Sunday, April 24, 2016

န၀ဒေးတံတားအောက်လူသတ်မှု သုံးနှစ်ပြည့်သော်လည်း တရားခံများပျောက်ဆုံးနေ၍ ဆုတောင်းဆီမီးမျှောပွဲ နှင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်

Leave a Comment



န၀ဒေးတံတားအောက်လူသတ်မှု သုံးနှစ်ပြည့်သော်လည်း တရားခံများပျောက်ဆုံးနေ၍ ဆုတောင်းဆီမီးမျှောပွဲ နှင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်
 
ပြည်၊ဧပြီ၊၂၄
 
 
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊န၀ဒေတံတားအောက်လူသတ်မှုဖြစ်ပွားရာ ၃-နှစ်ပြည့်မြောက်သော်လည်းအမှုမှန် တရာခံယနေ့အထိပေါ်ထွက်လာခြင်းမရှိသဖြင့် သေဆုံးသွားသည့် အမျိုးသားတစ်ဦး၏ ဆွေမျိုးများ၊ပြည်မြို့ဒေသခံပြည်သူများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပှုးပေါင်း၍ ဆန္ဒထုတ်ဖော်မှုများ၊ဧရာဝတီမြစ်အတွင်း ဆီမီးမျှော၍ ဆုတောင်းမှုများအား ဧပြီလ ၂၃-ရက်နေ့ ညနေတွင် ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်မှု နှင့်ဆုတောင်ဆီမီးမျှောပွဲတွင် လွန်ခဲ့သည့် ၃-နှစ်ခန့်က ဧရာဝတီမြစ် သဲသောင်ပြင် န၀ဒေးတံတားအောက်တွင် သမီးရည်းစားချစ်သူစုံတွဲတစ်တွဲမှ သဲသောင်ပြင်တွင် လမ်းလျှောက်တွေ့ဆုံခဲ့စဉ် အမျိုးသား သုံးဦးက အကြမ်းဖက်လုယက်သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး  အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တာဖြစ်ကြောင်းသိရသည်။ 
 
ကိုဇော်မင်းဦးကလွန်ခဲ့တဲ့သုံးနှစ်ကဒီနေရာမှာပဲ လူသုံးဦးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကိုခံခဲ့ရတယ် အဲလိုသေဆုံးခဲ့တဲ့အတွက်ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်တယ်ကိုဇော်မင်းဦးကလူမဆန်စွာသတ်ဖြတ်ခြင်းကိုခံခဲ့ရတယ် အဲဒိကိစ္စနဲ့ပတ်သတ်ပြီး တရားမျှတမှု၊ လူ့အခွင့်အရေးတွေရရဖို့ ဆုတောင်းကြခြင်းဖြစ်တယ် ဆုတောင်းပွဲစုတန်းလှည်လည်တာမှ အားလုံးပါဝင်နိုင်ကြပါတယ်” ဟု ဦးဆောင်ပါဝင်သူ ဦးမင်းမင်းအောင် ကပြောသည်။
 
၎င်းအခင်းဖြစ်ပွားချိန်နှင့်တစ်ဆက်တည်းအချိန်တွင် န၀ဒေးတံတာအလွန်သဲသောင်ပြင် ရှိ ကိုင်းတောတောမှ အမျိုးသား သုံးဦးအား ရပ်ကွက်နေပြည်သူများမှ လိုက်လံဖမ်းဆီးခဲ့ရာ အမျိုးသားနှစ်ဦးသာ လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ကျန်အမျိုးသား၁-ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရပြီး ဖမ်းဆီးရမိသူ နှစ်ဦးအား ရပ်ကွက်နေပြည်သူများမှ သက်ဆိုင်ရာ အမှတ်(၂)ရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ရာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုဖမ်းမိသူနှစ်ဦးမှာ ခလရ(၇၅)မှတပ်မတော်သားတွေဖြစ်နေကြောင်းသိရပြီး ထွက်ပြေးလွတ်မြောက်သွားသူမှာလည်း ၄င်းတို့နှင့်အတူတူ တပ်မတ်ာသားဖြစ်နေကြောင်းသိရသည်။
 
“ဒီလိုမျိုးအများပြည်သူက၀ိုင်းဝန်းကူညီပြီးဆောင်ရွက်ပေးတဲ့အတွက် ၀မ်းသာပါတယ် အနယ်နယ်အရပ်ရပ်ကကော ပြည်မြို့ကကောဝိုင်းဝန်းပြီးလုပ်ပေးကြတဲ့အတွက် ကျွန်မ၀မ်းသာတယ် လှိုက်လှဲစွာကြိုဆိုတယ် ဘာဖြစ်လို့လဲဆိုတော့သုံးနှစ်သာပြည့်သွားတယ် ကျွန်မမောင်လေးသေဆုံးမှုက မပေါ်ပေါက်သေးဘူး ကျွန်မမောင်လေးသေဆုံးတယ်ဆိုတာ သုံးနှစ်ပြည့်တယ်ဆိုတာဘယ်လိုမှ မခံစားနိုင်လို့ပါ အခုလိုဝိုင်းဝန်းကူညီကြတဲ့လူထုကိုကျေးဇူးတင်ပါတယ်” ဟု သေဆုံးသွားသူ ကိုဇော်မင်းဦး ၏အစ်မဖြစ်သူ မသီတာဦး ကပြောသည်။
 
၎င်းဖြစ်စဉ်များဖြစ်ပြီးနောက်ပိုင်း ဖမ်းဆီးရမိသူတပ်မတော်သား နှစ်ဦးအား ညတွင်းချင်း ၄င်းတို့တပ်မှ အရာရှိတစ်ဦးမှ အမှတ် ၂-ရဲစခန်းသို့ ကားဖြင့်ကိုယ်တိုင်လာရောက်ခေါ်ထုတ်သွားပြီးနောက်ပိုင်း ယနေ့အချိန်အထိ ၄င်းလူသတ်မှုတရားခံအား ယနေ့ သုံးနှစ်ပြည့်သည့်အချိန်အထိဖမ်းဆီးရမိခြင်းများမရှိတော့ပဲ ဆက်လက်စုံစမ်းနေမှုများဖြင့်သာ အချိန်ကုန်နေခဲ့ရသည်။
 
ဆိုပါအမှုကိစ္စနှင့်ပတ်သက်ပြီး အာရှလူအခွင့်အရေးကော်မရှင်(A.H.R.C)ကလည်း အရငအစိုးရနှင့်တကွ ဌာနဆိုင်ရာအသီးသီး၊ နိုင်ငံတစ်ကာအဖွဲ့အစည်းတွေထံ အရေးပေါ်ပန်ကြားချက်များထုတ်ပြန်ခဲ့ပေမဲ့၊ယနေ့အချိန်ထိ သတ်ဖြတ်ခဲ့သူတွေကို ဖော်ထုတ်ပေးနိုင်ကြမရှိသလို လက်ရှိအချိန်ထိ CID မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံကသိရသည်။
 
အဆိုပါ န၀ဒေးတံတားအောက် သေဆုံးမှု သုံးနှစ်ပြည့်ပွဲအား ညနေ ခြောက်နာရီမှစတင်ကာ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးခဲ့ပြီး ရန်ကုန်-ပြည်လမ်းအတိုင်း လမ်းလျှောက်ကာ အခင်းဖြစ်ပွားခဲ့တဲ့ န၀ဒေးတံတားအောက်မှာ စုပေါင်းဆုတောင်းခြင်း ဧရာဝတီမြစ်အတွင်း ဆီမီးမျှော်ခြင်းတို့ကို ကျောင်းသားတွေ၊ မြို့ခံတွေ။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ စုပေါင်းကာ အင်အား နှစ်ရာခန့်ဖြင့် ပြုလုပ်ခဲ့ကြပြီး ထိုနေ့ည ၈-နာရီကျော်အချိန်အထိကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။
 
K3(pyay)
 




 

0 comments:

Post a Comment

Facebook Like Page