Thursday, June 23, 2016

Leave a Comment


ခေတ်မှီကလေးကစားကွင်းအမည်ခံ အကြွေစေ့လောင်းကစားဆိုင်များအား ယခုလကုန်အပြီးပိတ်သိမ်းရန် မြို့နယ်စည်ပင်မှ ထုတ်ပြန်ကြေငြာသွားမည်
ပြည်၊ဇွန်၊၂၃
ကလေးကစားကွင်းအမည်ခံ အကြွေစေ့လောင်းကစားဆိုင်များ ယခုလကုန်တွင်အမြန်ဆုံးပိတ်သိမ်းရန် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ ပုလဲသီတာခန်းမတွင် သက်ဆိုင်ရာဌာနများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊အကြွေစေ့ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားအား ဇွန် ၂၃-ရက်နေ့ နေ့လည် ၁-နာရီအချိန်မှာစတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ သူရဦးမြင့်သူ မှ ပြည်မြို့ပေါ်အတွင်းရှိ ကလေးကစားကွင်းအမည်ခံ အကြွေစေ့လောင်ကစားဆိုင်များအား ယခုလကုန်တွင် အပြီးပိတ်သိမ်းရန် စာထုတ်ပြန်သွားမည်ဖြစ်ကြောင်း စာထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဆက်လက်လုပ်ကိုင်ဖွင့်လှစ်နေပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်သာ သက်ဆိုင်ကြောင်း ယင်းအခမ်းအနားတွင်ပြောဆိုလိုက်သည်။
သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)၀၉-၂၅၃၃၁၁၀၁၉
 

0 comments:

Post a Comment

Facebook Like Page