Sunday, January 31, 2016

မင်္ဂလာနှစ်​ပတ်​လည်​ဆု​တောင်းလွှာ

Leave a Comment

မင်္ဂလာနှစ်​ပတ်​လည်​ဆု​တောင်းလွှာ



ပြည်​သတင်း အွန်​လိုင်းမီဒီယာတွင်​ ပြည်​ခရိုင်​အတွင်းရှိ သတင်းများအား​ရေသား တင်​ပြ​ပေး​နေ​သော ကိုပြည့်​သဲ​မောင်​(ခ)မျိုးရန်​ပိုင်​၀င်း နှင့်​ မအိမွန်​​အောင်​ တို့၏ ယ​နေ့ ၁၃၇၇-ခုနှစ်​ ပြာသိုလဆုပ်​ ၇-ရက်​ {31.1.2016} တနင်္ဂ​နွေ​နေ့ မှာ ကျ​ရောက်​​သော ၁-နှစ်​ပြည့်​ မင်္ဂလာနှစ်​ပတ်​လည်​ မှစ၍ ဘ၀သက်​ဆုံးတိုင်​​အောင်​ သာယာ​ပျော်​ရွှင်​​သော မင်္ဂလာနှစ်​ပတ်​လည်​​နေ့ရက်​များစွာ ပိုင်​ဆိုင်​ကြ၍ စိတ်​၏ ချမ်းသာခြင်း ကိုယ်​၏ ကျန်းမာခြင်းများဖြင့်​ မိသားစု ထာဝရ​ပျော်​ရွှင်​နိုင်​ကြပါ​စေ​ကြောင်း ပြည်​သတင်း အဖွဲ့သားများမှ မင်္ဂလာဆုမွန်​​ကောင်း ​တောင်း​​ပေးအပ်​ပါသည်​။


ပြည်​သတင်းလူငယ်​(ပြည်​သတင်း)၊ပြည့်​ဖြိုးပြည်


Read More...

Saturday, January 30, 2016

သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ပုလဲရတုနှင့်အာစရိယပူဇော်ပွဲဖိတ်​ကြားခြင်း။

Leave a Comment

သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ပုလဲရတုနှင့်အာစရိယပူဇော်ပွဲဖိတ်​ကြားခြင်း။

         ပဲခူးတိုင်းဒေသကြီးအနာက်ပိုင်း၊သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ နှစ်(၃၀)ပြည့် “ပုလဲရတု”  အခမ်းအနားနှင့်နှစ်စဉ်ကျင်းပမြဲဖြစ်သော(၁၃)ကြိမ်မြောက်၊အာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို   ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ(၁၂)ရက်နေ့အထိ အောက်ဖော်ပြအစီအစဉ်များဖြင့်၊သုံးရက်တိုင်ကျင်းပသွားမှာဖြစ်သည်။
         (၁၀.၂.၂၀၁၆)ရက်နေ့၌။   ။စာပေဟောပြောပွဲနှင့်သဲနော်ဇာ Dancer အဖွဲ့၏အကအလှဖြင့်၎င်း၊
         (၁၁.၂.၂၀၁၆)ရက်နေ့၌။   ။ပုလဲရတုဖွင့်ပွဲအခမ်းအနား၊တောင်သူဦးကြီးများအား စက်ကရိယာအ သုံးချမှုနည်းပညာပေး သရုပ်ပြပွဲ၊စိုက်ပျိုးနည်း ပညာပေးဟောပြောပွဲ၊မိတ်ဆုံညစာစားပွဲ၊ဟားတစ်သိုက် လူငယ်များ၏အငြိမ့်ဖျော်ဖြေမှုဖြင့်၎င်း၊
         (၁၂.၂.၂၀၁၆)ရက်နေ့၌။   ။အာစရိယပူဇော်ကန်တော့ပွဲတို့အား၎င်း၊ 
စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းရှိ၊ဆရာစံခန်းမနေရာနှင့်အားကစားကွင်းနေရာတွင် စည်ကားသိုက်မြိုက်စွာပြုလုပ် ကျင်းပသွားမည်ဖြစ်ပါသဖြင့်၊အနယ်နယ်အရပ်ရပ်ရှိ ကန်တော့ခံဆရာကြီး၊ဆရာမကြီးများနှင့်တကွ စိုက်ပျိုးရေး သိပ္ပံ ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့်၊မပျက်မကွက်တက်ရောက်နိုင်ကြပါရန် ရိုသေလေးစွာ ဖိတ်ကြားအပ်ပါသည်။
          အလှူငွေများလှူဒါန်းလိုပါက ဖုံး….၀၉.၉၇၄၅၄၇၂၄၄၊၀၉.၅၃၇၄၅၀၃၊၀၉.၄၂၈၀၃၅၆၆၀၊သို့ဆက်သွယ် လှူဒါန်းနိုင်သည်။


Read More...

Friday, January 29, 2016

တက္ကသိုလ်ကျောင်းသူတစ်ဦး ရွှေတစ်ဆယ်ကျပ်သားနှင့်ငွေစက္ကူများခိုးယူမှုဖြစ်ပေါ်ခဲ့

Leave a Comment

တက္ကသိုလ်ကျောင်းသူတစ်ဦး ရွှေတစ်ဆယ်ကျပ်သားနှင့်ငွေစက္ကူများခိုးယူမှုဖြစ်ပေါ်ခဲ့



ပြည် ဇန်န၀ါရီ ၂၈



ပြည်တက္ကသိုလ်တတိယနှစ် မြန်မာစာ ကျောင်းသူတစ်ဦးသည် ၄င်းနေထိုင်ရာအဆောင်မှ ရွှေတစ်ဆယ်ကျပ်သားခန့် နှင့် ငွေကျပ် နှစ်သိန်းခန့်ခိုးယူခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။



အဆိုပါ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပြည်မြို့ န၀င်းရပ် ရွှေတစ်ချောင်းလမ်း ပြည်တက္ကသိုလ်ကျောင်းရှေ့တွင်ဖွင့်လှစ်ထားသည့် ဧကရီ အမျိုးသမီးအဆောင် တွင်မသန်းသန်းဝင်း အင်္ဂလိပ်စာ ဒုတိယနှစ် အဓိက အခန်းမှ ငွေကျပ် တစ်သိန်းခွဲနှင့် အဆောင်ပိုင်ရှင် တရားလို ဦးထွန်းမင်းလတ် ၏ သုံးထပ်ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်းမျိုစုံ တစ်ဆယ်ကျပ်သားခန့် ခန့်မှန်းတန်ဖိုးငွေ သိန်းငါးဆယ်ကျော် အားပြီးခဲ့သည့် ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ပျောက်ဆုံးသွားလျှက်ရှိကြောင်း ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင်လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်။

``အခုလို လုပ်​လိမ့်​မယ်​လို့ဘယ်​လိုမှထင်​မထားဘူး။ပစ္စည်းနဲ့​ငွေ​တွေကို အချိန်​အတို​လေးအတွင်းရှာ​ဖွေ ဖမ်းဆီးပြီး တရားခံကို အချိန်​တို​လေးအတွင်းမှာဖမ်းမိ​အောင်​ အဘက်​ဘက်​က ကူညီ​ဆောင်​ရွက်​​ပေးခဲ့ကြတဲ့ ခရိုင်​ရဲမှူး နဲ့ မြို့နယ်​ရဲမှူး​တွေအပါဝင်​ အဓိက ပြည်​မြို့​ပေါ်မှာရှိတယ်​ ရဲစခန်း​တွေကတာဝန်​ရှိသူ​တွေ အားလုံးကိုအထူး​ကျေးဇူးတင်​မိပါတယ်​။ကျွန်​​တော်​ဖြစ်​ခဲ့သလို ကျန်​ရှိ​နေတဲ့အ​ဆောင်​​တွေ မှာမဖြစ်​​စေရန်​ဂရုစိုက်​​စေချင်​ပါတယ်​။အ​ဆောင်​​တွေကို အ​ဆောင်​မှူး အ​ဆောင်​ပိုင်​ရှင်​​တွေ စည်းကမ်းတကျနဲ့အမြဲ​လေ့လာ​စောင့်​ကြည့်​ဖို့လိုပါတယ်​။ကျန်​ရှိ​နေတဲ့အ​ဆောင်​​တွေမှာ အခုလိုကိစ္စ​တွေ ထပ်​မံမဖြစ်​ဖို့ လိုအပ်​ပါတယ်​။´´ဟု တရားလို ဧကရီအမျိုးသမီး အ​ဆောင်​ပိုင်​ရှင်​ ဦးထွန်းမင်းလတ်​ က​ပြောသည်​။



အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခရိုင်ရဲမှူး နှင့် ပြည်မြို့နယ်ရဲမှူးတို့ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်အမှတ်(၁)စခန်းမှူး ရဲအုပ်မျိုးဝင်း၊ခရိုင်မှု/ကူအဖွဲ့ မြို့ပေါ်ရဲစခန်းများအပါဝင် သက်ဆိုင်ရာတာဝန်ရှိသူများက အမာခံသတင်းပေးများဖြင့် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပြီး ဇန်န၀ါရီ ၂၆ ရက်နေ့တွင်အခင်းဖြစ်ရာ အဆောင်သို့ ထပ်မံသွားရောက်စစ်ဆေးခဲ့ရာ အသင်္ကာတရားခံအမျိုးသမီး၏ ဓါတ်ပုံအား အခင်းဖြစ်စဉ်နေအိမ်အတွင်းဝင်ရောက်သွားသူအား မြင်လိုက်ရသူ တရားလို၏ ခယ်မဖြစ်သူ မသင်းမြတ်အားပြသခဲ့ရာ တရားခံအစစ်အမှန်ဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။



၎င်းမသင်္ကာတရားခံအမျိုးသမီးမှာမ........၂၁-နှစ်ဖြစ်ပြီး  ပြည်တက္ကသိုလ် တတိယနှစ် မြန်မာစာဖြေဆိုထားသူ တစ်ဦးဖြစ်ပြီး ယခုကဲ့သို့အဆောင်များတွင် တည်းခို၍ ၀င်ထွက် ခိုးယူနေခဲ့သူဖြစ်ကြောင်း ထပ်မံစုံစမ်းသိရရှိရသည်။ အဆိုပါမသင်္ကာတရားခံ မ......၂၁ နှစ်နေထိုင်ရာ ရွာဘဲရပ်ကွက် စက်မှုဇုံဂန္ဓမာကွက်သစ်တွင် အိမ်ငှားနေထိုင်သူဖြစ်ပြီး ၄င်းနေထိုင်ရာနေအိမ် အခန်းအတွင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် သက်သေများရှေ့မှောက်တွင် ရှာဖွေခဲ့ရာ ပျောက်ဆုံးသွားခဲ့သည့် ရွှေထည်ပစ္စည်း တစ်ဆယ်ကျပ်သားခန့်နှင့်ငွေစက္ကူရောရာ နှစ်သိန်းကျပ်အား ဖမ်းစီးရမိခဲ့ကြောင်းသိရသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ မသင်္ကာတရားခံ ပြည်တက္ကသိုလ် တတိယနှစ် မြန်မာစာ ဖြေဆိုထားသူအား ပြည်အမှတ်(၁)နယ်မြေရဲစခန်းတွင် (ပ)၂၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၀-ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိခဲ့သည်​။

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
09253311019


Read More...

ဝန်​ထမ်း​ခေါ်ယူခြင်း

Leave a Comment

PEC ကိုယ်ပိုင်ကျောင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါဝန်ထမ်းများ အလိုရှိပါသည်။

(က) အထက်တန်းဆင့် in-charge ဆရာ/ဆရာမ တစ်ဦး

(ခ) အထက်တန်းဆင့် စာကျက်ဝိုင်း in-charge ဆရာ/ဆရာမ တစ်ဦး

PEC ကိုယ်ပိုင်ကျောင်း
ယိုးဒယားလမ်း၊ပြည်မြို့။
Phး 053-25564
        09-31449997
ပြည်​သတင်း - 09 450833844


Read More...

Thursday, January 28, 2016

မင်းကြိုက် ကျောက်မျက်-လက်ဝတ်ရတနာ ဖန်စီနှင့်အမှတ်တရပစ္စည်းဆိုင် Gem,Jewellery&Souvenir Shop

Leave a Comment

မင်းကြိုက်
ကျောက်မျက်-လက်ဝတ်ရတနာ ဖန်စီနှင့်အမှတ်တရပစ္စည်းဆိုင်
Gem,Jewellery&Souvenir Shop
အခန်း(၁၃)မီးရထားတိုက်တန်း၊တလမ်းမောင်းကွေ့၊တပ်လမ်းနှင့်
လမ်းရှည်လမ်းထောင့်၊ပြည်မြို့။
Ph; 09 796997388 , 09 796 996499 ,09 796996488

မြန်မာ့မြိတ်ပုလဲစစ်စစ်နှင့်နိုင်ငံခြားပုလဲများ
မိမိတို့စိတ်ကြိုက် ဒီဇိုင်းများကို(၁၅)ပဲရည်ပြည့်၊(၁၄)ပဲရည်ပြည့်
ရွှေ(သို့မဟုတ်)ပလက်တီနမ် တို့ဖြင့်လူကြီးမင်းတို့စိတ်တိုင်းကျ
အပ်ထည်များ အာမခံဆောင်ရွက်ပေးပါသည်။

ကျောက်စီပန်းချီကားများ
အမှတ်တရလက်ဆောင်နှင့်မင်္ဂလာလက်ဖွဲ့အတွက် ကျောက်ပန်းချီ
များကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါသည်။

အဆောင်အယောင်ကျောက်များ(Lucky Stone, Healthy Stone,
Lovely Stone,etc….)
Rose Quast(သူယောင်)ကျောက်၊Ice Quast,Tiger Eye, Agate, 
သန္တာကျောက်၊ကျောက်စိမ်း အစရှိသောလာဘ်ခေါ် ၊လာဘ် ပွင့်ကျောက်၊ လူချစ်လူခင်ပေါသောအဆောင်ယောင်ကျောက်၊ ကျန်းမာရေးအဆောင် 
အယောင်ကျောက်များကို ရရှိနိုင်ပါသည်။

Fancy & Jewellery
ကမာပုလဲ၊မွေးပုလဲ၊သဘာဝပုလဲများနှင့်ဆင်ယင်ထားသော Fancy 
ပစ္စည်းများနှင့်အခြား Fancy ပစ္စည်းမျိုးစုံများကိုလည်း ရရှိနိုင်ပါသည်။

ကျောက်စိမ်းနှင့်ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းများ
ကျောက်စိမ်း ပန်းအိုး၊ကျောက်စိမ်းပန်းပုရုပ်၊ကျောက်စိမ်းနှင့် 
ဆက်စပ် လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ကိုလည်းရရှိနိုင်ပါသည်။

မြန်မာ့ရိုးရာ ဂျပ်ခုတ်နှင့်ချည်ထည်များ
မြန်မာ့ရိုးရာ အလှဆင်ရန်အတွက် ဂျပ်ခုတ်ထည်များနှင့်ချည်ထည်ဝတ်စုံ 
များကိုလည်း ရရှိနိုင်ပါသည်။

မင်္ဂလာလက်ဖွဲ့ကမ်းရန်နှင့် အလှူမင်္ဂလာအခမ်းအနားများ အမှတ်တရပေး ရန် ကျောက်စိမ်းနှင့် ကျောက်မျက်အမှတ်တရပစ္စည်းများ Key chain များကို 
အထူးအော်ဒါဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။

N0.13,Railway apartment,Corner of Tut Street & Long Street,Pyay
Ph; 09 796997388 , 09 796 996499 ,09 796996488







Read More...

Wednesday, January 27, 2016

ပြည်မြို့တွင် မီးသတ်ဆေးဘူးနှင့်မီးသတ်တပ်ဖွဲ့အသုံးအဆောင် အသက်ကယ်ပစ္စည်းများအရောင်းဆိုင် ပထမဆုံးဖွင့်လှစ် ပြည့်သဲမောင်(ပြည်)09 -4236 71883

Leave a Comment

ပြည်မြို့တွင် မီးသတ်ဆေးဘူးနှင့်မီးသတ်တပ်ဖွဲ့အသုံးအဆောင်
အသက်ကယ်ပစ္စည်းများအရောင်းဆိုင် ပထမဆုံးဖွင့်လှစ်
 
ပြည့်သဲမောင်(ပြည်)09 -4236 71883
 
ပြည်ဇန်န၀ါရီ (၂၈)ရက်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် မီးသတ်ဆေးဘူးနှင့်
မီးသတ်တပ်ဖွဲ့အသုံးအဆောင် အသက်ကယ်ပစ္စည်းများကိုအ
လွယ်တကူဝယ်နိုင်ရန်အရောင်းဆိုင်အား ပထမဆုံးအကြိမ်ဖွင့်
လှစ်လိုက်ကြောင်းသိရသည်။

မီးသတ်ဦးစီးဌါနမှအသိအမှတ်ပြုထားသော မီးသတ်ဆေးဘူးအမျိုး၊
ဂျပန်၊တရုတ်၊မြန်မာဆေးဘူးမျိုးစုံ၊မီးသတ်တပ်ဖွဲ့ယူနီဖေါင်း၊မီးလောင်
ပြင်ဝတ်စုံ၊ရှာဖွေကယ်ဆယ်ရေးဝတ်စုံ၊ဦးထုပ်၊ဖိနပ်၊တံဆိပ်၊ရာထူးအ
ဆောင်အယောင်များကိုရောင်းချပေးကြောင်းသိရသည်။

အဆိုပါအရောင်းဆိုင်သည်ပြည်မြိုကတွင်ပထမဆုံးဖွင့်လှစ်သည့်ဆိုင်
ဖြစ်ပြီး၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ(အငြိမ်းစား)လက်ထောက်ညွှန်ကြား
ရေးမှူးတစ်ဦးကဖွင့်ထားသည့်ဆိုင်ဖြစ်ကြောင်း၊ဆိုင်ကယ်၊ကား၊နေအိမ်
များတွင်ထားရှိရန်အတွက်မီးသတ်ဆေးဘူးအမျိုးမျိုးကိုလွတ်လပ်စွာဝယ်
ယူနိုင်ကြောင်း၊မီးသတ်တပ်ဖွဲ့ဝင်များအတွက်လဲပြည်သူများ၏အသက်
အိုးအိမ်စီးစိမ်ကာကွယ်ရန်အတွက် အသက်ကယ်ပစ္စည်းများကိုလဲရောင်း
ချပေးထားကြောင်းနှင့်အရောင်ဆိုင်အား ပြည်မြို့ကိုးသောင်းဈေးအပြင်
ဆိုင်ခန်း ရွာဘဲရပ်ကွက်တွင်ဖွင့်လှစ်ထားကြောင်းလဲသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

နှစ်ပေါင်းများစွာကနေထိုင်လာကြသည့် နဂိုမှုလပိုင်ရှင်တွေအား နှင်ထုတ်ခဲ့ပြီး အိမ်၊ခြံ၊မြေများသိမ်းယူခဲ့သည့် မြေနေရာအား နဂိုမှုလပိုင်ရှင်များ ပြန်ရလို

Leave a Comment



နှစ်ပေါင်းများစွာကနေထိုင်လာကြသည့် နဂိုမှုလပိုင်ရှင်တွေအား နှင်ထုတ်ခဲ့ပြီး အိမ်၊ခြံ၊မြေများသိမ်းယူခဲ့သည့် မြေနေရာအား နဂိုမှုလပိုင်ရှင်များ ပြန်ရလို



ပြည် ဇန်န၀ါရီ ၂၆



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းနားဘေးတွင် နှစ်ပေါင်းများစွာက နေထိုင်ခဲ့ကြသည့် နဂိုမှုလပိုင်ရှင်တွေကို နှင်ထုတ်ပြီး ပိုက်ဆံရှိသည့်သူတွေကို မြေနေရာပြန်လည်ချထားပေးနေမှုကြောင့် နဂိုမှုလပိုင်ရှင်များက  အဆိုပါမြေများအား ပြန်လည်လိုချင်နေကြောင်းသိရသည်။



အဆိုပါ ပြည်မြို့ ကမ်းနားလမ်း ဧရာဝတီမြစ်ကမ်းနဘေးရှိမြေများအား ပြီးခဲ့သည့် ၁၈-နှစ်ခန့် ယခင် စစ်အစိုးရလက်ထက်က ဂရံနှင့်နေထိုင်လျှက်ရှိသည့် အိမ်၊ခြံ၊မြေများအား သက်ဆိုင်ရာအာဏာပိုင်တွေက န၀ဒေးတံတား နယ်နိမိတ်နှင့် မလွတ်၍ဟုဆိုကာ သိမ်းယူခဲ့ပြီး စစ်အစိုးရ နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းများအား ဂရံချထားပေးလျှက်ရှိနေကြောင်းသိရသည်။ အဆိုပါ သိမ်းယူထားသည့်မြေပေါ်တွင် ယခုအခါ အဆောက်အဦးများတည်ဆောက်လာမှုကြောင့် အသိမ်းခံလိုက်ရသည့် နဂိုမှုလပိုင်ရှင်တွေက ပြန်လည်လိုချင်ကြောင်းသိရသည်။



“စတင်ဖယ်ခိုင်းတဲ့အချိန်က နိုင်ငံတော်က လိုအပ်လို့ဖယ်ခိုင်းတာ ကျွန်မတို့နားလည်ပေးခဲ့ပါတယ်။ ဒီနေရာကဖယ်ပေးလာတာ ၁၈-နှစ်ကျော်ပါပြီ။ အခုသူများတွေတောင် ကျွန်မတို့ဖယ်ပေးထားတဲ့နေရာတွေမှာ အဆောက်အဦးတွေ ဆောက်နေကြပြီဆိုတော့ ကျွန်မတို့နေရာ ကျွန်မတို့ပြန်လိုချင်ပါတယ်။သက်ဆိုင်ရာတွေတင်ပြခဲ့တယ်။အခုထိထူးခြားမှုဘာမှမရှိဘူး။” ဟု အိမ်နေရာ အသိမ်းခံရသူ ဒေါ်ခင်တင့် ကပြောသည်။



ပြည်မြို့ ကမ်းနားလမ်းတွင် ဧရာဝတီမြစ်အလှအား ကွယ်ကာတည်ဆောက်ထားသည့် သူဌေးတစ်ဦးပိုင်ဆိုင်သော မင်္ဂလာခန်းမအဖြစ်အသုံးပြုထားသည့် အဆောက်အဦးကြီးစတင်တည်ဆောက်ခဲ့စဉ်က ဧရာဝတီချစ်သူများအဖွဲ့မှ ဦးဆောင်ဆန္ဒပြခဲ့သော်လည်း ဆန္ဒပြသူ ၄-ဦး နှင့် သတင်းထောက် ၂-ဦးတို့ အရေးယူတရားစွဲဆိုခံခဲ့ရပြီး အဆိုပါအဆောက်အဦးကတော့ ယနေ့အချိန်အခါတွင် မင်္ဂလာခန်းမအဖြစ်ဆက်လက်အသုံးပြုလျှက်ရှိနေကြောင်းသိရပြီး ယခုနောက်ထပ်တစ်နေရာတွင်တော့ အဆောက်အဦးများတည်ဆောက်ရန်ပစ္စည်းများနေရာချထားခြင်း နှင့် ခြုံနွယ်များရှင်းလင်းရှင်းများပြုလုပ်နေမှုကြောင့် နဂိုမှုလပိုင်ရှင်များပြန်ရလိုကြောင်းသိရသည်။



အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မြို့နယ်အုပ်ချုပ်ရုပ်မှူး ဦးအောင်အောင် မှ ယခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ဆီကို တင်ပြ တိုင်ကြားစာအခုထိတော့ဘာမှရောက်မလာသေးပါဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးက တင်ပြထားလို့တော့သိခဲ့ရပါတယ်။ တင်ပြလာတဲ့စာထဲမှာတော့ ယခင်ကရွာအဟောင်းဖြစ်ပါတယ်။န၀ဒေးတံတား နဲ့မလွတ်ဘူးဆိုလို့ကျေးရွာကိုဖယ်ပေးခဲ့တယ်။အခုအဲဒိနေရာမှာ တစ်ယောက်သောသူက အဆောက်အဦးဆောက်ရန်ပြင်ဆင်နေပြီး ခြံတွေရှင်းနေတယ်။ပစ္စည်းတွေချနေတယ်။အရင်က ခရိုင်အုပ်ချုပ်ရေးမှူးတားမြစ်ထားတဲ့နေရာဖြစ်ပါတယ်။အဲဒါကြောင့် အခုလက်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်ပြီးတင်ပြပေးခဲ့ပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူးက ဒီဟာနဲ့ပတ်သတ်ပြီး ပိုင်ဆိုင်မှုကိုဖျက်သိမ်းရမယ် မိမိတို့ခွင့်ပြုပေးထားခြင်းမရှိတာမလို့ မိမိတို့အနေနဲ့ဖျက်သိမ်းခွင့်မရှိဘူး။ ယခင်ကဖျက်သိမ်းခဲ့တဲ့သက်ဆိုင်ရာဌာနတွေကိုသာ ဆက်လက်တင်ပြပေးစေလိုတယ်လို့ ဒေသခံရွာသားတွေကိုပြောခိုင်းခဲ့ပါတယ်။” ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။



အဆိုပါ အိမ်၊ခြံ၊မြေများအသိမ်းခံရမှု နှင့်ပတ်သက်ပြီး နိုင်ငံတော်မှလိုအပ်၍ သိမ်းသည်ကို မတောင်းဆိုလိုသော်လည်း ယနေ့ နိုင်ငံတော်အတွက်မဟုတ်ဘဲ တခြားသောပိုက်ရှိသူဌေးတွေအတွက်သိမ်းယူခြင်းဖြစ်သောကြောင့် အဆိုပါဖယ်ရှားပေးခဲ့ရသည့် မြေ၊အိမ်၊ခြံ ပိုင်ရှင် ၁၇-ဦးမှ လက်မှတ်ရေးထိုး၍  ပြန်လည်ရရှိရေးအတွက် ဇန်န၀ါရီလ ၁၈-ရက်နေ့တွင် သက်ဆိုင်ရာဌနာများသို့ တိုင်ကြားတင်ပြခဲ့ကြောင်းသိရပြီး ယနေ့အထိထူးခြားမှုမရှိသေးကြောင်းသိရသည်။



K3(Pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)09253311019


Read More...

Tuesday, January 26, 2016

ဧရာဝတီမြစ် န၀ဒေးတံတားစီမံကိန်းနှင့်မလွတ်ကင်း၍ဟူသောအကြောင်းပြချက်ဖြင့် ပြောင်းရွေ့ပေးခဲ့ရပြီး ယခု၎င်းနေရာတွင် လူတစ်စုမှခုတ်ထွင်ရှင်းနေသဖြင့် မှုလပိုင် ရှင်များက ကန့်ကွက်နေ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment



ဧရာဝတီမြစ် န၀ဒေးတံတားစီမံကိန်းနှင့်မလွတ်ကင်း၍ဟူသောအကြောင်းပြချက်ဖြင့် ပြောင်းရွေ့ပေးခဲ့ရပြီး ယခု၎င်းနေရာတွင် လူတစ်စုမှခုတ်ထွင်ရှင်းနေသဖြင့် မှုလပိုင်
ရှင်များက ကန့်ကွက်နေ

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည် ဇန်န၀ါရီ (၂၆)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ကမ်းနားလမ်းရှိ 
မိချောင်းရဲရွာဟောင်းတွင်နေထိုင်သူ များအား ၁၉၉၄ 
ခုနှစ်က ဧရာဝတီမြစ်န၀ဒေးတံတားစီမံကိန်းနှင့်မလွတ်
ကင်း၍ဟူသောအကြောင်းပြချက်ဖြင့် ၄င်းနေရာမှ  
ပြောင်းရွေ့ပေး ခဲ့ရပြီး ယခုအဆိုပါနေရာတွင် လူတစ်
စုမှခုတ်ထွင်ရှင်းနေသဖြင့် မှုလပိုင်ရှင်များက မိမိ
တို့ မြေများ ပြန်လည်ရရှိရန် နှင့် မြေနေရာပြန်လည်
ချထားပေးနေမူအားကန့်ကွက်နေကြောင်းသိရသည်။

ယခင္က အစိုးရလက္ထက္က န၀ေဒးတံ တားေ
ဆာက်လုပ်သည့်လုပ်ငန်းစီမံကိန်း နှင့်မလွတ်ကင်း
လို့ပြောင်းရွေ့ပေးခဲ့ရပြီး။ယခုအစိုးရသစ်လက်ထပ်
နိုင်ငံတော်သမ္မတ၏ သိမ်းဆည်းမြေများအားမည်သည့် အ ဆောက်အဦးမှအခိုင်အမာမဆောက်ရန်ညွန်ကြား
ထားသော်လည်း အစိုးရ နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း 
များအား ဂရံအမည်ပေါက်လျှက်ရှိနေကြောင်းသိရသည်။

“အရင်ကပြောင်းရွေ့ခိုင်းတုန်းက န၀ဒေးတံတားစီမံ
ကိန်းကြောင့်ဆိုလို့ပြောင်းပေးခဲ့ရတာ။အခုလဲ အဲဒီနေရာ 
ပြည်သူလူထုအကျိုးပြုမဲ့ စာသင်ကျောင်းဖြစ်ဖြစ် ဆေးရုံဆေး
ခန်းဖြစ်ဖြစ် ဆောက်လုပ်ဖို့ဆိုရင်တော့ ကျွန်ေ တ်ာတို့လဲ
မပြောလိုပါဘူး။အခုတော့ဗျာအစိုးရကရောင်းစားပြီး ကိုယ်
ကျိုးစီးပွားအတွက်လုပ်မှာ ကိုတော့လုံး ၀မလိုလားဘူး ” ဟု 
အိမ်နေရာ အသိမ်းခံခဲ့ရတဲ့ ကိုဌေးဝင်းကပြောသည်။

ပြည်မြို့နယ်စည်ပင်ကော်မတီအနေနဲ့ ဧရာဝတီမြစ်ကမ်း
နားမြေတလျှောက်မှာမူမမှန်ဂရံတွေဖြစ်လို့ ၊ဘယ် လို 
ပုဂ္ဂိုလ်ကိုမှဆောက်လုပ်ခွင့်မပြုဖို့ အစည်းအဝေးဆုံဖြတ်
ချက်ချထားကြောင်း ပြည်မြို့နယ် စည်ပင်ကော်မတီဝင်
တစ်ဦးကပြောသည်။

“ဒီဆုံးဖြတ်ချက်ကြောင့်ဦးထိုင်ထိုင်ခေါင်းရင်းဘက်ခြမ်း
မြေကွက်ကိုအုတ်တံတိုင်းခတ်ဖို့လုပ်တုန်းကတောင်  တားဆီးခဲ့လို့ပျက်ပြယ်ခဲ့သေးတာ။အခုမှဘာကြောင့်မြေ
ညှိတဲ့အဆင့်ဖြစ်လာရတာလဲ ၊မြို့နယ်အုပ်ချုပ်ရေး ပိုင်းက တာဝန်ရှိသူတွေကိုအကဲစမ်းတာလား၊စည်ပင်ကော်မတီ
ဝင်တွေကိုအကဲစမ်းတာလားလို့မေးရပါလိမ့်မယ်”ဟု ပြည်
မြို့နယ်စည်ပင်ကော်မတီဝင် ဦးအေးချိုကပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဆင်စုနယ်မြေအုပ်ချုပ်ရုပ်မှူး 
ဦးတင်ရွှေအားမေးမြန်းရာ“ကျွန်တော်အနေနဲ့ ကတော့ အဲဒီ
အဖွဲ့တွေဇန်န၀ါရီ ၁၃ရက်နေ့မှာလာပြီး အဲဒီမြေနေရာ မှာ
 ခြုံတွေခုတ်နေထဲကမှတ်တမ်းဓါတ်ပုံ တွေရိုက်ပြီး မြို့နယ်
အုပ်ချုပ်ရေးကိုအစီရင်ခံစာတင်ပြထားပြီးသားပါ။ အခုလဲသူ
တို့ဘာတွေဆက်လုပ်နေ တယ်ဆိုတာကို အချိန်နဲ့ တင်ပြေ
ပးနေ ပါတယ်။ခရိုင်အုပ်ချုပ်ရေး၊မြို့နယ်အုပ်ချုပ်ရေးက တစ်စုံ
တစ်ရာညွှန် ကြားလာခဲ့ရင်တော့ ဆောင်ရွက်ဖို့အသင့်ပါပဲ”ဟု 
ဆင်နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကပြောသည်။

၎င်းမြေသိမ်းဆည်းခံရသည့်ပြည်သူများက သက်ဆိုင်ရာသို့
အကြိမ်ကြိမ်စာဖြင့်တင်ပြတိုင်ကြားခဲ့သော်လည်း ယနေ့အချိန် အထိထူးခြားမှုမရှိသေးကြောင်းနှင့်မိမိတို့မူလမြေနေအားပြန် လည်ရရှိရန်မျှော်လင့်လျှက်ရှိကြောင်းလဲသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရုင်မှုခင်းနှင့်သတင်းစုံ





Read More...

Facebook Like Page