Monday, February 8, 2016

ဒွတ္တပေါင်မင်းတည်ထားခဲ့သော စေတီကိုးဆူအနက်တစ်ဆူ အပါအဝင်ဖြစ်သောပြည်မြို့ ရတနာသီရိမဟာဘုရားကြီးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်စီကားသိုက်မြိုက်စွာကျင်းပမည် ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment



ဒွတ္တပေါင်မင်းတည်ထားခဲ့သော စေတီကိုးဆူအနက်တစ်ဆူ အပါအဝင်ဖြစ်သောပြည်မြို့ 
ရတနာသီရိမဟာဘုရားကြီးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက်ဗုဒ္ဓပူဇနိယ
ဘုရားပွဲတော်စီကားသိုက်မြိုက်စွာကျင်းပမည်

ပြည် ဖေဖော်ဝါရီ (၈)ရက်
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ ပြည်-အောင်လံကားလမ်းဘေးတွင် 
တည်ရှိသော ရတနာသီရိမဟာဘုရားကြီးစေတီတော်မြတ်ကြီး၏ စတုတ္ထ
အကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်စီကားသိုက်မြိုက်စွာကျင်းပမည်
ဖြစ်ကြောင်းသိရသည်။
အစဉ်အလာပြောဆိုမှုများနှင့် မြန်မာရာဇဝင်ကျမ်းအချို့တွင် ဒွတ္တပေါင်မင်း
တည်ထားခဲ့သော စေတီကိုးဆူအနက် တစ်ဆူအပါအဝင်ဖြစ်ပြီး 
ဘုရားရှင်၏ဓာတ်တော်စစ်တစ်ဆူ ၊လက်ယာခြေမတော်မှခြေ
သည်းတော်ကို ထည့်သွင်းဌာပနာထားကာ မဟာစေတီဟုသမုတ်၍ 
တည်ထားခဲ့ကြောင်း၊စေတီတည်ထားစဉ်က ဖြေးဖြေးဆေးဆေးတည်တော်
မူသဖြင့် ဆေးဆေးစေတီဟုလည်းကောင်း၊အလွန်ကြီးမားသောကြောင့် 
မဟာစေတီဟုလည်းကောင်း ခေါ်ဆိုခဲ့ပါသည်။စေတီ၏ပုံသဏ္ဍန်သည် 
အခြေ၌ပြောင်းရှည်ပုံသဏ္ဍန်ရှိပြီး အပေါ်သို့ကန်တော့ပုံ တဖြည်းဖြည်းခုံး
သွားသောပုံသဏ္ဍန်ရှိသည်။
၎င်းစေတီသည် မှုလလက်ရာဖြစ်ပြီး အုတ်နှင့်ထုံးသရွတ်များ စေတီ၏
မျက်နှာပြင်တွင် ကျန်ရှိနေသေးကြောင်း တွေ့ရှိရပါသည်။ပစ္စယာ(၄)ဆင့်
ပါရှိပြီး ထောင့်(၁၆)မြှောင့်ပါသော ပစ္စယာ(၃)ဆင့်နှင့်ထိပ်ဆုံး ပစ္စယာမှာ အဝိုင်းပုံသဏ္ဍန်ရှိသည်။ဘုရားကြီး စေတီအမြင့်မှာ(၁၃၉)ပေရှပြီး၊လုံးပတ်
မှာ(၃၇၀)ပေရှိသည်။ ဘုရားကြီးစေတီသည် မြန်မာနိုင်ငံအတွင်း စေတီတည်
ထားကိုးကွယ်မှုသမိုင်းတွင် အစောဆုံးထဲ၌ အပါအဝင်ဖြစ်ပြီး ပျုခေတ်အလယ်
ပိုင်း(အေဒီ၎-၇ရာစု)တွင်တည်ခဲ့သော စေတီတစ်ဆူဖြစ်ပြီးမျက်မောက်ခေတ်စေ
တီများ၏ ရှေ့ပြေးပုံစံအသွင်မျိုးဖြစ်သည်ဟု မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
မှရေးသားဖော်ပြထားသည့် စာအုပ်များလည်းဖတ်ရပါသည်။
ကမ္ဘာ့အမွေအနှစ်စံညွှန်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ခြင်းဖြစ်သော ရတနာသီရိမဟာ
ဘုရားကြီးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော်
အားတပို့တွဲလဆန်း(၆)ရက်၊(၁၄.၂.၂၀၁၆)ရက်နေ့ မှ(၂၃.၂.၂၀၁၆)ရက်နေ့အထိ
(၁၀)ရက်တိုင်တိုင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး တရားပွဲ၊အဆိုပြိုင်ပွဲ၊ဇတ်သဘင်များမှ ကပြဖျော်ဖြေပွ၊ဖိတ်ခေါ်ဘော်လီဘော ပြိုင်ပွဲများနှင့် စည်ကားသိုက်မြိုက်စွာကျင်းပ
သွားမည်ဖြစ်ကြောင်းသိရ သည်။
အဆိုပါ ရတနာသီရိမဟာဘုရားကြီးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက် 
ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်စီကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်(၁၀.၁.၂၀၁၆)
ရက်နေ့မှစတင်၍ စက်မှုလယ်ယာအဖွဲ၊အောင်ချမ်းသာ(၁)၊ဆည်မြောင်းတည်ဆောက်
ရေး (၂)၊တာဂွ/ရွှေတံခါး၊တိုင်းလျှပ်စစ်၊ဆည်းမြေင်းထိမ်းသိမ်းရေး၊ဘုရားကြီးသဲချောင်း 
တက္ကသိုလ်၊တိုးချဲ့ဆည်မြောင်း၊ရှမ်းစု၊မဟာဓါတ်အားလိုင်း၊ဥယျာဉ်ရွာ၊ဝါးဘိုးကုန်း၊
နည်းပညာတက္ကသိုလ်၊အခြေစိုက်အလုပ်ရုံ၊ဝေယျာဝစ္စအဖွဲ့၊အမှတ်(၃)ရဲစခန်း၊မဟာ
ဓါတ်အားလိုင်း၊အောင်ချမ်းသာ(၂)၊THS စက်မှုအထက်တန်းကျောင်း၊ကွန်ပျုတာတက္က
သိုလ်၊လျှပ်/စက်(၉၅၉)မိသားစု အစရှိသည်အဖွဲ့အစည်း၊ကျောင်းသား ကျောင်းသူ၊ပြည်
သူများက နံနက်(၇)နာရီမှညနေ(၅)နာရီအထိ အလှူခံကုသိုလ်ယူခဲ့ကြသဖြင့် ဘုရားကြီး
ဘောပကအဖွဲ့မှဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ဆိုကြောင်းလည်း သိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






0 comments:

Post a Comment

Facebook Like Page