Friday, February 5, 2016

ခေါ်ယူညှိနိုင်းပေးပါရန် တိုင်ကြားခြင်း

Leave a Comment

သို့/

၅.၂.၂၀၁၆

၁။ ။ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး
၂။ ။ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး
၃။ ။ ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး

ခေါ်ယူညှိနိုင်းပေးပါရန် တိုင်ကြားခြင်း

ပြည်မြို့ ရွှေလက်လှရပ်ကွက် ရဲဌာနလမ်းရှိ ဇလပ်ဝါလုပ်ငန်းစုသည် နေ့/ညမပြတ် အများပြည်သူပိုင်လမ်းမကြီးပေါ်တွင် ကုန်တင်ကားကြီးများ ရပ်တန့်ပိတ်ဆို့ရပ်ထားကာ ကုန်တင်/ကုန်ချခြင်းလုပ်ငန်းများပြုလုပ်နေသည်မှာ နေ့စဉ်ရက်ပေါင်းကြာမြငှ်င့်နေပါပြီ။  ပြီးခဲ့သည့် ၂၈.၁.၂၀၁၆ ရက်နေ့ ည(၉)နာရီအချိန်တွင် မီးသတ်ကားမီးဘေးနိုးဆော်ရေးအတွက် ရွှေလက်လှ မြို့မရဲဌာနလမ်းထဲသို့ဝင်ခဲ့ရာ ဇလပ်ဝါလုပ်ငန်းစုမှ ညအိပ်ရပ်နားထားသော ကုန်တင်ကားကြီးများဖြင့် အရှေ့/အနောက်လမ်းများကြပ်၍ ပိတ်နေသဖြင့် လမ်းထဲသို့ ၀င်လို့မရဖြစ်ခဲ့ရပါသည်။ အကယ်၍ လမ်းထဲတွင် မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါက မီးသတ်ကားများအလွယ်တကူဝင်/ထွက်နိုင်ရန် အလွန်ခက်ခဲဖြစ်မည်ကိုစိုးရိမ်မိပါသည်။ အဆိုပါ ဇလပ်ဝါလုပ်ငန်းစုမှ လုပ်ငန်းသုံးကားများရပ်ထားခြင်းကြောင့် ရပ်ကွက်နေပြည်သူများလမ်းသွားလမ်းလာ ဆိုင်ကယ်များအ၀င်/အထွက်သွားလာရာ အခက်အခဲများဖြစ်ပေါ်နေလျှက်ရှိနေပါသည်။ ၄င်းကားများအား ရှောင်တိမ်းရာ အခန့်မသင့်ပါက မလိုလားအပ်သည့် ယာဉ်တိုက်မှု၊ယာာဉ်တိမ်းမှောက်မှုများဖြစ်ပေါ်နိုင်ပါသည်။ ဇလပ်ဝါလုပ်ငန်းစုမှ စည်းကမ်းမဲ့စွာ လမ်းမပေါ်တွင်စုပုံထားသည့် ကုန်ပစ္စည်းများစွာဟာ လမ်းသွားလမ်းလာအများပြည်သူ နှင့် ဘေးပတ်ဝန်းကျင်များမှ စိနတ်အနှောင့်အယှက်ဖြစ်နေရပါသည်။ ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ဖော်ပြပါ ဌာနမှတာဝန်ရှိလူကြီးများ ခေါ်ယူညှိနိုင်းဖြေရှင်းပေးပါရန် ပြည်သတင်းမှတဆင့် ထပ်မံတင်ပြ တိုင်ကြားအပ်ပါသည်။

တိုင်တန်းသူ-ဦးကြည်ဝင်း ၇/ပမန(နိုင်)၀၄၄၉၀၉ မြို့မရဲဌာနလမ်း၊ပြည်မြို့ အပါဝင် ၁၆-ဦးလက်မှတ်ရေးထိုးတိုင်ကြားအပ်ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page