Sunday, April 24, 2016

အသက် ၂-နှစ်အရွယ်ကလေးငယ်တစ်ဦး ပြည်ဘူတာရုံအနီးတွင် စွန့်ပစ်ခံရဟုဆို၍ သက်ဆိုင်ရာဌာနသို့ သွားရောက်ပို့ဆောင်

Leave a Comment



အသက် ၂-နှစ်အရွယ်ကလေးငယ်တစ်ဦး ပြည်ဘူတာရုံအနီးတွင် စွန့်ပစ်ခံရဟုဆို၍ သက်ဆိုင်ရာဌာနသို့ သွားရောက်ပို့ဆောင်

 

ပြည်၊ဧပြီ၊၂၃

 

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ပြည်ဘူတာရုံရှေ့ရှိ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် အသက် ၂-နှစ်အရွယ် ယောက်င်္ကျားလေးတစ်ဦးမှာ ဘေးနာတွင်အထုတ်တစ်ထုတ်ချထားကာ ငိုနေသောကြောင့် မီးရထားရဲတပ်ဖွဲ့နှင့်ရပ်ကွက်ကလေးသူငယ်ကာကွယ်စောင့်လျှောက်ရေးအဖွဲ့များမှ ပူးပေါင်းကာ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါကလေးငယ်သည် ဧပြီလ ၂၃-ရက်နေ့မှာ ပြည်ဘူတာရုံရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် အထုတ်ငယ်တစ်ထုတ်အားဘေးချကာ ငိုနေခြင်းဖြစ်သောကြောင့် ကလေးငယ်၏ မိဘများမှ ကလေးငယ်အား စွန့်ပစ်သွားသည်ဟု ယူစကာ ယခုလို သက်ဆိုင်ရာအဖွဲ့အစည်းတွေ နှင့် ဒေသခံများမှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးရုံးသို့ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်းသိရသည်။

 

 “မနက် (၉)နာရီလောက်က ဘူတာရဲတပ်ဖွဲ့ကအကြောင်းကြားလို့ကျွန်တော်သွားကြည့်တာခလေးလေးကအထုပ်ကလေးတထုပ်နဲ့ငိုနေတာတွေ့လို့အခုတော့၊လူမှုဝန်ထမ်းအဖွဲ့ကိုဖုန်းဆက်အကြောင်းကြားတာသူတို့ကလက်ခံပါတယ်၊ပို့ပေးပါဆိုလို့အခုရဲတပ်ဖွဲ့နဲ့အတူသွားပို့မလို့ပါ” ဟု ရပ်ကွက်ကလေးသူငယ်ကာကွယ်စောင့်လျှောက်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ကျော်ဦး ကပြောသည်။

 

အဆိုပါကလေးငယ်မှာ အသက် ၂-နှစ်ခန့်သာရှိနေသောကြောင့် သက်ဆိုင်ရာဌာနက ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်အတွင်းမှာ ဆရာလေးတစ်ပါးဖွင့်လှစ်ထားသည့် ရတနာမဉ္ဖူ မိဘမဲ့ဂေဟာသို့ ပို့ဆောင်ရန် အစီစဉ်များရှိကြောင်းသိရသည်။

 

“ကလေးကိုလောလောဆယ်ရတနာ့မဉ္ဖူရီကိုပို့မယ်။ တိုင်းရုံးကိုလဲဖုန်းဆက်မယ်။ ကလေးသူငယ်ဖြစ်နေတာကြောင့်၊ညွှန်ချုပ်ဆီကိုလဲဖုန်းဆက်မယ်။ ညွှန်ချုပ်က အခုဒီမှာထားမလား၊ဒါမမဟုတ်ရုံးချုပ်ကိုပိုဆိုရင်လဲ ပို့မှာပါ။” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာန ဒု-ညွှန်မှူး ဒေါ်သန်းသန်းဌေး ကပြောသည်။

 

ပြည်မြို့တွင် ၂၀၁၄-ခုနှစ် ဒီဇင်ဘာလခန့်တွင် ၄-နှစ်အရွယ်အမျိုးသမီးကလေးငယ်လေး တစ်ဦးအား အဆင့်ဆင့်ရောင်းချခြင်းခံရသည့် ဖြစ်စဉ်မျိုးရှိနေပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် ဒေသခံသတင်းထောက်များမှ ၄င်းကလေးမငယ်လေးအား ယခုလို လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးရုံးသို့ သွားရောက်အပ်နှံခဲ့ကြကြောင်းသိရသည်။ယခုဖော်ပြပါ အသက် ၂-နှစ်အရွယ်ကလေးငယ်လေးနှင့်ပတ်သက်ပြီး ဆက်လက်စီစဉ်သွားမည်ဟု သက်ဆိုင်ရာဌာနများမှသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)၀၉၂၅၃၃၁၁၀၁၉
 

 

0 comments:

Post a Comment

Facebook Like Page