Tuesday, February 9, 2016

ပြည်မြို့ နဝဒေးပွဲရုံတန်းရှိ အလှပြုပြင်ရေးဆိုင်တွင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့်သမီးဖြစ်သူပျောက်သွားသည်ဟုဆို ကာ မိခင်ဖြစ်သူမှလူပျောက်တိုင်ကြား

Leave a Comment

ပြည်မြို့ နဝဒေးပွဲရုံတန်းရှိ အလှပြုပြင်ရေးဆိုင်တွင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့်သမီးဖြစ်သူပျောက်သွားသည်ဟုဆို
ကာ  မိခင်ဖြစ်သူမှလူပျောက်တိုင်ကြား


ပြည် ဖေဖော်ဝါရီ(၉)ရက်
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ ၊နဝဒေးရပ်ကွက် ၊
နဝဒေးပွဲရုံတန်းရှိ အလှပြုပြင်ရေးဆိုင်တွင် ဝင်ရောက်အလုပ်
လုပ်ကိုင်နေသော သမီးဖြစ်သူသည် ဖေဖော်ဝါရီ(၃)ရက်နေ့
ည(၇) နာရီ(၃၀)အချိန်ခန့် အလှပြင်ဆိုင်၌ မရှိတော့ ပဲပျောက်
ဆုံးနေသည်ဟုဆိုကာ မိခင်ဖြစ်သူမှလူ ပျောက်တိုင်ကြားထားေ
ကြာင်း သတင်းရရှိသည်။

ပြည်မြို့ ၊ ရွာဘဲနယ်မြေ ၊ ဗိုလ်တစ်ထောင်ရပ်ကွက် ၊ (၉)လမ်းနေ
ဖခင်ဖြစ်သူ ကိုစိုးနိုင်ဦး+မိခင်ဖြစ်သူ မမိုးမိုးအေး တို့၏သမီးဖြစ်သူ
အသက်(၁၅)နှစ်အရွယ်ရှိ မချိုသဲသည်၊ပြည်မြို့ ၊နဝဒေးရပ်ကွက် ၊ 
နဝဒေးပွဲရုံတန်းရှိ “အိမ်ဂျယ်စီးတီး” အလှပြုပြင်ရေးဆိုင်တွင် ဝင်ေ
ရာက် လုပ်ကိုင်ခဲ့ပြီး၎င်းအလုပ်လုပ်ကိုင်သည့် အလှပြုပြင်ရေးဆိုင်မှ
ထွက်ခွာပျောက်ဆုံးသွားပြီး မိဘများနှင့်အဆက်အသွယ်မရကြောင်း 
မချိုသဲ၏မိခင်ကဆို၏။

“တစ်လလျှင်(၃၀၀၀၀ိ/)ကျပ်ဖြင့်(၆)လစာကြိုတင်ငွေထုတ်ယူခဲ့ပါ
တယ်။ယခုဆိုသမီးအလုပ်လုပ်တာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။သမီး
ကို ဆိုင်ဘေးရှိလက်ဖက်ရည်ဆိုင်တွင်တွေ့နေတုန်း သမီးသူငယ်
ချင်းကဖုန်းလာနေတယ်ပြောပြီး ဖုန်းကိုသမီးလက်ထဲသို့ထည့်ကာ
လက်ကိုဆွဲ၍ အပြင်သို့ခေါ်သွားခဲ့ပါတယ်။သမီးက ဖုန်းပြောနေရ
င်းခြေထောက်ဆောင့်ပြီး ပြောဆိုနေတာ ကျမမြင်တယ်”ဟုမိခင်ဖြစ်
သူ မမိုးမိုးကပြောသည်။

ဖေဖော်ဝါရီ(၃)ရက်နေ့ ည၉၇)နာရီ(၃၀)အချိန်တွင် မမိုးမိုးမှ အလှပြင်
ဆိုင်အားသွားမေးရာ သမီးဖြစ်သူသည်အလှပြင်ဆိုင်ထဲတွင်မရှိတော့
ဘဲ ဆိုင်မှသမီးဖြစ်သူ၏ သူငယ်ချင်းများကို မေးကြည့်ရာ အမေ့ဆီလိုက်
သွားဦးမယ်ဟုပြောပြီးထွက်သွားကြောင်း ၊၄င်းမှလိုက်ရှာရာ အိမ်သို့ရော
က်မ လာကြောင်း၊လိုက်ရှာ၍မတွေ့သည့်နောက်ဆုံး အလှပြင်ဆိုင်ပိုင်ရှင် အိမ်အားသွားရောက်မေးမြန်းခဲ့ကြောင်း မမိုးမိုးကဆက်လ က်ပြောကြား
ခဲ့သည်။

“ကျမဆိုင်ကို ချိုသဲရောက်လာတာ ၂၀၁၄ မှာပါ။အခုဆိုတစ်နှစ်ကျော်ေ
ကျာ်ေ လာက်ရှိပါပြီ။ဆိုင်မှာသူနဲ့အတူတူလုပ်နေတဲ့ သူ့အဒေါ်ခိုင်လေး
လဲရှိပါတယ်။(၃)ရက်နေ့ ညကဆိုင်ကထွက်သွားတယ် သူ့အမေဆီ
သွားမယ်ဆိုပြီးအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်သွားတာ။နောက်
နေ့(၅)ရက်နေ့ မနက်ချိုသဲအဖွား ကျမအိမ်မှာရှိနေတုန်း ချိုသဲဆီကဖုန်း
လာတယ်။ကျမက နင့်အဖွားနဲ့ပြောဆိုပြီး စပီကာဖွင့်ပေးလိုက်တယ်။သူ့
အဖွားကိုသူယောကျာ်းနောက်လိုက်သွားကြောင်း၊သူမလိုက်လို့မရတော့
အခြေအနေကြောင့်လိုက်သွားကြောင်း ပြောနေတုန်းကျမက နောက်ဖုန်း
တစ်လုံးနဲ့သူ့အမေဆီကို ဖုန်းခေါ်ပေးလိုက်တယ်။သူတို့သားမိတွေဖုန်းထဲ
မှာစကားပြောဖြစ်ပါတယ်။ကောင်မလေးက သူပြန်မ လာချင်ဘူးလို့လဲပြော တယ်။အဲဒီဖုန်းအသံဖိုင်တွေကိုလဲ ကျမအမှုစစ်ကိုပေးထားတယ်”ဟုအိမ်
ဂျယ် စီးတီး အလှပြုပြင်ရေးဆိုင်ရှင် မယုကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြို့မရဲစခန်းမှတာဝန်ရှိသူအား
မေးမြန်းရာလူပျောက်အမှတ်စဉ်(၅/၂၀၁၆)ဖြင့်အမှုဖွင့်ထားပြီးေ
ပျာက်ဆုံးသူ မချိုသဲ ၏ကိုယ်ရေးအချက်အလက်၊ဓါတ်ပုံများအား အခြားမြို့နယ်အသီးသီးရှိစခန်းများကို ပေးပို့၍အကူညီတောင်းစုံ
စမ်းမှုများပြုလုပ်လျှက်ရှိကြောင်းနှင့်အလှပြုပြင်ရေးဆိုင်ပိုင်ရှင်ထံမှ
အသံဖိုင်များလည်းလက်ခံထားရှိကြောင်း သိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page