရဲအုပ်လှမင်းမှတ
ရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်(၃)နယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၆ မူး
စိတ်တားပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိေ
ကြာင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Thursday, July 28, 2016
Vivo ဝန်ထမ်းများနှင့်အလုပ်ရှင်အကြား နောက် ကျန်နေသေးတဲ့ အချက်တစ်ချက်အား ဒုတိယအ ကြိမ်ထပ်မံညှိနှိုင်း ပြည့်သဲမောင် (ပြည်)09-4236 71883
Leave a Comment
Vivo ဝန်ထမ်းများနှင့်အလုပ်ရှင်အကြား နောက်
ကျန်နေသေးတဲ့ အချက်တစ်ချက်အား ဒုတိယအ
ကြိမ်ထပ်မံညှိနှိုင်း
ပြည် သတင်းတို ဇူလိုင်(၂၈)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ ၊ဆံတော်ရပ်ကွက် ၊လမ်းရှည်လမ်း၊
ရုံးလမ်းနှင့်စစ်ကဲလမ်းကြားရှိ vivo smart phone ရုံးခွဲမှမာန်နေဂျာ
တာဝန်ခံ အလုပ်ရှင် ရှီးကော်(ခ)ရှီးယွီးလွင်နှင့် vivo smart phone
ရုံးခွဲမှ ဝန်ထမ်းများနှင့် အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုနောက်ဆုံး
ကျန်နေသေးတဲ့ အချက်တစ်ချက်အားဇူလိုင်(၂၈)ရက်နေ့ နေ့လည်(၂)
နာရီအချိန် ပြည်မြို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်
အားဝန်ကြီးဌာန အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေရုံး၌ ထပ်မံ
ညှိုနိုင်းမှုများ ဆောင်ရွက်နေကြောင်း ကနဦးသတင်းရရှိသည်။
အဆက်လက်ညှိုနိုင်းရန် ကျန်နေသော အချက်မှာဖုန်းတစ်လုံးခြင်းစီ၏
အချိုးအစားအလိုက် ရာခိုင်နှုန်းခံစားခွင့်ပေးရန် ကိစ္စဖြစ်ပြီး ထိုကိစ္စအား
အလုပ်ရှင်နှင့်အလုပ်သမား သဘောတူညီချက်ထပ်မံရယူ၍ သက်ဆိုင်
ရာအလုပ်သမားဥပဒေများနှင့်အညီ စာချုပ်ချုပ်ဆိုရန် ယခုရုံးသို့ထပ်မံေ
ရာက်ရှိခဲ့ကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Wednesday, July 27, 2016
EAST TO FASHION DESIGN အပ်ချုပ်ဆိုင် နှင့် အပ်ချုပ်သင် တန်း
Leave a Comment
EAST TO FASHION DESIGN
အပ်ချုပ်ဆိုင် နှင့် အပ်ချုပ်သင် တန်း
                         မှ
မိုးရာသီအထူးPromotionစတင် လိုက်ပါပြီ
Designer တစ် ယောက်ဖြစ်ဖို့ ရည်မှန်း
ထားသူများ ကိုယ်ပိုင် စီးပွားရေးလုပ် လို
သူများ ဝါသနာပါလို့ ပဲဖြစ်ဖြစ် အတတ်
ပညာတစ်ခုကို သင်ယူတက် မြောက်နိုင်
မည့်အခွင့်အရေးကို ဝါရင့်ကျွမ်းကျင်ဆရာမ
များကိုယ်တိုင် သင် ကြားပေးမှာပါ
           ယခင် သင် တန်းကြေး(600000)
           ယခု Discount          (300000)
သင် တန်းသူ(၁၀)ဦး သာလက်ခံပါမည်။
အမြန်စာရင်းပေးသွင်းနိုင် ပါပြီ။
သင် ကြားပေးမည့်ဘာသာရပ်များကတော့
မိန်းခလေးဝတ်နဲ့ ပတ်သတ်တဲ့ဘာသာစုံ
ဒီဇိုင်းစုံ အတတ်သင်ပေးမှာပါ။အ ခြေခံ
မရှိသူများကို အခြေခံစက်နင်းမှစလို့ကိုယ်
ပိုင် ဆိုင် ဖွင့်နိုင် တဲ့အထိ သင်ကြား
ပေမှာဖြစ် ပါသည်။ စိတ်ဝင် စားတယ်
ဆိုရင်တော့.....
PH:09-73145499/ 09-794114740
Viber : 09-791184350
Smile Moldel အောက်
Read More...
အလုပ်သမားနှင့်အလုပ်ရှင်တို့အကြား ဖြစ်ပွားသော အငြင်းပွားမှု တိုင်ကြားချက်အား ဖြေရှင်းပေးနေသော်လည်း ယခုထိပြေလည် မှုမရရှိသေး
Leave a Comment
အလုပ်သမားနှင့်အလုပ်ရှင်တို့အကြား ဖြစ်ပွားသော အငြင်းပွားမှု
တိုင်ကြားချက်အား ဖြေရှင်းပေးနေသော်လည်း ယခုထိပြေလည်
မှုမရရှိသေး
ပြည် သတင်းတို ဇူလိုင်(၂၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ ၊ဆံတော်ရပ်ကွက် ၊လမ်းရှည်လမ်း၊
ရုံးလမ်းနှင့်စစ်ကဲလမ်းကြားရှိ vivo smart phone ရုံးခွဲမှမာန်နေဂျာ
တာဝန်ခံ အလုပ်ရှင် ရှီးကော်(ခ)ရှီးယွီးလွင်နှင့် vivo smart phone
ရုံးခွဲမှ ဝန်ထမ်းများဖြစ်ကြသော ကိုမျိုးဆွေဦးနှင့် ကိုရန်နိုင်ဖြိုး တို့ပါ၊
ဝန်ထမ်း(၂၉)ဦး လက်မှတ်ထိုးတိုင်ကြားထားသော အလုပ်ရှင်နှင့်
အလုပ်သမားအငြင်းပွားမှုအား ဇူလိုင်(၂၇)ရက်နေ့ နေ့လည်(၁)နာ
ရီအချိန် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ညှိနှိုင်း
ဖြေရှင်းမှုများ ဆောင်ရွက်နေပြီးယခု (၁)နာရီ (၄၆)မိနစ်အချိန်အထိ
ပြေလည်မှုမရှိသေးကြောင်း  ကနဦးသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Tuesday, July 26, 2016
အလုပ်သမားနှင့်အလုပ်ရှင်တို့အကြား ဖြစ်ပွားသော အငြင်းပွားမှု တိုင်ကြားချက်အား ဖြေရှင်းပေးမည်ဟုသိရ
Leave a Comment
အလုပ်သမားနှင့်အလုပ်ရှင်တို့အကြား ဖြစ်ပွားသော အငြင်းပွားမှု
တိုင်ကြားချက်အား ဖြေရှင်းပေးမည်ဟုသိရ
ပြည် သတင်းတို ဇူလိုင်(၂၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ ၊ဆံတော်ရပ်ကွက် ၊လမ်းရှည်လမ်း၊
ရုံးလမ်းနှင့်စစ်ကဲလမ်းကြားရှိ vivo smart phone ရုံးခွဲမှမာန်နေဂျာ
တာဝန်ခံ အလုပ်ရှင် ရှီးကော်(ခ)ရှီးယွီးလွင်နှင့် vivo smart phone
ရုံးခွဲမှ ဝန်ထမ်းများဖြစ်ကြသော ကိုမျိုးဆွေဦးနှင့်ကိုရန်နိုင်ဖြိုးတ်ု့ပါ၊
ဝန်ထမ်း(၂၉)ဦး လက်မှတ်ထိုးတိုင်ကြားထားသော အလုပ်ရှင်နှင့်
အလုပ်သမားအငြင်းပွားမှုအား ဇူလိုင်(၂၇)ရက်နေ့ နေ့လည်(၁)နာ
ရီအချိန် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ညှိနှိုင်း
ဖြေရှင်းမှုများ ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် အဆိုပါ ဝန်ထမ်း
များအား ခေါ်ထားကြောင်းကနဦးသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
ပြည်မြို့ ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသည့် နေရာများသို့ ပဲခူးတိုင်းဝန်ကြီးချုပ် သွားရောက်ကြည့်ရှု - - - - - - - - - -
Leave a Comment
ပြည်မြို့ ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသည့် နေရာများသို့ ပဲခူးတိုင်းဝန်ကြီးချုပ် သွားရောက်ကြည့်ရှု
- - - - - - - - - -
သီဟလွင်( မြစ်မခ)
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ရှိ့ ပြင်းထန်ကူးစက်မြန်ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသည့် ဇစ်မြစ်နေရာဟု ယူဆရသောမလကာကုန်းရပ်ကွက် အတွင်းသို့ ယခုဇူလိုင်လ(၂၆)ရက်နေ့ ညနေ(၆)နာရီခန့်က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
“ဘယ်လိုဆောက်ရွက်ပေးရင်ကောင်းမလဲကလို့ ကျနော်တို့လာကြည့်တာသတင်းအချက်အလက် ကတော့ ကျနော်တို့ရပြီးသွားပြီ ကျန်းမာရေးနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကို လွှတ်ပေးထားတယ်။ နောက်ပြီးတော့ ဒီမှာရှိတဲ့ FDAကိုစစ်ခိုင်းထားတယ်။ ဒီမှာရှိတဲ့ရေတွေကို စစ်မယ်။ဓာတ်ခွဲခန်းက ရန်ကုန်မှာပဲရှိတာဆိုတော့ရန်ကုန်ကိုပို့ပြီးစစ်ဆေးခိုင်းဖို့တော့ရှိတယ်”ဟုပဲခူးတိုင်းဝန်ကြီးချုပ်ကပြောသည်။
လက်ရှိအချိန်ထိ ပြည်မြို့ထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်ကုသသော
ဝမ်းပျက်ဝမ်းလျော လူနာ(၁၅၀)ဦးထိရှိနေပြီ တစ်ဦသေဆုံးခဲ့ကြောင်းသိရသည်။
Shwe Myitmakha Media Group
https://www.facebook.com/myitmakhanews
Read More...
Monday, July 25, 2016
ပြည်မြို့တွင် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး ကူးစက်မြန်ပြင်းထန် ၀မ်းရောဂါ ဖြစ်ပွားသူများ ထပ်မံတွေ့ရှိ
Leave a Comment
ပြည်မြို့တွင် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး ကူးစက်မြန်ပြင်းထန် ၀မ်းရောဂါ ဖြစ်ပွားသူများ ထပ်မံတွေ့ရှိ
ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့တွင်း ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ဆက်လက်မြင့်တက် လျက်ရှိပြီး ကူးစက်မြန် ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများ ထပ်မံတွေ့ရှိနေကြောင်း သိရသည်။
ဇူလိုင် ၉ ရက်မှ စ၍ ပြည်ခရိုင်တွင်း ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု စတင်ဖြစ်ပေါ်ခဲ့ကာ ဇူလိုင် ၂၂ ရက်တွင် ၉၆ ဦး၌ ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွား သူ ၅၀ ဦးခန့် တစ်ဦးသေဆုံး ဇူလိုင် ၂၃ တွင် ၁၀၄ ဦး၊ ဇူလိုင် ၂၄ ရက်တွင် ၁၁၂ ဦး ဇူလိုင် ၂၅ ရက် နေ့လယ်အထိ ၁၁၉ ဦးထိ ရှိလာ ပြီးဖြစ်ကြောင်း ယင်းတို့အထဲတွင် ကလေးငယ်များလည်း ပါဝင်ကာ ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားသူများလည်း ထပ်မံတွေ့ရှိကြောင်း သိရသည်။
“ဒီနေ့မနက်မှာတင် လူကြီးငါးဦး ကလေး နှစ်ဦးမှာ ပြင်းထန်ကူးစက်က နှစ်ယောက်ပါလာတယ်။ ဖြစ်ပွားနေမှုတွေ အတွက် မနေ့ကလည်း တပ်မတော်သား ကိုယ်စားလှယ်ကို အကြောင်းကြားပါတယ်။ ဆင့်ကဲဆင့်ကဲ အကြောင်းကြားပြီး ဒီနေ့မနက်မှာလည်း တပ်မတော်သား ကိုယ်စားလှယ် အယောက် တစ်ရာလောက်နဲ့ ကျန်းမာရေးဘက်ကလည်း နေပြည်တော် တိုင်းကျန်းမာရေးက ဆရာကြီးတွေ ခရိုင်ကျန်းမာရေးနဲ့ ပေါင်းစပ်ပြီး ဒီရောဂါကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေပါတယ်။ လောလောဆယ်တော့ သေဆုံးသူ တစ်ဦးပဲ ရှိပါသေးတယ်။ စဖြစ်တဲ့အချိန်ကနေ ဒီနေ့ အထိပေါ့” ဟု ပြည်မြို့နယ်အမှတ် (၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ပြောကြားသည်။
လက်ရှိအချိန်ထိ ရောဂါအများဆုံး ဖြစ်ပွားနေရာ ပြည်မြို့၊ မကလာကုန်း ရပ်ကွက်အတွင်း ရေ၀ပ်နေရာများမှ ရေပုပ်များအား စုပ်ထုတ်ခြင်း ထပ်မံရေမ၀င် ရောက်နိုင်ရန် တမံဘောင်များဖို့ခြင်း၊ ယာယီဆေးခန်းများ ဖွင့်ခြင်း၊ ကယ်လိုရင်းခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
“ဒီမှာ ၀ပ်နေတဲ့ ရေပုပ်တွေကိုဆယ် ထုတ်မယ်။ ဒီဘက်က ရေတွေလိုက်မသွား အောင်ကန့်ပြီး ရေပုပ်တွေ ထွက်သွားအောင် ဆယ်ထုတ်ပစ်မယ် မြန်မာ့တပ်မတော် မီးသတ်သန္ဓေ၊ အရန်၊ ကြက်ခြေနီ နယ်မြေခံ ပြည်သူတွေနဲ့ ၀ိုင်းဝန်းပြီးတော့ အကောင်ထည်ဖော် ဆောင်ရွက်ပြီးကာမှ ဒီနေရာမှာတင် မဟုတ်ဘဲ သဘာဝဘေး ဖြစ်တဲ့နေရာတွေမှာ ခရိုင်အုပ်ချုပ်ရေး၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံဥာဏ်တွေနဲ့ ၀ိုင်းဝန်းပြီး သဘာဝဘေးမှာ ကျန်းမာရေးလည်း ပါတာပေါ့။ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်က ပြောကြားသည်။
ရောဂါဖြစ်ပွားရာ နေရာများမှ မိသားစုဝင်များအား န၀င်းဝါဆိုကျောင်း ဓမ္မာရုံတွင်း ရွှေ့ပြောင်းနေရာချထားခြင်း၊ ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်သည့် အခြေအနေ ရောက်သည်အထိ ပြည်မြို့တွင်း မုန်ဟင်းခါးနှင့် လက်သုပ်ဆိုင်များ ၀မ်းနူးစေသည့် စားသောက်ဆိုင်များကို ပိတ်ခိုင်းထားခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  
Eleven Media Group
Writer:
ဝေလင်း (ပြည်)
Read More...
မျိုးဆက်သစ် Vip ကား ရပ်ထားသော ကုန်ကားအား ဝင်တိုက်မှုဖြစ် ပြည့်သဲမောင်(ပြည်)09-4236 71883
Leave a Comment
မျိုးဆက်သစ် Vip ကား ရပ်ထားသော ကုန်ကားအား
ဝင်တိုက်မှုဖြစ်
ဥကံ္က ဇူလိုင် (၂၆)ရက်နေ့
ပြည်မြို့ကားကြီးကွင်းမှရန်ကုန်မြို့သို့ ဇူလိုင်(၂၅)ရက်နေ့
ည (၁၁)တွင် ထွက်လာသော မျိုးဆက်သစ်ယာဉ်လိုင်းမှ
vipအထူးကားသည်သာယာဝတီခရိုင် ဥကံ္ကမြို့အနီးငဖြူ
လေးအရပ်တွင် ဇူလိုင်(၂၆)ရက်နေ့နံနက် ၃နာရီခန့်အချိန်
အချိန်ခန့် စက်ချို့ယွင်းမူကြောင့်ပျက်နေသဖြင့် ရပ်ထားေ
သာကုန်ကားအား ဝင်တိုက်မိခဲ့သဖြင့် ကားမှာ ဦးခေါင်းပိုင်း
တစ်ခုလုံး ကြေမွသွားသော်လည်း ခရီးသည်များထိခိုက်ဒဏ်
ရာရရှိမှု မရှိပါကြောင်းသိရသည်။
ဓါတ်ပုံ  ခန့်ကျော်စွာ
ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
ပြည်မြို့ကအလုံပိတ်တဲများကိစ္စနောက်ဆက်တွဲ . . . "
Leave a Comment
ပြည်မြို့ကအလုံပိတ်တဲများကိစ္စနောက်ဆက်တွဲ . . . 
"  ပြည်မြို့ရှိအလုံပိတ်စားသောက်ဆိုင်ခန်းများနှင့်စားသောက်ဆိုင်အမည်ခံပြီးလိုင်စင်မရှိဘဲတည်းခိုခန်းသဖွယ်ဖွင့်လှစ်ထားသောဆိုင်ခန်းများစစ်ဆေးသတိပေး"
          ပြည်မြို့ပေါ်တွင်စားသောက်ဆိုင်|လက်ဘက်ရည်ဆိုင်|အအေးဆိုင်များအမည်ခံကာတရားမဝင်အလုံပိတ်အခန်းများထားရှိရာလူငယ်လူရွယ်များကျောင်းသား/ကျောင်းသူများအလွယ်တကူလာရောက်ချိန်းတွေ့နေကြသဖြင့်လူငယ်များအကျင့်စာရိတ္တပျက်ပြားစေကြောင်းသတင်းများအရပြည်ခရိုင်ရဲတပ်ဖွဲ့မှူးး
ဒုတိယရဲမှူးးကြီးမြင့်ကြည်၏လမ်းညွှန်မှုနှင့်အညီ
ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးးရဲမှူးးမောင်မောင်စိုးပြည်မြို့
မရဲစခန်းမှူးဒုရဲမှူးးမျိုးမြင့်|ဒုတိယမြို့နယ်အုပ်ချုပ်ရေး
မှူးဦးလှဌေးဇော်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဦးစီးအရာရှိဦးအောင်အောင်ဖြိုး|ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်ဦးအေးချို |နဝဒေးရပ်ကွက်အုပ်ချုပ်ရေးမှူးးဦးပန်း
ကြည်|ကျောင်းကြီးအိုးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်မောင်ခင်|ရဃာဘဲရပ်ကွက်ရာအိမ်မှူးးဦးခင်မောင်ကြည်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည်ပြည်မြို့ပေါ်ရှိဆိုင်ပေါင်း(၁၁)ဆိုင်အား(၂၅.၇.၂၀၁၆)ရက်နေ့နံနက်(၁၀:၄၀)နာရီမှ
နေ့လည်(၂)နာရီ(၁၅)မိနစ်အချိန်ထိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှရ၏
    ထိုသို့စစ်ဆေးရာတွင်တည်းခိုခန်းသဖွယ်အခန်းဖွဲ့ထားပြီးအခန်းတွင်း၌ကုတင်နှင့်မွေ့ယာများခင်း၍ထားရှိကြောင်းစစ်ဆေးတွေ့ရှိရပြီးတည်းခိုခန်းလိုင်စင်ရရှိရေးအတွက်(၂၁.၇.၂၀၁၆)ရက်နေ့တွင်ပြည်မြို့နယ်စည်ပင်
သာယာရေးအဖွဲ့သို့တည်းခိုခန်းလိုင်စင်လျှောက်
ထား ထားရှိကြောင်း|လိုင်စင်ခွင့်ပြုချက်မရသေး၍
တည်းခိုသူများအားလက်မခံသေးကြောင်း|ဆိုင်ရှင်မှပြောဆိုခဲ့သော်လည်းအခန်းများအတွင်း၌
တည်းခိုသူများအားအချိန်ပိုင်းလက်ခံသည့်အနေ
အထားများတွေ့ရှိသောကြောင့်ပူးပေါင်းအဖွဲ့မှဆိုင်အားလုံးဝပိတ်ထားရန်နှင့်တည်းခိုခန်း
လိုင်စင်ရရှိမှသာဆက်လက်ဆောင်ရွက်ရန်|လိုက်နာခြင်းမရှိပါကတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေအရအရေးယူမည်ဖြစ်ကြောင်း
သတိပေးမှာကြားခဲ့ကြောင်းသိရသည်
       ကော်ဖီဆိုင်အမည်ခံ၍တဖက်ဖွင့်အလုံပိတ်တဲများအားစစ်ဆေးရေးပူးပေါင်းအဖွဲ့မှဌင်းတဲများ
ကို(၃)ရက်အတွင်းအပြီးဖျက်သိမ်းရန် ဖျက်သိမ်း
ခြင်းမပြုပါကတိုင်းဒေသကြီးစည်ပင်သာယာရေး
ဥပဒေအရအရေးယူမည်ဖြစ်ကြောင်းသတင်းရရှိ
သည်
                        မိုးမခ(ပြည်)
                  မှုခင်းသတင်းထောက်
    မြန်မာနိုင်င်ငံမှုခင်းသတင်းထောက်များအသင်း(ပြည်)
Read More...
အလုပ်သမားနှင့်အလုပ်ရှင်တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုဖျန်ဖြေပေးရန် ရုံးရှေ့ပလက်ဖေါင်းပေါ်တွင် ညအိပ်ခါစတင်ထိုင်သပိတ်ပြုလုပ် ပြည့်သဲမောင်(ပြည်)094236 71883
Leave a Comment
အလုပ်သမားနှင့်အလုပ်ရှင်တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုဖျန်ဖြေပေးရန်
ရုံးရှေ့ပလက်ဖေါင်းပေါ်တွင် ညအိပ်ခါစတင်ထိုင်သပိတ်ပြုလုပ်
ပြည် သတင်းတို ဇူလိုင်(၂၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊  ပြည်မြို့ ၊ဆံတော်ရပ်ကွက် ၊လမ်းရှည်လမ်း၊
ရုံးလမ်းနှင့်စစ်ကဲလမ်းကြားရှိ vivo smart phone ရုံးခွဲမှမာန်နေဂျာ
တာဝန်ခံ အလုပ်ရှင်နှင့် vivo smart phone ရုံးခွဲမှ ဝန်ထမ်းများအား
(၂၅.၇.၂၀၁၆)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် စာချုပ်ချုပ် အတင်းအ
ဓ္ဓမစာချုပ်ချုပ်ခိုင်းသဖြင့် ဝန်ထမ်းများမှ လက်မခံခဲ့ကြောင်း လုပ်အား
ခများ နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ထားသဖြင့် စာချုပ်ချုပ်ဆိုခိုင်းခြင်း
အား အလုပ်သမားရေးရာ အငြင်းပွားမှုဖြစ်ပေါ်နေသဖြင့် ဖြေရှင်းပေး
ရန် ဇူလိုင်(၂၅)ရက်နေ့ ညနေ(၆)နာရီမှစတင်ကာ အဆိုပါ ရုံးခွဲရှေ့ပ
လက်ဖောင်းပေါ်တွင် ညအိပ်ခါထိုင်သပိတ်ပြခဲ့ခြင်းဖြစ်ကြောင်း ကနဦး
သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Saturday, July 23, 2016
သုံးဘီးဆိုင်ကယ်မောင်းနှင်သူတစ်ဦး ရဲစခန်းအနီးအချိုရည်ပုလင်းဖြင့် ပစ်ပေါက်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ ပြည့်သဲမောင်(ပြည်)09 42366 71883
Leave a Comment
သုံးဘီးဆိုင်ကယ်မောင်းနှင်သူတစ်ဦး ရဲစခန်းအနီးအချိုရည်ပုလင်းဖြင့်
ပစ်ပေါက်ခံရသဖြင့် ဒဏ်ရာရရှိခဲ့
ပြည် ဇူလိုင်(၂၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို.၊ခေတ္တရာမြို.သစ်ရပ်ကွက်၊(၆/၅)
လမ်းနေထိုင်သူ ကိုတင်လှအုန်း(၄၇)နှစ်၊(ဘ)ဦးဖိုးညီ၊သုံးဘီးမောင်းသူသ
ည် ဇူလိုင်(၂၂)ရက်နေ့ ည (၁၀)နာရီ(၃၀)မိနစ်အချိန်ခန့်ခေတ္တရာမြို.သစ်
ရပ်ကွက်၊(၂/၁၀)လမ်းနေ၊ဦးအောင်မိုးကားဘော်ဒီလုပ်သူတို.မိသားစုအား
ပြည်မီးရထားဘူတာသို.လိုက်ပါပို့ဆောင်စဉ် ရဲစခန်းအနောက်ကိုက်(၁၀၀)
ခန်.၊ ပြည်မြို. ၊ဆံတော်ရပ်ကွက် ၊နာရီစင်အနီး ရောက်ခါနီးအရောက် ဗိုလ်
ချူပ်လမ်းမပေါ်တွင် ဗိုလ်ချူပ်ကျောက်ရုပ်ဘက်မှမောင်းနှင်လာသော အမည်
မသိ နှစ်ဦးစီးလာသည့် ဆိုင်ကယ်အမျိုးစားမသိ/မမှတ်မိ ဆိုင်ကယ်နောက်မှ
ထိုင်လိုက်သည့်လူမှ Max အချိုရည်ပုလင်းဖြင့်ပစ်ပေါက်လိုက်ရာ ပုလင်းမှာ
ကွဲသွားပြီး ကိုတင်လှအုန်း၏ လည်ပင်းယာဘက်တွင်ပြတ်ရှပေါက်ပြဲဒဏ်ရာ
(၁)ချက်ရရှိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် အဆိုပါဒဏ်ရာရရှိသူအား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကု
သမှုခံယူစေပြီး အဆိုပါလူနာအတွက်လိုအပ်သော သွေးအားပရဟိတအဖွဲ့မှ
ကူညီဆောင်ရါက်ပေးခဲ့ကြောင်းသိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပက်သက်၍ ကိုတင်လှအုန်းအား Maxအချိုရည်ပုလင်းဖြင့်
ပစ်ပေါက်သူအား စုံးစမ်းဖော်ထုတ်အရေးယူပေးရန် ဦးတင်လှအုန်း၏ဇနီးဖြစ်သူ
ဒေါ်ဝင်းဝင်းဋ္ဌေး(၄၃)နှစ်(ဘ)ဦးလှရွှေ၊(၆/၅)လမ်း၊ခေတ္တရာမြို.သစ်ရပ်ကွက်၊ပြ
ည်မြို.နေသူမှရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ပြည်မြို.မရဲစခန်း(ပ)၈၀၄/
၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့်အမူဖွင့်ဆောင်ရွက်ထားရှိပြီး အမှုအား ဒုရဲ
အုပ်ဒုရဲအုပ်ဇော်မင်းမှလက်ခံစစ်ဆေးလက်ရှိပြီး ပြစ်မှူကျူးလွန်သူတရားခံအား အမှူနှင့်ဖမ်းဆီးနိင်ရေးဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09-423671883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Friday, July 22, 2016
ကောင်းတော့ကောင်းတယ် ဒါပေမဲ့လုပ်ရက်တယ် ပြည်စည်ပင်ရယ် ပြည့်သဲမောင်(ပြည်)09 4236 71883
Leave a Comment
ကောင်းတော့ကောင်းတယ် ဒါပေမဲ့လုပ်ရက်တယ် ပြည်စည်ပင်ရယ်
ပြည် ဇူလိုင်(၂၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ ၊ မူလရွှေတံခါးရပ်ကွက်
သည် မိုးတွင်းဆိုတောင်ကျရေတွေ အရမ်းစီးလို့လမ်းတွေပျက်ဆီး
ခဲ့ရသလို မြေသားများလည်းရေတိုက်စားရာ လိမ့်ခါလိမ့်ခါပါခဲ့ရတဲ့ 
အဖြစ်တွေကိုနှစ်စဉ်နဲ့အမျှတွေ့ကြုံနေရလို့ ရပ်ကွက်သူရပ်ကွက်သား
များ ကျင့်သားရနေတဲ့ကိစ္စတစ်ခုလိုဖြစ်နေပါပြီ။
ဒါပေမဲ့လဲ ပြည်မြို့စည်ပင်သာယာရေးအဖွဲ့ရဲ့စေတနာရှေ့ထားေ
မတ္တာတရားများကြောင့် နိုင်ငံတော်ကပေးတဲ့ ဘဏ်ဏာငွေကိုလ
က်ဝယ်ကိုင်ကာ မြို့သစ်မှစလို့ ရွှေတံခါးထဲအထိရေကျော်များ လ
မ်းများကို လုပ်ပေးသလို ၊မိမိရပ်ကွက်အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်
ထလုပ်ရတာတွေလဲရှိခဲ့လို့ အခုဆိုရင် မြို့သစ်တခွင်ပြဲပြဲစင်အောင်
ရေကျော်များနဲ့ဖြစ်နေပါပြီ။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်
လောက်က မူလရွှေတံခါး(၁)လမ်းကို လမ်းခင်းခြင်း ရေကျော်
များဆောင်ရွက်ပေးခြင်းတို့ပြုလုပ်သည်ကို တွေ့မြင်ရတော့အ
လွန်ပင်ဝမ်းသာရတာပေါ့။မြေနီသယ်တဲ့ကားတွေ အုတ် သယ်
တဲ့ကားတွေက အခေါက်ခေါက်အခါခါ ရပ်ကွက်သူရပ်ကွက်
သားများ စုပေါင်းအားနဲ့လုပ်ထားတဲ့ ရေကျော်တံတားလေးက
နေ ဝိတ်ပါတဲ့ကားတွေဖြတ်သန်းသွားတော့ ကားတွေဖြတ်တဲ့
ဝိတ်ကိုမခံနိုင်တဲ့ ရေကျော်တံတားလေးပျက်ဆီးခဲ့ရပြီလေ။
“အော်သူတို့တွေပြီးတော့လဲ တစ်ခါထဲပြင်မှာဘဲဆိုပြီး” ကြည့်
နေလိုက်တာပျက်ဆီးသွားတဲ့ တံတားလေးနဲ့ ဝေးသထက်ဝေး
လို့သာသွားတယ် သူတို့ကားတွေဖြတ်သန်းသွားလို့ ပျက်ဆီး
သွားတဲ့ ရေကျော်တံတားလေးကတော့ ပျက်ဆီးမြဲပျက်ဆီး
လျှက်ပါဘဲ။ဒါကြောင့်ရပ်ကွက်သူ ရပ်ကွက်သားတွေက ဒီ
ပျက်သွားတဲ့ရေကျော်တံတားရော ပြင်ဖို့ထဲမပါဘူးလားလို့
မေးတော့ ပြင်ပေးပါမယ်လို့သာ ပြောခဲ့ပြီး ဒီနှစ် ၂၀၁၆ ခုနှစ်
၅ လပိုင်း ၆ လပိုင်းလောက်မှာ ရွှေကျောက္ကာအနီး ရေကျော်
(၁)ခု သူ့ဘေးမှာ(၁)ခုထပ်မံ ပြုလုပ်သွားခဲ့တာ မြေသားတွေ
တောင်အသားမကျသေးဘူးလေ။
ဒါဆိုရင် ဝါပဓမ္မာရုံဆွမ်းလောင်းအသင်း နောက်ကျောက ပြု
ပြင်ရန်ကျန်သေးတဲ့ ကိုယ် ထူကိုယ်ထလုပ်ထားတဲ့လမ်း ရပ်
ကွက်နေပြည်သူများ သွားရေးလာရေးအဆင်ပြေနေတဲ့လမ်း
လေးအတွက်ကျတော့ ဘယ်လူကြီးကတာဝန်ယူမှာလဲ သူတို့
ဌာနက ကားတွေ ဝိတ်တွေနဲ့ဖြတ်သန်းသွားလာလို့ အခုဆိုရင် 
အခြေခံလူတန်းစားတွေအများဆုံး အသုံးပြုနေတဲ့ ဆိုင်ကယ်ေ
တာင် ရင်တမမနဲ့ဖြတ်သန်းသွားလာနေရပြီလေ။
ဘယ်တော့ဘယ်အချိန် ဆိုင်ကယ်မောင်းသူ စီးနှင်းလိုက်ပါသူ
ဂျွမ်းစလောင်းပြန်ကျမလဲဆိုတာကို စောင့်ကြည့်နေရပြီလေ။
အခုအချိန်က မိုးကလဲမရွာရင်နေရော ရွာပြီဆိုလဲအရမ်းရွာေ
တာ့ ရေဝိတ်နောက်ကောက်ကောက်ပါသွားမဲ့ အခြေမခိုင်ေ
တာ့တဲ့ မူလရွှေတံခါးလမ်းက ကျန်ရှိနေတဲ့ရေကျော်လေး အ
မြန်ဆုံးလာရောက်လုပ်ပေးရန်ရပ်ကွက်နေပြည်သူများစောင့်
မျှော်နေပါကြောင်းပြည်မြို့စည်ပင်သာလူကြီးများနှင့် ပြည်မြို့
စည်ပင်ကော်မတီမှလူကြီးမင်းများ သိရှိစေရန်အပြုသဘော
ဆောင်ကာ ရေးသားဖော်ပြလိုက်ပါသည်။
ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
ကာတွန်း
Leave a Comment
Read More...
Thursday, July 21, 2016
မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း မီးအားမြှင့်စက်မှ ဝါယာရှော့ဖြစ်မီးလောင်ကျွမ်း ပြည့်သဲမောင်(ပြည်)09-423671883
Leave a Comment
မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း မီးအားမြှင့်စက်မှ
ဝါယာရှော့ဖြစ်မီးလောင်ကျွမ်း
သဲကုန်းမြို့နယ် ဇူလိုင်(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊သဲကုန်းမြို့နယ်၊အင်းမနယ်မြေရဲစခန်းအပိုင်
သီရိကန်သာရပ်ကွက်၊မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း
တွင် ဇူလိုင်(၂၁)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)အချိန်ခန့်၌ မီးလောင်မှုဖြစ်ပွား
ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း(အလျား၂၀
ပေ xအနံ ၅ ပေ)ကွန်ကရစ်(၁)ထပ်၊သွပ်မိုးကျောင်းဆောင် ဘုရားခန်းအတွင်း
ရှိ မီးအားမြှင့်စက်မှ ဝါယာရှော့ဖြစ်ပြီး ၄င်းအောက်ရှိ သစ်သားခုံအား အပူလွန်
ကဲလောင်ကျွမ်းပြီး ၄င်းမှတဆင့် အပေါ်(၂)တောင်အကွာခန့်ရှိ မိန်းပလပ်ခုံ
အားအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းခဲ့ဟုသိရသည်။
အဆိုပါ ပါဠိတောရ မအူကန် ရွာဦးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ဥူံး
ဥာဏောဘာသ သက်တော်(၈၀)နှစ်သည် ကျန်းမာရေးမကောင်းသဖြင့် ကျေ
ာင်းနှင့်ကိုက်(၁၀၀) ခန့်အကွာရှိ သိမ်ကျောင်းတွင် ပြောင်းရွေ့သီတင်းသုံးလျှ
က်ရှိပြီး အဆိုပါကျောင်းတွင် ခန်းနေဆရာတော် ဦးခေမိန္ဒ သက်တော်(၃၁)နှစ်
သီတင်းသုံးနေထိုင်ရာမှ နံနက်(၆)နာရီအချိန်ခန့် ပြည်မြို့သို့ ဆေးကုသမှုခံယူ
ရန် သွားရောက်ခဲ့ပြီး ကျောင်းစောင့်အဖြစ် ကိုပေါက်(၄၅)နှစ်(ဘ)ဦးကျော်သိန်း
မအူကန်ရွာ သီရိကန်သာရပ်၊အင်းမမြို့၊သဲကုန်းမြို့နယ်နေသူအား ထားရှိခဲ့ချိန်
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
၎င်းမီးလောင်မှုကြောင့် လူနှင့်သံဃာတော်များ ထိခိုက်မှုမရှိသော်လည်းကျော
င်းဆောင်အတွင်းရှိ သစ်သားပလ္လင်(၂)လုံး၊ဗီဒို(၅)လုံး၊တီဗီ ၂၄ လက်မ(၁)လုံး၊
မက်တပ်ပန်ကာ(၃)လုံး၊ဘုရားကျောင်းဆောင်ခန်း(၁)ခန်း၊ဝတ္တူငွေ(၈)သိန်း၊ကွန်
ပျုတာ(၁)လုံး၊သင်္ကန်းမျိုးစုံ(၂၂)စုံ မီးလောင်ပျက်စီးခဲ့ပြီးပျက်ဆီးဆုံးရှုံးမှုတန်ဖိုး
မှ(၁၇၅၀၀၀၀ိ/)ကျပ်ဖြစ်ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်နှင့်
တပ်ဖွဲ့ဝင်များ၊သဲကုန်း မီးသတ်ဦးစီးမှူးဦးဝေယံမြင့်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊
အင်းမအရန်မီးသတ်တပ်ဖွဲ့ဝင်များရွှေတောင်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ပု
တီးကုန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊သဲကုန်းမြို့နယ်မှူးနှင့်မြန်မာနိုင်ငံရဲတပ်
ဖွဲဝင်များ၊ခလရ(၈၀)မှ ဗိုလ်မှူးထိန်လင်းနှင်ပတပ်မတော်သားများ၊ပြည်သူများ 
စုပေါင်း၍ မီးသတ်ယာဉ်(၈)စီးဖြင့်ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်းသတင်းရရှိ
သည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Facebook Like Page