Friday, February 12, 2016

ရပ်ကွက်အုပ်ချုပ်ရေးမှူး မျက်ရည်ကျရတဲ့ ပြည်မြို့ကရင်နင့်ဖွယ်ရာဖြစ်ရပ်

Leave a Comment



ရပ်ကွက်အုပ်ချုပ်ရေးမှူး မျက်ရည်ကျရတဲ့ ပြည်မြို့ကရင်နင့်ဖွယ်ရာဖြစ်ရပ်

ပြည်မြို့တွင် ဖေဖော်ဝါရီ(၁၁)ရက်နေ့ နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့သော
(၉)တန်းကျောင်းသား(၃)ဦး ရေနစ်သေဆုံးမှုအား ပြည်မြို့သူ/ပြည်မြို့
သားများအပြင် အခြားရပ်ဝေးရပ်နီးက ပြည်သူများလဲအသိပင်ဖြစ်ပါ
သည်။
ကြားရသူများရော၊မြင်ရသူများပါမကျန် ရင်ကျိုးမရဖြစ်ရတဲ့ မမေ့နိုင်တဲ့
အဖြစ်လေး နေ့လေးတစ်နေ့ဖြစ်ပါတယ်။“သားလေး အမေ့သားလေး အ
ဖြစ်ဆိုးလိုက်တဲ့မေမေ့သားလေး”ဆိုပြီး ရင်ထဲမှာသောကမီးတွေတောက်
လောင်ကာသဲသောင်ပြင်မှာ အော်ဟစ်ငိုကြွေးနေတဲ့အမေတစ်ယောက်ရဲ့
အသံနဲ့ပုံရိပ်တွေက အိမ်မက်ထဲထိအောင်ပါပဲဗျာ………။
“အမ….. အမ…. အမတို့အိမ်က ကလေးတစ်ယောက်ဘောတံတားမှာရေ
နစ်လို့”ဆိုပြီး မနက်(၆)နာရီလောက်အိမ်ကို မိန်းမတစ်ယောက်လာနိုးတော့
သွေးရှုးသွေးတန်းနဲ့ ကျွန်တော်အိပ်ရာကထပြေးခဲ့ရတဲ့ အတိတ်ကအရိပ်တွေ
ပြန်ပြောင်းအောင်းမေ့မိပါတယ်….။ကျွန်တော့်ညီသေတုန်းက (၄)တန်းအရွယ်
ပဲရှိပါသေးတယ်ဗျာ…။
ဒါကြောင့်ကိုယ့်အဖြစ်နဲ့မခြား ကျွန်တော့ရင်ထဲမှာလဲ သောကများခဲ့ရပါတယ်။
ကျွန်တော်တင်ပဲလားမဟုတ်“ဘုရား……ဘုရားမြန်မြန်ပြန်ဆယ်ရပါစေ….အား
လုံးအသက်ရှင်ကျပါစေ…”ဆိုပြီးလာရောက်ကြည့်တဲ့ ပြည်သူတွေကလဲဆုတော
ာင်းပေးနေတဲ့အသံကိုလဲကြားရပါတယ်။
ဒိနေ့ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်က နာရေးအိမ်မှာလူသားချင်းစာ
နာထောက်ထားသောအနေဖြင့် ကလေးတစ်ယောက်ကို ကျပ်(၃)သောင်းကျပ်စီ
ကူညီပေးခဲ့ပါတယ်။လှူပေးခဲ့ပြီး ကလေးတွေအလောင်းကိုတစ်ယောက်ပြီး တစ်
ယောက်ကြည့်တယ်၊နောက်ဆုံးသုံးယောက်မြောက်ကြည့်ပြီး မျက်ရည်တွေကျလာ
ပြီး“ ဖြစ်ရလေကွာ…. ဖြစ်ရလေကွာ…”ပြောပြီးလူမမြင်အောင်မျက်ရည်သုတ်ကာ
ဆိုင်ကယ်ကိုမောင်ထွက်သွားတဲ့ ရွာဘဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်ကိုတွေ့
တော့ စိတ်လဲမကောင်းသလို အရမ်းလဲအံ့သြမိပါတယ်ခင်ဗျာ……
သောကအပူတွေကင်းဝေးကျပါစေ……..


မှတ်ချက်။ ။ လူသားချင်းစာနာထောက်ထားသောအားဖြင့် နာရေး
ရှင်နှင့်အခြားသူများစိတ်အနှောက်အယှက်ဖြစ်စေသော စာသားများရေး
သား၍ ကောမန့်မပေးကြပါရန်ကြိုတင်ပြီး မေတ္တာရပ်ခံအပ်ပါသည်။
 
ပြည့်သဲမောင်(ပြည်)09-4236 71883
 

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






0 comments:

Post a Comment

Facebook Like Page