Thursday, April 28, 2016

ဘုရားပွဲဈေးအတွင်းလည်ပတ်ရာမှ ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသောအမှုမှပြစ်မှုကျုးလွန်သူအားဖော်ထုတ်ဖမ်း ဆီးနိုင်ခြင်းမရှိသေး

Leave a Comment

ဘုရားပွဲဈေးအတွင်းလည်ပတ်ရာမှ ထိုးသွင်းဒဏ်ရာဖြင့်
သေဆုံးနေသောအမှုမှပြစ်မှုကျုးလွန်သူအားဖော်ထုတ်ဖမ်း
ဆီးနိုင်ခြင်းမရှိသေး

ပြည် ဧပြီ (၂၈)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ် ၊ သဲကုန်းအုပ်စု ၊
ကုန်းသာကျေးရွာ ၊ ဘုရားပွဲဈေးတွင်ဖြစ်ပွားခဲ့သော လူသတ်မှု
နှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူအား ဖော်ထုတ်ဖမ်းဆီး အရေး
ယူနိုင်ခြင်း မရှိသေးကြောင်းသေဆုံးသူ၏ မိသားစုထံမှသိရသည်။

အမှုဖြစ်စဉ်မှာ ဧပြီ(၂၅)ရက်နေ့ ည(၈း၃၀)အချိန် တရားလိုကိုရဲမင်းသည်
ကုန်းသာကျေးရွာဘုရားပွဲသို့ ညီဖြစ်သူ ကိုရဲဝင်း ၊ညီဝမ်းကွဲတော်သူ ဆက်
နိုင်ဦးတို့နှင့်အတူသွားရောက်ခဲ့ပြီး ဘုရားပွဲဈေးတန်းရှိညီမဝမ်းကွဲတော်သူ
မဘုတ်ကြီး၏ ကွမ်းယာဆိုင်တွင်ထိုင်နေရာမှဆက်နိုင်ဦးတစ်ဦးတည်း ဘု
ရားပွဲဈေးတန်းအတွင်း သွားရောက်လည်ပတ်နေရာမှ ပြန်လည်ရောက်ရှိ
ခြင်းမရှိသဖြင့် ၄င်း၏လက်ကိုင်ဖုန်းအားခေါ်ဆောင်ရာတွင် အဆက်အသွ
ယ်မရရှိ၍ ပွဲဈေးတန်းနှင့်ပွဲဈေးတန်းဝန်းကျင်တွင် လိုက်လံရှာဖွေခဲ့သည်ဆို
၏။

ထိုသို့လိုက်လံရှာဖွေရာ အရှေ့ဘက်ပွဲဈေး တန်းနောက်ဘက်လယ်ကွင်းစပ်
တွင် လဲကျနေသည်ကိုတွေ့ရှိရ၍ သွားရောက်ကြည့်ရှုရာ ဆက်နိုင်ဦးတွင် ဝဲ
ဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက် ၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်
ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရကြောင်းသိရသည်။

ထို့ကြောင့်အမှုနှင့်ပတ်သက်၍ ညီဖြစ်သူ ဆက်နိုင်ဦး(ဘ) ဦးညွန့်လှိုင်၊လယ်
လုပ် ၊သပွတ်ထောင်ရွာ၊သဲကုန်းအုပ်စု ၊ပြည်မြို့နယ်နေသူအား သတ်သွားသူ
 ပြစ်မှုကျုးလွန်သူအား အရေးယူပေးပါရန်အစ်ကိုဖြစ်သူ ကိုရဲမင်း(ဘ)ဦးသော
င်းတင် ၊ လယ်လုပ်၊ရွာဘီးခုံကျေးရွာ၊ပြည်မြို့နယ် နေသူမှတရားလိုပြုလုပ်တိုင်
တန်းခဲ့သဖြင့် ပြည်အမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၁၁/၂၀၁၆ ၊ပြစ်မှုပုဒ်မ ၃၀၂
အရအမှုရေးဖွင့်ထားရှိကာ အမှုအားရဲအုပ်စိုးလှိုင်ဦးမှ လက်ခံစစ်ဆေးကာ ပြစ်
မှုကျုးလွန်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page