Thursday, February 11, 2016

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

ပြည် ဖေဖော်ဝါရီ(၁၂)ရက်
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့တွင်(၆၉)နှစ်မြောက်
ပြည်ထောင်စုနေ့အခမ်းအနားအား ဖေဖော်ဝါရီ(၁၂)ရက်နေ့
နံနက်(၇)နာရီအချိန်တွင် ပြည်မြို့အမှတ်(၁)အခြေခံပညာ
အထက်တန်းကျောင်းဝန်း လွတ်လပ်ရေးကျောက်တိုင်၌
ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ကျဆုံး
သွားသောအာဇာနည်ခေါင်းဆောင်ကြီးများအား အလေး
ပြုခြင်းနှင့်နိုင်ငံတော်သမ္မတဦးသိန်းစိန်မှပေးပို့သော(၆၉)
နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာအားဖတ်
ကြားခြင်းများ ပြုခဲ့ကျသည်။

အဆိုပါ(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့
ပြည်မြို့နယ်ရှိဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဝင်များ၊အမျိုးသမီး
ရေးရာအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊အ.ထ.က(၂)
ဘင်ခရာအဖွဲ့ကျောင်းသား/ကျောင်းသူများ၊ရပ်ကွက်အုပ်
ချုပ်ရေးအဖွဲ့ဝင်များ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ဒေသခံ
ပြည်သူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ












0 comments:

Post a Comment

Facebook Like Page