Friday, April 29, 2016

လူပျောက်အမှုဖွင့်တိုင်ကြား

Leave a Comment

လူပျောက်အမှုဖွင့်တိုင်ကြား

ပြည် ဧပြီ (၂၉)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ရှိ အမျိုးသားတစ်ဦးမှ
၎င်း၏အမျိုးသမီးပျောက်ဆုံးမှုဖြင့် ပြည်မြို့ အမှတ်(၃)နယ်မြေ
ရဲစခန်းသို့ လူပျောက်အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။

(၁.၃.၂၀၁၆)ရက်နေ့တွင် ကံမမြို့၊ယင်းတောရွာသို့မိဘများနေ
အိမ် လည်ပတ်ရန်သားဖြစ်သူနှင့်အတူ မတင်နီလာကျော်(ခ)နီ
လာ ထွက်သွားရာမှ(၁၁.၄.၂၀၁၆)ရက်နေ့တွင် လင်ယျော်းဖြစ်
သူ ကိုနိုင်လင်းမှသားနှင့်ဇနီးအား သွားရောက်ခေါ်ဆောင်ရာ 
၎င်း၏မိဘများမှ ကိုနိုင်လင်းရှိရာ ပြည်မြို့သို့(၂၈.၃.၂၀၁၆)ရက်
နေ့ ပြန်သွားခဲ့ကြောင်း ၊ခလေးအားထားခဲ့ကြောင်းပြေပြ သိရှိ၍
လိုက်လံရှာဖွေရာမတွေ့ရှိရသဖြင့် ကိုနိုင်လင်း၏ဇနီး မတင်နီလာ
ကျော်(ခ)မနီလာ အားကူညီစုံစမ်းပေးပါရန် ရဲစခန်းသို့လာရောက်
တိုင်ကြားခဲ့ကြောင်းသိရသည်။

ထို့ကြောင့် မတင်နီလာကျော်(ခ)မနီလာ(၂၆)နှစ်(ဘ)ဦးဟန်ညွန့်
ယင်းတောရွာ ၊ကံမမြို့နယ်၊မကွေးတိုင်းဒေသကြီး(ယခင်နေထိုင်)
အောင်ဆန်းပြည်သာယာရပ်(၆)လမ်း၊ပြည်မြို့(ယခုနေထိုင်)သူအား 
လင်ယျော်းဖြစ်သူ ကိုနိုင်လင်းမှ လူပျောက်တိုင်တန်းခဲ့သဖြင့်အမှတ်
(၃)နယ်မြေရဲစခန်း လူပျောက်အမှတ်စဉ်(၁၃/၂၀၁၆)အရလူပျောက်
တိုင်ချက်ဖွင့်ကာ လိုက်လံရှာဖွေလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Thursday, April 28, 2016

ရင်ခုန်..ပျော်ရွှင်…ကြည်နူးစရာတွေကို သင်ကိုယ်တိုင်..ခံစားနိုင်ဖို့…Lwin Happy Zone ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Leave a Comment



မင်္ဂလာပါ….ရင်ခုန်..ပျော်ရွှင်…ကြည်နူးစရာတွေကို သင်ကိုယ်တိုင်..ခံစားနိုင်ဖို့…Lwin Happy Zone ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
ပြည်မြို့သူ ပြည်မြို့သား များနှင့် ... ညီအစ်ကို၊မောင်နှမ၊ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမတို့ စိတ်းတိုင်းကျ ပျော်ရွှင်ကြည်နူးစရာတွေနဲ့ စီစဉ်မှု အသစ်အဆန်းတွေ ပါဝင်တင်ဆက်သွားရင်ခုန် ပျော်ရွှင်ကြည်နူးစရာတွေကို ယခုလာမည့် 1.5.2016 “မေဒေး”(အလုပ်သမားနေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အများပြည်သူ စိတ်ချမ်းမြေ့စွာ ပျော်ရွှင်စေရန် ပျော်ပွဲ/ရွှင်ပွဲ အစီစဉ်များစွာနှင့်အတူ ၀န်ဆောင်မှုပေးချင်သောကြောင့် ဆက်ဆက်ကြွရောက်ကြပါရန် ပြည်သူ ပြည်သားအားလုံး နှင့် ကလေးလူငယ်အားလုံးကို နွေးထွေးလှိုက်လှဲစွာ ဦးစွာဖိတ်ကြားလိုက်ပါသည်။
1.5.2016 “မေဒေး”(အလုပ်သမားနေ့)မှာ ကျွန်တော်တို့ ပြည်မြို့၊ရွာဘဲနယ်မြေ၊ဗိုလ်ချုပ်လမ်းရှိ Lwin Happy Zone မှာ ညနေ ၆-နာရီ မှ ည-၁၀-နာရီအချိန်အထိ ပျော်ရွှင်စရာအစီစဉ်များဖြစ်သည့်……..
၁။ မျက်လှည့်ပြပွဲ
၂။ ကံစမ်းမဲအစီစဉ်များ
၃။ ကလေးငယ်များအတွက် ဂိမ်းကစားပြိုင်ပွဲများ
၎။ ဆယ်ကျော်သက် လူငယ်တွေအတွက် ထူးခြားဆန်းပြားစွာ နွားရိုင်းစီးပြိုင်ပွဲများ နှင့် အခြားရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင် ကြည်နူးစရာ အစီစဉ်ပေါင်းများစွာထည့်သွင်းထားပါကြောင်း ဦးစွာသတင်းကောင်းလေးပါးလိုက်ပါသည်။
ကျွန်တော်တို့ Lwin Happy Zone တွင်…..
တစ်နေကုန် ပင်ပန်းလို့ စိတ်ထွက်ပေါက်ပေးချင်နေလား…..
မိသားစု နှင့် အတူတူ အချိန်ပေးပြီး အပန်းဖြေချင်နေလား…..
လူကြီး လူငယ် ကလေး အရွယ်မရွေး စိတ်အပန်းဖြေဖို့အတွက် တစ်ချိန်တည်းမှာ…….တစ်နေရာတည်းမှာ…….ရသပေါင်းစုံ…..ပြီးပြည့်စုံတဲ့ခံစားမှု……ပျော်ရွှင်…ကြည်နှုး..ရန်ခုန်စရာ ကစားနည်းပေါင်းများစွာ နှင့် စိတ်အပန်းဖြေစေဖို့ Lwin Happy Zone သို့ ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ…..
Lwin Happy Zone မှ Skate…..
သင့်ရဲ့ တစ်နေ့တာအတွင်း စိတ်ပင်ပန်းမှုတို့ကို ထွက်ပေါက်ပေးချင်တာလား….သင့်ရဲ့ တစ်နေ့တာအတွက် အားကစားလုပ်ရန် အချိန်မပေးနိုင်တာလား…..သင့်ကျန်းမာရေးအတွက် ခေတ်မှီမြူးကြွတဲ့ သံစဉ်များနှင့်အတူတူ စကိတ်စီးရင်း စိတ်မွန်းကြပ်မှုတို့ကို ဖြေပျောက်စေနိုင်ပါတယ်။
Lwin Happy Zone မှ Floral Service
သင့်ရဲ့ မိတ်ဆွေ၊သူငယ်ချင်း၊ချစ်သူ၊မိဘ၊ကိုကို၊မမ တို့အတွက် မွေးနေ့လက်ဆောင် ပန်းစည်းများ၊အမှတ်တရ ပန်းစည်းများ၊ ၁၀-နှစ်အာမခံ Snowy Flower ၊ ပန်းအိုးများကို အထူး ဈေးနူန်းချိုသာစွာဖြင့် စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါပြီ။
Surprise Party ပွဲ
မွေးနေ့ပွဲများကိုလည်း စိတ်ဝင်စားဖွယ်ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးနေပါပြီ….ဆက်သွယ်မှာယူလိုပါက www.facebook/lwinfloralservice.com တွင်မှာယူနိုင်သလို 09-794080747 တို့ကိုလည်းဆက်သွယ်မှာယူနိုင်ပါသည်။ Door to door ဖြင့်လည်း ပြည်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးနေပါသည်။
Lwin Happy Zone မှ Body Fitness & Weightloss Centre
မိမိ ကိုယ်ကို အ၀လွန်ပြီး ယုံကြည်မှုကင်းမဲ့နေပါသလား….ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်ပိုင်ဆိုင်လိုပါသလား….အ၀လွန်သော ကလေးငယ်များအတွက် သင့်လျှော်သော လေ့ကျင့်ခန်းများ နှင့် အဆီချပေးခြင်း၊အိမ်ထောင်သည် အမျိုးသမီးများ နှင့် အ၀လွန် အမျိုးသား အမျိုးသမီးများအတွက် သောက်ဆေးမပါဘဲ လိမ်းဆေးဖြင့် အဆီချပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိပါသည်။
Lwin Happy Zone မှ ချွေးပေါင်းခန်း
မိတ်ဆွေ တစ်ကိုယ်လုံး ညောင်းပြီးကိုက်ခဲနေတာလား…..အလုပ်ထဲမှာ စိတ်ရှုပ်ပြီး အကြောတက်နေတာလား…..ကျီးပေါင်းရောဂါကြောင့် စိတ်ညစ်နေတာလား…..ချွေးငုတ်ပြီး ကိုယ်လက် မအီမသာဖြစ်နေတာလား…..ဒါတွေအားလုံးအတွက် စိတ်မပှုပါနဲ့တော့ ကိုယ်လုံးကို ချွေးပေါင်းခြင်းဖြင့် ပေါ့ပါးလန်းဆန်းသွားစေမှာမလို့ လူကြီးမင်းတို့ သဘောကျမှာအမှန်ပါ။
Lwin Happy Zone မှ ရေလွှာလျှော
သင့်ရဲ့ တစ်နေ့တာ ပင်ပန်းလာသမျှကို ရေလွှာလျှောစီးရင်းဖြင့် စိတ်ထွက်ပေါက်ပေးလိုက်ပါ။
Lwin Happy Zone မှ နွားရိုင်းစီးခြင်း
သင် ကောင်းဘွိုင်တစ်ယောက်ရဲ့ စိတ်ခံစားချက်ပေါင်းများစွာနဲ့ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ကစားနည်းက Lwin Happy Zone မှာရှိသည့် နွားရိုင်စီးရသည့်အရသာ သင်ဘာနဲ့မှ မလဲနိုင်တာသေချာပါတယ်။
Lwin Happy Zone မှ 5D Cinema
ရုပ်ရှင်ထဲသို့ မိမိကိုယ်တိုင် ခံစားစီးဝင်စေနိုင်သည်သာမက စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ခံစားမှု ရသကိုလည်း ပေးနိုင်မှာဖြစ်ပါတယ်။
Lwin Happy Zone မှာ ရှိသည့် Lwin Jewelry Shop
ခေတ်မှီဆန်းသစ် ဆန်းပြားမှုများစွာနဲ့ ခေတ်မှီ ပွဲတက် Fancy ကျောက် နှင့် Lucky Stone ကျောက်များကိုလည်း လက်လီ/လက်ကား ရောင်းချပေးနေပါပြီ။….
ဒါတွေအားလုံးကို တစ်နေရာတည်းမှာရှိနေပါတယ်။ ဒီထက်မက ကစားစရာ နှင့် ကစားနည်းပေါင်းများစွာလည်း ကျန်ရှိနေပါတယ်။ 1.5.2016 “မေဒေး” အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ပျော်ရွှင်စရာအစီစဉ်တွေထည့်သွင်းတင်ဆက်ပေးသွားမှာဖြစ်၍ လူကြီး၊လူငယ်၊ကလေး မည်သူမဆိုကြွရောက်ခဲ့ပါလို့ Lwin Happy Zone မိသားစုမှ နွေးထွေးပျူငှာ လှိုက်လှဲစွာ ဖိတ်ကြားလိုက်ပါသည်။
Lwin Happy Zone ၊ ပြည်မြို့၊ရွာဘဲရပ်၊ဗိုလ်ချုပ်လမ်း(လွင်-ခြံ)
https://www.facebook.com/Lwin-Happy-Zone-389797954519304/…

















 
Read More...

ခြံအမြန်ရောင်းမည်

Leave a Comment

ခံအမြန်ရောင်းမည်

အနံ၂၂ ပေ အလျှား ၄၈ ပေရှိသော
ခြံကွက်အားအမြန်ရောင်းချင်ပါသည်။
နေရာ-ကျွန်းတော(၅)လမ်း
ရွှေဟင်္သာအနောက်ပေါက်
ရွာဘဲနယ်မြေ ပြည်မြို့
စုံစမ်းရန်-09264460496
Read More...

သောက်သုံးရေအခက်ခဲဖြစ်ပေါ်နေသည့် ပြည်မြို့နယ်အနီးနားကကျေးရွာတွင် မီးသတ်ရံဘော်များသောက်သုံးရေလှူဒါန်း

Leave a Comment


သောက်သုံးရေအခက်ခဲဖြစ်ပေါ်နေသည့် ပြည်မြို့နယ်အနီးနားကကျေးရွာတွင် မီးသတ်ရံဘော်များသောက်သုံးရေလှူဒါန်း
ပြည်၊ဧပြီ၊၂၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်အနီးဝန်းကျင်ရှိ ကျေးရွာတစ်ချို့တွင် သောက်သုံးရေအခက်ခဲများဖြစ်ပေါ်နေမှုကြောင့် ပြည်မြို့အတွင်းရှိ တပ်စု(၅)ဆံတော် နှင့် တပ်စု(၄)ဆေးရေး အရန် မီးသတ်ယာဉ် နှစ်စီးမှ မထသ-လူကြီးများ နှင့် တပ်ဖွဲ့ဝင် မီးသတ်ရဲဘော်များစုပေါင်း၍ ဧပြီ-၂၇ ရက်နေ့ နံနက်မှာ သောက်သုံးရေ လှူဒါန်းမှုများသွားရောက်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်မြို့နယ်အတွင်းရှိ န၀ဒေးအုပ်စု၊အောင်မြေကျေးရွာတွင် နှစ်စဉ် သောက်သုံးရေရှားပါးမှုပြသနာကြုံတွေ့နေခဲ့ရပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမို၍ သောက်သုံးရေရှားပါးမှုပြဿနာကြုံတွေ့နေရကြောင်းဒေသခံများထံမှသိရသည်။
“သောက်သုံးရေ ရှားပါးနေတာနှစ်စဉ်ဖြစ်ပေါ်နေတာ။အခုနှစ်ကပိုဆိုးတယ်။ရွာမှာ ရေတွင်းက နှစ်တွင်းရှိတယ် ဆိုပေမယ့် တစ်ချို့နေအိမ်တွေမှာ စက်ရေတွင်းတွေလည်းရှိတယ်။ ရေကမထွက်တော့ဘူး။ ရွာမှာရှိတဲ့ ရေတွင်းကြီး နှစ်တွင်းကလည်း ထွက်တဲ့ရေက တစ်ထွာတစ်မိုက်လောက်နဲ့ဆိုတော့ တစ်ရွာလုံးတန်းစီပြီးရေခပ်နေရတယ်။ကျွဲနွားတွေအတွက်သောက်စရာရေလည်းအခက်ခဲတွေဖြစ်နေတယ်။ကျန်းမာရေးထိခိုက်တာတော့လောလောဆယ်မရှိသေးပါဘူး။” ဟု အောင်မြေကျေးရွာနေထိုင်သူ ဦးအောင်မြင့် ကပြောသည်။
အဆိုပါ အောင်မြေကျေးရွာအတွင်း သောက်သုံးရေရှားပါးလာမှုကြောင့် ပြီးခဲ့သည့် ၄-ရက်ခန့်တွင် ပြည်မြို့ ခေတ္တရာရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများစုပေါင်းကာ သောက်သုံးရေလှူဒါန်းမှုများပြုလုပ်ခဲ့ပြီး ယခု ပြည်မြို့အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့များဖြစ်သည့် တပ်စု(၅)ဆံတော် အရန်မီးသတ် နှင့် တပ်စု(၄)ဆေးရေး အရန်မီးသတ်ကားများမှ မထသ-လူကြီးများ နှင့် တပ်ဖွဲ့ဝင်မီးသတ်ရဲဘော်များစုပေါင်းကာ သောက်သုံးရေသွားရောက်လှူဒါန်းမှုများပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။
“အောင်မြေကျေးရွာမှာ ရေလိုအပ်နေတယ်။ရေပြတ်လက်နေတယ်လို့သတင်းကြားတာနဲ့ ဒီနေ့မှာရေသွားလှူဒါန်းခဲ့တာပါ။အမှန်တကယ်ရေလိုအပ်တာဟုတ်မဟုတ်ကို မနေ့ကတည်းက စုံစမ်းကြည့်တော့ အမှန်တကယ်ရေလိုအပ်နေကြတာ။အလှူရှင်မရှိပါဘူး။မထသလူကြီးတွေနဲ့ တပ်စုကမီးသတ်ရဲဘော်တွေစုပေါင်းပြီးသွားရောက်လှူဒါန်းတာပါ။ပြည်သူပြည်သားတွေသောက်သုံးရေရှားပါးလာမှုကြုံနေရလို့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပါသွားရောက်လှူဒါန်းတာပါ။မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနီးစပ်ရာရေတွေသွားရောက်လှူဒါန်းနေကြပါတယ်။ကျန်တဲ့မီးသတ်တပ်ဖွဲ့တွေရော နီးစပ်ရာ သောက်သုံးရေပြတ်လက်နေတဲ့နေရာတွေမှာသွားရောက်လှူဒါန်းပေးစေချင်ပါတယ်။ရက်ပိုင်းလောက်မှာ ရေလှူသွားရင်း အသက်ပေးခဲ့ရတဲ့ ရဲဘော်အတွက်စိတ်းမကောင်းပါဘူး။ရဲဘော်ကောင်းရာသုဂတိလားပါစေ။”ဟု ပြည်မြို့ အရန်မီးသတ် တပ်စု(၅)ဆံတော် မီးသတ်တပ်စုမှူး ဦးအောင်မိုးကျော် ကပြောသည်။
အဆိုပါ သောက်သုံးရေပြတ်လက်နေသည့် အောင်မြေကျေးရွာတွင် တောင်ဘက် နှင့်မြောက်ဘက် စုစုပေါင်း အိမ်ခြေ ၂၀၀-ကျော်ခန့်ရှိနေပြီး သောက်သုံးရေရှားပါးလာမှုများဆက်လက်ဖြစ်ပေါ်လျှက်ရှိနေကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉




Read More...

ပင်လယ်အတွင်းရေလုပ်ငန်းသွားရောက်လုပ်ကိုင်သူ ၃၂-ဦးနေရပ်သို့ပြန်လည်ရောက်ရှိလာပြီး ၂-ဦးအသတ်ခံရ ကျန်တစ်ဦးယနေ့အထိပျောက်ဆုံးနေ

Leave a Comment




ပင်လယ်အတွင်းရေလုပ်ငန်းသွားရောက်လုပ်ကိုင်သူ ၃၂-ဦးနေရပ်သို့ပြန်လည်ရောက်ရှိလာပြီး ၂-ဦးအသတ်ခံရ ကျန်တစ်ဦးယနေ့အထိပျောက်ဆုံးနေ

ပြည်။ဧပြီ။၂၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းမှ မွန်ပြည်နယ်  ရေးမြို့နယ်အတွင်းရှိ ပင်လယ်တစ်နေရာတွင် ရေလုပ်ငန်းလုပ်ကိုင်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားခံရသူ ၃၀-ကျော်ထဲမှ အသတ်ခံရသူ ၂-ဦးရှိသွားခဲ့ရာ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုလာဖွင့်သည့် သူများကိုသာ အရေးယူဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရသည်။

ခေါ်သွားတဲ့တရားခံအခုထိရှိနေပါလျှက်နဲ့ ရဲကအခုထိသူ့ကိုလဲခေါ်မမေးဘူး၊မကြီးသားလေးသေသွားပြီလားမသိဘူး၊လျှော်ထုံးရွာကတယောက်ဆိုရိုက်သတ်ခံရတာ၊အခုရေးမြို့က ရဲ ရောက်နေတယ်သူက ခင်ဗျားသားက ဟိုမှာပျော်နေတာအလုပ်လုပ်နေတာလို့ပြောတယ် ဒါကမဖြစ်နိုင်ဘူး၊ဒီလောက်သွေးချောင်းစီးလောက်အောင်သတ်ဖြတ်ခံနေကြရတာ၊ဒီရေလုပ်ငန်းကလူတွေဘိုးစဉ်ဘောင်ဆက်သတ်ဖြတ်နေတာဘယ်တုန်းကတရားခံမိလို့လဲ၊အခုပြန်ရောက်တဲ့သူတွေကအကုန်လုံးပြန်ပြောပြကြလို့ ကျွန်မတို့အားလုံးသိပြီးသွားပြီ။”ဟု ပြည်မြို့ ကိုးသောင်းရပ်ကွက် ပြန်မရောက်လာသေးသည့် ရေလုပ်သားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်နန်းအေး ကပြောသည်။

အဆိုပါ ရေးမြို့နယ်အတွင်းရှိ ပင်လယ်တစ်နေရာတွင် ရေလုပ်ငန်းလုပ်ကိုင်နေကြသည့် လူပေါင်း ၃၀-ကျော်အား တစ်လလျှင် ၃-သိန်းကျပ် သို့မဟုတ် ၄-သိန်းကျပ်လုပ်အားခရရှိမည်ဟုဆြိုကာ ပြည်မြို့နယ်အတွင်းမှ ဒေသခံ ၃၀-ကျော်အားခေါ်ဆောင်သွားခဲ့ပြီး ၄-လခန့်ကြာသည့်အချိန်အထိ ကျန်ရစ်နေခဲ့သည့် မိသားစုများနှင့်အဆက်အသွယ်ဖြတ်တောက်ထားခြင်းခံရပြီး ကြားကပွဲစားတစ်ချို့မှ ငွေကိုအလွဲသုံးစားလုပ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရပြီး အမှန်တစ်ကယ်ရရှိသည့်လစာငွေမှာ ၃-သောင်း ၄-သောင်းခန့်ပဲရရှိနေမှုများကြောင့် ပြည်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ လူကုန်ကူးမှု အမှုဖြင့် ဒေသခံကျန်ရစ်ခဲ့သူမိသားစုများမှ သွားေ၇ာက်အမှုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အခုထိတစ်ယောက်ကျန်နေသေးတာကိုလဲမဆောင်ရွက်မပေးနိုင်ကြဘူး၊ကလေးသူငယ်အမှု()မှုကိုလဲမ လုပ်ပေးနိုင်ဘူး၊နောက်ပြီး၊ရေလုပ်သားတွေကမ်းပေါ်ရောက်တော့၊ဘာလို့အမှုမဖွင့်တာလဲဆိုပြီး၊အပြစ်တင်တဲ့လေသံတွေနဲ့ပြောတယ်၊တကယ်က ရေလုပ်သားတွေက၊သူတို့ကိုခေါင်းပုံဖြတ်သူတွေ၊အလုပ်ရှင်တွေရဲ့ ရှေ့မှာဘယ်သူမှအမှန်တရားကိုထွက်ဆိုရဲမှာမဟုတ်ဘူး၊နောက်ပြီး၊အလုပ်ရှင်နဲ့ညှိဖို့ချည်းပဲဖိအားပေးပြောဆိုနေတယ်။”ဟု ILO-သို့တိုင်ကြားပေးခဲ့သူ HRDP-လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဦးဇော်ထွန်း ပြောသည်။

၎င်းကိစ္စများ နှင့်ပတ်သက်ပြီး ဒေသခံမိသားစုတွေမှ ဆန္ဒထုတ်ဖော်မှု ၂-ကြိမ်ပြုလုပ်ခဲ့ပြီး ILO-သို့တိုင်ကြားစာများပေးပို့ခဲ့သည်အထိဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။အဆိုပါ ပြည်မြို့နယ်အတွင်းမှ ရေးမြို့သို့ ရေလုပ်ငန်းသွားရောက်လုပ်ကိုင်ရန် ခေါ်ဆောင်သွားခံရသူ ၃၀-ဦးထဲမှ ပထမဆုံး နှစ်ဦးခန့်ပြန်လည်ရောက်ရှိလာပြီး ထပ်မံအမှုဖွင့်တိုင်တန်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

(၂၉-၃-၂၀၁၆) ရက်နေ့တွင် (ပ) / ၂၀၁၆ ၊ လူကုန်ကူးပုဒ်မ- ၂၅ နဲ့အမှုဖွင့်ထားတာရှိပါတယ်။ ရေလုပ်သား ၃၂-ဦးထဲမှာ အမှုဖွင့်တိုင်ကြားသူက ၄-ဦးခန့်ပဲရှိတယ်။အဲဒိ ၄-အမှုလာဖွင့်တဲ့ ၄-ဦးအတွက်ပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူ(၃၀)ကျော်ကကျွန်တော်တို့ဆီမှာဘယ်သူကမှလာရောက်တိုင်ကြားတာမရှိတဲ့အတွက်၊ဆောင်ရွက်ပေးဖို့မရှိပါဘူး၊သေဆုံးသူ()ယောက်မှာလဲ တစ်ယောက်ကပဲတိုင်ကြားထားလို့သူ့အတွက်ကိုအမှု့ဖွင့်ဆောင်ရွက်နေပါတယ်၊နောက်လူကုန်ကူးခံရတဲ့အထဲမှာလည်း မောင်စိုးသူ ကအမှုဖွင့်ထားတာကြောင့် သူ့အတွက် () ၂၁/၂၀၁၆ လူကုန်ကူးပုဒ်မ(၂၅)နဲ့အမှုဖွင့်ထားပါတယ်။”ဟု ရေးမြို့နယ် မြို့မရဲစခန်း ဒု-စခန်းမှူး ရဲအုပ်-ကျော်သက်ခိုင် ကပြောသည်။

အဆိုပါ လူကုန်ကူးမှုကုန်ရသည့်အမှုဖြင့် အမှုဖွင့်လစ်ထားသည့် ရေးမြို့နယ်အတါင်းတစ်နေရာရှိ ပင်လယ်ရေလုပ်သား ၃၀-ကျော်အား ပြီးခဲ့သည့် ဇန်န၀ါရီလ ၅-ရက်နေ့တွင် ILO-ရုံးသို့တိုင်ကြားထားခဲ့ပြီး ဇန်န၀ါရီ ၂၁-ရက်နေ့တွင်တစ်ကြိမ် ဖေဖော်ဝါရီ ၁၀-ရက်နေ့တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ပြည်မြို့ပေါ်တွင် ရေလုပ်သားများ လူကုန်ကူးခံရမှု အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေရန် ဆန္ဒထုတ်ဖော်ခဲ့မှုများပြုလုပ်ခဲ့ကြပြီး ၄င်းဆန္ဒထုတ်ဖော်မှုနှစ်ကြိမ် နှင့် ILO-ရုံးသို့ တိုင်ကြားထားမှုနှင့် အဖက်ဖက်ကကူညီပေးသူများကြောင့် ရေလုပ်သား ၃၂-ဦးပြန်လည်လွတ်မြောက်ရောက်ရှိလာခဲ့ရာ ၂-ဦးမှာအသတ်ခံရကြောင်းသိရပြီး နောက်ထပ် တစ်ဦးမှာ ယနေ့အချိန်အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေသောကြောင့် ဒေသခံများ နှင့် မိသားဝင်စုဝင်များမှ ဆိုးရိမ်ပှုပန်မှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉



Read More...

ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံတင်ပြတိုင်ကြားထာားသည့် ဖြစ်ရပ်ကိစ္စနှင့်ပတ်သက်၍ ဦးတိုးအောင် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်

Leave a Comment




ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံတင်ပြတိုင်ကြားထာားသည့် ဖြစ်ရပ်ကိစ္စနှင့်ပတ်သက်၍ ဦးတိုးအောင် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ အမှတ်(၄)သိမ်လမ်း ဆံတော်ရပ် နေထိုင်သူ ဦးတိုးအောင် နှင့် ဇနီး ဒေါ်ခင်ဝင်း တို့အပေါ်ဦးသန်းဌေး မှ  ပြည်မြို့မရဲစခန်းတွင်  ပ/၂၈၅ ပုဒ်မ ၄၄၈/၄၂၇ တို့အား မဟုတ်မမှန် လီဆယ်လုပ်ကြံဖန်တီးတိုင်ကြားထားခြင်းအပေါ် ဦးတိုးအောင် မှ သတင်းစာရှင်းလင်းပွဲတစ်ခုအား ပြည်မြို့ ရွှေသာလျှောင်းလမ်း ဆံတော်ရပ် အောင်ပွဲဝင်ခန်းမတွင် ၂၈-၄-၂၀၁၆ ရက်နေ့ နံနက် ၉-နာရီမှ ၁၂-နာရီအချိန်အထိ ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့မရဲစခန်း ဒု-စခန်းမှူး ရဲအုပ်ဇင်မင်းဦး၊ဆံတော်ရပ်ကွက် ရာအိမ်မှူး ဦးတင်ဝင်း နှင့် ဦးတိုးအောင် တို့အား မဟုတ်မမှန်သတင်းပေး တိုင်ကြားသူ ဦးသန်းဌေးတို့အပေါ် အရေးယူပေးပါရန် ၂၁.၄.၂၀၁၆ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံသို့ တင်ပြတိုင်ကြားထားသည့်ဖြစ်ရပ်ကိစ္စအကြောင်းအရာ နှင့်ပတ်သက်၍ ဦးတိုးအောင် မှ သတင်းစားရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။

၎င်းဖြစ်စဉ်အကျဉ်းမှာ ပြီးခဲ့သည့် ၃.၄.၂၀၁၆ ရက်နေ့ နံနက်တွင် ဦးတိုးအောင် နေအိမ်ရှေ့ပိုင်းတစ်နေရာအား အလျား-၁၀-ပေ အမြင့် ၆-ပေရှိ ဇလီသပ်အား မှုလအဟောင်းနေရာအတိုင်း အသစ်ပြန်လည်တပ်ဆင် ကာရံခဲ့ရာမှ စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရသည်။ ၄င်းကိစ္စအား ဦးသန်းဌေး ဘေးချင်းကပ်နေအိမ်နေထိုင်သူမှ ဆက်လက်မကာရံတားမြစ်နေသော်လည်း နဂိုမှုလအဟောင်းအတိုင်းပြန်လည်တပ်ဆင်ခြင်းဖြစ်သဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ရာမှ ပြည်မြို့မရဲစခန်းမှ ရဲအုပ်သောင်းထွေး နှင့် ရဲတပ်သားတစ်ဦးစတင်လာရောက်စစ်ဆေးခြင်းများဖြစ်ပေါ်လာရာမှ ထိုနောက်ပိုင်း တစ်ဘက်နေအိမ်မှ ဦးသန်းဌေးတို့မှ ဦးတိုးအောင်အပေါ်ဖွင့်လှစ်သည့်အမှုကိစ္စများထဲ သက်သေအနေဖြင့် ဦးတင်ဝင်း ဆိုသူအား အမြဲခေါ်ယူထည့်သွင်းထားခြင်း၊ဦးတိုးအောင်တို့နေအိမ်ဘက်မှ ဂဟေဆော်သည်ကို အကြောင်းပြု၍ တစ်ဘက်နေအိမ်မှ မီးလောင်ကွက်(၃)ကွက်အား တွေ့တယ်ဟုဆိုကာ ပြောဆိုခဲ့ခြင်းများကိစ္စနှင့် ပတ်သက်ပြီး  သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး မှ စုံစမ်းစစ်ဆေးဖော်ထုတ်ပေးရန်နှင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းမှာ ဦးတိုးအောင်မှ မိမိကိုယ်ကျိုးစီးပွား မာန်မာနနှင့် ပြုလုပ်ရခြင်းမျိုးမဟုတ်ပဲ ဦးတိုးအောင်ကဲ့သို့ အမှန်တစ်ကယ်နစ်နာနေကြသည့် ပြည်သူများရှိနေကြောင်း ယခုကဲ့သို့ ပြည်သူများထပ်မံနစ်နာမမှုမရှိစေရန် အမှန်တရားပေါ်ပေါက်စေရန် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

သတင်းဓါတ်ပုံနှင့်စာရွက်စာတမ်းများ
ပြည်သတင်းလူငယ်(ပြည်သတင်း) ၀၉၂၅၃၃၁၁၀၁၉- နှင့် ပြည့်သဲမောင်(ပြည်)-ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ ၀၉-၄၂၃၆၇၁၈၈၃















Read More...

ဘုရားပွဲဈေးအတွင်းလည်ပတ်ရာမှ ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသောအမှုမှပြစ်မှုကျုးလွန်သူအားဖော်ထုတ်ဖမ်း ဆီးနိုင်ခြင်းမရှိသေး

Leave a Comment

ဘုရားပွဲဈေးအတွင်းလည်ပတ်ရာမှ ထိုးသွင်းဒဏ်ရာဖြင့်
သေဆုံးနေသောအမှုမှပြစ်မှုကျုးလွန်သူအားဖော်ထုတ်ဖမ်း
ဆီးနိုင်ခြင်းမရှိသေး

ပြည် ဧပြီ (၂၈)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ် ၊ သဲကုန်းအုပ်စု ၊
ကုန်းသာကျေးရွာ ၊ ဘုရားပွဲဈေးတွင်ဖြစ်ပွားခဲ့သော လူသတ်မှု
နှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူအား ဖော်ထုတ်ဖမ်းဆီး အရေး
ယူနိုင်ခြင်း မရှိသေးကြောင်းသေဆုံးသူ၏ မိသားစုထံမှသိရသည်။

အမှုဖြစ်စဉ်မှာ ဧပြီ(၂၅)ရက်နေ့ ည(၈း၃၀)အချိန် တရားလိုကိုရဲမင်းသည်
ကုန်းသာကျေးရွာဘုရားပွဲသို့ ညီဖြစ်သူ ကိုရဲဝင်း ၊ညီဝမ်းကွဲတော်သူ ဆက်
နိုင်ဦးတို့နှင့်အတူသွားရောက်ခဲ့ပြီး ဘုရားပွဲဈေးတန်းရှိညီမဝမ်းကွဲတော်သူ
မဘုတ်ကြီး၏ ကွမ်းယာဆိုင်တွင်ထိုင်နေရာမှဆက်နိုင်ဦးတစ်ဦးတည်း ဘု
ရားပွဲဈေးတန်းအတွင်း သွားရောက်လည်ပတ်နေရာမှ ပြန်လည်ရောက်ရှိ
ခြင်းမရှိသဖြင့် ၄င်း၏လက်ကိုင်ဖုန်းအားခေါ်ဆောင်ရာတွင် အဆက်အသွ
ယ်မရရှိ၍ ပွဲဈေးတန်းနှင့်ပွဲဈေးတန်းဝန်းကျင်တွင် လိုက်လံရှာဖွေခဲ့သည်ဆို
၏။

ထိုသို့လိုက်လံရှာဖွေရာ အရှေ့ဘက်ပွဲဈေး တန်းနောက်ဘက်လယ်ကွင်းစပ်
တွင် လဲကျနေသည်ကိုတွေ့ရှိရ၍ သွားရောက်ကြည့်ရှုရာ ဆက်နိုင်ဦးတွင် ဝဲ
ဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက် ၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်
ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရကြောင်းသိရသည်။

ထို့ကြောင့်အမှုနှင့်ပတ်သက်၍ ညီဖြစ်သူ ဆက်နိုင်ဦး(ဘ) ဦးညွန့်လှိုင်၊လယ်
လုပ် ၊သပွတ်ထောင်ရွာ၊သဲကုန်းအုပ်စု ၊ပြည်မြို့နယ်နေသူအား သတ်သွားသူ
 ပြစ်မှုကျုးလွန်သူအား အရေးယူပေးပါရန်အစ်ကိုဖြစ်သူ ကိုရဲမင်း(ဘ)ဦးသော
င်းတင် ၊ လယ်လုပ်၊ရွာဘီးခုံကျေးရွာ၊ပြည်မြို့နယ် နေသူမှတရားလိုပြုလုပ်တိုင်
တန်းခဲ့သဖြင့် ပြည်အမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၁၁/၂၀၁၆ ၊ပြစ်မှုပုဒ်မ ၃၀၂
အရအမှုရေးဖွင့်ထားရှိကာ အမှုအားရဲအုပ်စိုးလှိုင်ဦးမှ လက်ခံစစ်ဆေးကာ ပြစ်
မှုကျုးလွန်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Wednesday, April 27, 2016

သတင်းစာရှင်းလင်းပွဲ သတင်းတို

Leave a Comment

သတင်းတို ပြည် ဧပြီ (၂၈)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မြို့မရဲစခန်းမှ ဒု-စခန်းမှူး ရဲအုပ်ဇင်မင်းဦး
ဆံတော်ရပ်ကွက် ရာအိမ်မှူး ဦးတင်ဝင်းနှင့်ဦးတိုးအောင်အား မဟုတ်မ
မှန်သတင်းပေး တိုင်ကြားသူ ဦးသန်းဌေးတို့အပေါ် အရေးယူပေးပါရန်(
၂၁.၄.၂၀၁၆)နေ့စွဲဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံသို့ တင်ပြတိုင်
ကြားထားသည့်ဖြစ်ရပ်ကိစ္စ အမှန်များနှင့်ပတ်သက်၍ ဦးတိုးအောင်မှသ
တင်းစာရှင်းလင်းပွဲအား ပြည်မြို့ ဆံတော်ရပ်ကွက် ရွှေသာလျောင်းလမ်း
အောင်ပွဲဝင်ခန်းမ၌ ဧပြီလ(၂၈.၄.၂၀၁၆)ကြာသပတေးနေ့ နံနက်(၉း၀၀)
တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

ယာဉ်မောင်းဝန်ထမ်း အလိုရှိသည်။ PEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းကားမောင်းရန် ယာဉ်မောင်းဝန်ထမ်းတစ်ဦး အလိုရှိသည်။ ဆက်သွယ်ရန် 053 25564 09 3144 9997 PEC ကိုယ်ပိုင်အထက်တန်းကျောင်း ယိုးဒယားလမ်း၊ ရွာဘဲရပ်၊ ပြည်မြို့။

Leave a Comment


 ယာဉ်မောင်းဝန်ထမ်း အလိုရှိသည်။

PEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းကားမောင်းရန် ယာဉ်မောင်းဝန်ထမ်းတစ်ဦး အလိုရှိသည်။

ဆက်သွယ်ရန်
053 25564
09 3144 9997
PEC ကိုယ်ပိုင်အထက်တန်းကျောင်း
ယိုးဒယားလမ်း၊ ရွာဘဲရပ်၊ ပြည်မြို့။
Read More...

Tuesday, April 26, 2016

ဝမ်းနည်းစွာဖြင့် ပြည်မြို့ တပ်စု(၅) ဆံတော် မီးသတ် ရဲဘော် ဟောင်း/သစ် များ နှင့် ပြည်သတင်း(အွန်လိုင်း မီဒီယာအဖွဲ့) မှ ၀မ်းနည်းခြင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။

Leave a Comment


ဝမ်းနည်းစွာဖြင့်

ယနေ့ ၂၆ - ၄ - ၂၀၁၆ ရက်နေ့ နံနက်ပိုင်းမှာ သောက်သုံးရေရှားပါးနေတဲ့ ထီးလင်းမြို့နယ်  ဆင်စွယ်ရွာကို သွားရောက်ပြီး ရေလှူတာဝန်ထမ်းဆောင်ရင်း ကားမှောက်၍တစ်ဦးသေ
၂ ဦးဒါဏ်ရာရရှိဟုသိရ

အသက်စွန့်သွားရရှာသောသူမှာ ထီးလင်းမြို့ မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ်မိုးထက်ကျော် (ညာအစွန်)ဟုသိရ

ပြည်သူတွေရေရှားပါးမှုဒဏ်ကို မကြည့်ရက်လို့ ရေသွားရောက်လှူဒါန်း  ကုသိုလ်တွေယူခဲ့ကြပေမယ့် အတိတ်ကပါလာတဲ့ ဝဋ်ကြွေးကံကြောင့် အချိန်မတိုင်ခင်မှာဘဲ မီးသတ်ဘဝ၊မီးသတ်တာဝန်မှ အပြီးပိုင်ရပ်ဆဲထွက်ခွာသွားခဲ့လေပြီ။အများအတွက်အကျိုးပြုရင်း  တိုင်းပြည်အတွက်အကျိုးပြု အသက်စွန့်သွားတဲ့ ဒို့ညီအကို ဒုတသကိုမိုးထက်ကျော်ရေ မေလ ၅ ရက်နေ့မှာ ကျရောက်တော့မယ့် တပ်ဖွဲ့နေ့ကိုတောင်မစောင့်သွားခဲ့လေဘူး။ အမျှပေးဝေလိုက်ပါတယ်......အမျှ....အမျှ.....အမျှ....... ရောက်ရာအရပ်မှ သာဓုခေါ်ပါတော့............

ကိုမိုးထက်ကျော်(ဒု-တသ၊ထီးလင်း)ရေ ကောင်းရာဘုံဘဝရောက်ပါစေ.......

###ယနေ့မှ စ၍ သင့်အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အပြီးပိုင် ထုတ်ပယ်လိုက်ပြီ။သင်သွားလိုရာကို အေးချမ်းစွာ သွားပါတော့...........
လေးစားစွာဖြင့်.....    အလေး..........ပြု...
ဒဏ်ရာရှိသော ညီအကိုတို့ ၂ ယောက်လည်း အမြန်ဆုံးသက်သာပါစေ....
 
                                             

 Credit ~ Sue Sue

ပြည်မြို့  တပ်စု(၅) ဆံတော်
မီးသတ် ရဲဘော် ဟောင်း/သစ် များ နှင့် ပြည်သတင်း(အွန်လိုင်း မီဒီယာအဖွဲ့) မှ ၀မ်းနည်းခြင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။





Read More...

Monday, April 25, 2016

သိန်းသုံးရာခန့်တန်ဖိုးရှိ အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန အဆောက်ဦးသစ်ဖွင့်ပွဲနှင့်ပေးအပ်လှူဒါန်းပွဲပြုလုပ်

Leave a Comment



သိန်းသုံးရာခန့်တန်ဖိုးရှိ အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန အဆောက်ဦးသစ်ဖွင့်ပွဲနှင့်ပေးအပ်လှူဒါန်းပွဲပြုလုပ်

 

ပြည်၊ဧပြီ၊၂၅

 

 

ပဲခူးတိုင်းဒေသကြီး ပြည်ရိုင် ပြည်မြို့ဆေးရုံးကြီးအတွင်းမှာ  အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန အဆောက်အဦးသစ် ဖွင့်ပွဲ နှင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားအား ဧပြီ ၂၅-ရက်နေ့ နံနက် ၈-နာရီအချိန်ခန့်မှာ ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး အရိုးကုသဆောင်ရှေ့တွင် ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန အဆောက်အဦးသစ်အား ပြည်မြို့ဒေသခံ အလှူရှင် ဟာဂျီဦးဝင်းမောင်-ခေတ်သစ် ဆောက်လုပ်ရေး နှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး မိသားစု တို့မှ တစ်ဦးတည်းလှူဒါန်းခဲ့တာဖြစ်ကြောင်းသိရသည်။

 

အဆိုပါအဆောက်ဦးသစ်ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ နှင့် ဦးသက်ဝင်းလှိုင်တို့ တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည် နှင့် ဆရာဝန်ကြီး ဒေါက်တာတင့်ရွှန်း(ဆေးရုံအုပ်ကြီး)တို့နှင့် အလှူရှင် ဟာဂျီဦးဝင်းမောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားသွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ တန်ဖိုးငွေကျပ် သိန်း ၃၀၀-(သိန်းသုံး)ခန့်ကုန်ကျသည့် အဆောက်ဦးသစ်ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ ပြည်မြို့ပေါ်ရှိ မိုးမေတ္တာနာရေးကူညီမှုအသင်း သူ/သားများ ပြည်ဆေးရုံကြီးမှတာဝန်ရှိသူများ၊သက်ဆိုင်ရာဌာနများ၊မြို့မိမြို့ဖများ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ၄င်းအခမ်းအနားကို ထိုနေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉





 
Read More...

မိသားစုများစိတ်ပူနေသဖြင့် အမြန်ပြန်လာပါ

Leave a Comment

မိသားစုများစိတ်ပူနေသဖြင့် အမြန်ပြန်လာပါ

ကျွန်နော် ကိုထွန်းဝင်း ၏ဇနီးဖြစ်သူ ပြည်မြို့၊ရွှေပလ္လင်မှော်အောက်
ချိုမ့်၊နဝင်းရပ်ကွက်နေထိုင်သူ မအိမွန်(၃၂)နှစ်(ဘ)ဦးစိန်အုန်း (အမိ)
ဒေါ်ပြုံးရီ သားသမီး(၃)ယောက်၏မိခင်သည်(၂၅.၄.၂၀၁၆)ရက်နေ့
နံနက် နေအိမ်မှ၎င်းသဘောဆန္ဒအလျှောက် ထွက်သွားခဲ့ပါသည်။
ထို့ပြင် ၄င်းထံ၌လက်ဝတ်ရတနာများဖြစ်သော ရွှေဆွဲကြိုး(၁ိ/ကျပ်
သား) ဘောက်သီးပါတစ်ကုံး ၊လက်ကောက်(၅ိ/မူးသား)တစ်ကွင်း၊
လက်စွပ်သုံးကွင်း ၊နားကပ် တစ်ရံ ၊ရွှေကလစ် (၅ိ/မူးသားခန့်)တစ်
ခု အသေးနှစ်ခု တို့အပြင်ငွေသား(၈)သိန်းခန့်အား ယူဆောင်၍ထွက်
သွားခဲ့ပါသည်။

ကျွန်နော်၏အမျိုးသမီးသည် မိမိသဘောဆန္ဒလျှောက်ပြုလုပ်သွားခဲ့
သော် ကျွန်နော်မှသဘောထားကြီးစွာအပြစ်မမြင်ပဲ ၊ကျွန်နော်၏
အမျိုးသမီးကိုသာ အိမ်ပြန်လာစေချင်ပါသည်။သို့ပါသောကြောင့်
ဖော်ပြါဓါတ်ပုံပိုင်ရှင် ကျွန်နော်အမျိုးသမီးအား တွေ့ရှိသူများနှင့်
လက်ခံထားရှိသူများမှကျွန်နော့်ထံ အမြန်ဆုံးဆက်သွယ်ပေးကြပါ
ရန်မေတ္တာရပ်ခံအပ်ပါသည်။

ထိုသို့ဆက်သွယ်အကြောင်းကြားခြင်းမရှိဘဲ ကျွန်နော်၏ဇနီးမအိမွန်
အား လက်ခံထားရှိသူ မည်သူ့ကိုမဆို ဥပဒေအရအမှုဖွင့်အရေးယူ
သွားမည်ဖြစ်ကြောင်း အများသိစေရန် အကြောင်းကြားအပ်ပါသည်။

ကိုထွန်းဝင်း
09 2587 46738
ပြည်မြို့၊ရွှေပလ္လင်မှော်အောက်ချိုမ့်၊
နဝင်းရပ်ကွက်


Read More...

Facebook Like Page