Friday, June 24, 2016

ဥသျှစ်ပင်မြို့ရှိ“ဘရဏီ’’ စတိုးဆိုင်အတွင်းမှပစ္စည်းနှင့်ငွေများခိုးယူသူအား ဖမ်းဆီးနိုင်ခြင်းမရှိသေးဟုဆိုင်ပိုင်ရှင်ကဆို

Leave a Comment

ဥသျှစ်ပင်မြို့ရှိ“ဘရဏီ’’ စတိုးဆိုင်အတွင်းမှပစ္စည်းနှင့်ငွေများခိုးယူသူအား
ဖမ်းဆီးနိုင်ခြင်းမရှိသေးဟုဆိုင်ပိုင်ရှင်ကဆို

ဥသျှစ်ပင် ဇွန်(၂၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ဥသျှစ်ပင်မြို့ရှိ “ဘရဏီ”စတိုးဆိုင်အတွင်း
မှပစ္စည်းနှင့်ငွေများခိုးယူသွားသူအား ယနေ့ထိဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း တရားလိုဖြစ်သူဆိုင်ပိုင်ရှင်ကပြောသည်။

လွန်ခဲ့သော ဧပြီလ(၂၇)ရက်နေ့ ည (၁၁) နာရီအချိန်ခန့် ပန်းတောင်မြို့နယ်၊
ဥသျှစ်ပင်နယ်မြေရဲစခန်းအပိုင် ပြည်-တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ်
(၂၀/၀)နှင့်(၂၀/၁)အကြား ၊ဥသျှစ်ပင်မြို့ပြည်တော်သာရပ်ကွက်ရှိ“ဘရဏီ”
စတိုးဆိုင်ပိုင်ရှင် ဒေါ်စန်စန်း ဌေး(၄၂)နှစ်သည်ဆိုင်ပိတ်ထားခဲ့ပြီးနောက်တစ်
နေ့နံနက် (၅)နာရီ(၃၀)အချိန်ခန့် ဆိုင်ဝန်ထမ်းများဖြစ်သော မသီတာ၊မမိုးမိုး၊
မလေးမြတ်သူတို့နှင့်အတူ ဆိုင်ပြန်ဖွင့်စဉ် ကောင်တာအတွင်းထည့်ထားသော
MPT ငွေဖြည့်ကဒ်မျိုးစုံ(၁၂၀)ကဒ်တန်ဖိုး ၈၇၀၀၀၀ိ/ကျပ် ၊CDMA ငွေဖြည့်ကဒ်
(၃၂၅)ကဒ် တန်ဖိုး ၅၂၅၀၀၀ိ/ ကျပ်၊TELENOR ငွေဖြည့်ကဒ်(၆၆၀)ကဒ် တန်
ဖိုး ၈၄၀၀၀၀ိ/ကျပ် ၊GSM ဆင်းကဒ်(၂၀)ကဒ် တန်ဖိုး၃၀၀၀၀ိ/ကျပ်၊ငွေစက္ကူရော
ရာ ၁၀၀၀၀၀၀ိ/ကျပ်ခန့်၊စုစုပေါင်း၃၂၆၅၀၀၀ိ/ကျပ်ခန့် ပျောက်ဆုံးနေသဖြင့်ဈေး
ဆိုင်အတွင်းမှပစ္စည်းများနှင့်ငွေများခိုးယူသူအား စုံစမ်းဖေါ်ထုတ်ပေးရန် ဆိုင်ရှင်
ဒေါ်စန်းစန်းဌေးမှတရားလိုပြုလုပ်၍တိုင်ကြားထားကြောင်းသိရသည်။

ထိုသို့တိုင်ကြားခဲ့သဖြင့် ဥသျှစ်ပင်ရဲစခန်းမှ(ပ)၄၈/၂၀၁၆ ၊ ပြစ်မှုပုဒ်မ -၃၈၀ ဖြင့်
အမှုဖွင့်ကာ အမှုအားဒုရဲအုပ်အောင်ကျော်စိုးမှလက်ခံစစ်ဆေးသော်လည်းယနေ့
ထိပြစ်မှုကျုးလွန်သူအားဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းဆိုင်ရှင်ဖြစ်သူမစန်းစန်းေ
ဌးကပြောသည်။

“အမှုဖွင့်ထားတာနှစ်လရှိတော့မယ် ဒီနေ့အထိဘာမှမထူးခြားသေးဘူး တရားခံ
ပုံကိုလဲ CCTVကပုံကူးပေးထားတယ် ။သူနေတဲ့နေရာလဲ သိပါရဲ့နဲ့အခုအချိန်
ထိမိအောင်မဖမ်းနိုင်ဘူး။ခိုးတဲ့သူက ဒီလောက်တံခါးတွေစနစ်တကျပိတ်ထား
တာတောင် ကျမတို့ဆိုင်ထဲထိအောင်ဝင်ခိုးတာ သူခိုးနေတဲ့အချိန်မှာ ကျမ ဒါမှမ
ဟုတ် ကျမတို့မိသားစုထဲက တစ်ယောက်ယောက်ကို အန္တရာယ်ပြုရင်ဘယ်လို 
လုပ်မလဲ ၊ကျမတို့မြို့မှာဒီလောက်တောင် တရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီလား။
အမှုအကြောင်းအရာ သိချင်လို့ဖုန်းဆက်တော့လဲမကိုင် အကျိုးအကြောင်းဘာမှ
လဲမသိရဘူး။ ဒီလောက်ထိကြာစရာအကြောင်းမရှိဘူး”ဟု ဆိုင်ပိုင်ရှင်တရား
လိုဒေါ်စန်းစန်းဌေးကပြောသည်။

အဆိုပါ “ဘရဏီ”စတိုးဆိုင်သည် လွန်ခဲ့သော (၁၉၉၅)ခုနှစ်လောက်ကတစ်
ကြိမ်ခိုးခံရဘူးကြောင်း၊အကျီင်္အဝတ်အထည်၊နာရီစသည်တို့ခိုးခံရပြီး အဲဒီခေတ်
ကငွေတန်ဖိုး(၉)သိန်းဖိုးလောက်ဆုံး ရှုံးခဲ့ကြောင်း၊ ထို့ကြောင့်ဆိုင်တစ်ဆိုင်လုံး
နီးပါး လုံခြုံရေးကင်မရာများတက်ဆင်ထားကြောင်း၊အခြားမြို့တွေမှာဆို cctv ကင်မရာအထောက်အကူနဲ့တရားခံများမိခဲ့သော် ဥသျှစ်ပင်မြို့တွင်တော့ ရဲတပ်
ဖွဲ့လုပ်ဆောင်ချက်တွေအရမ်းအားနည်းကြောင်းနှင့်လိုအပ်လာပါ အထက်ဌာန 
များသို့ တိုင်စာများပေးပို့တိုင်ကြားသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြော
ကြားသည်။

ထို့ကြောင့်အမှုနှင့်ပတ်သက်ပြီး ဥသျှစ်ပင်ရဲစခန်းမှအမှုစစ်နယ်ထိန်းခေါင်းေ
ဆာင် ကိုင်ဆောင်သောဖုန်း၀၉ ၃၁၆၅ ၃၈၆၅ အား အကြိမ်ကြိမ်ဆက်သွယ်ေ
မးမြန်းခဲ့သော်လည်း ဆက်ပိတ်ထားကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




0 comments:

Post a Comment

Facebook Like Page