Thursday, April 30, 2015
ထွန်းတောက်ပညာ့ရိပ်သာဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး မှ သူနာပြု + သားဖွားဆရာမ ၀င်ခွင့်လျှောက်လွှာထုတ် +တင်ပေးခြင်း ၀န်ဆောင်မှုလုပ်ငန်း
Leave a Comment
ထွန်းတောက်ပညာ့ရိပ်သာဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး မှ
သူနာပြု + သားဖွားဆရာမ ၀င်ခွင့်လျှောက်လွှာထုတ် +တင်ပေးခြင်း
ဝန်ဆောင်မှုလုပ်ငန်း
အနန္တော အနန္တငါးပါးဦးထိပ်ထား ထွန်းတောက် ပညာ့ရိပ်သာ
ဆရာစိန်ထွန်းတောက် (ခ) ဦးစိန်တိုး မှသူနာပြု + သားဖွားဆရာမ ၀င်ခွင့်လျှောက်လွှာထုတ် +တင်ပေးခြင်းဝန်ဆောင်မှုလုပ်ငန်း ကိုဆောင်
ရွက်ပေးလျှက်ရှိရာ လျှောက်လွှာနောက်ဆုံးရက်မှာ(၃.၇.၂၀၁၅)ရက်နေ့
ဖြစ်ပါသည်။သင်တန်းသားများ၏လျှောက်လွှာအားတင်ပေးပါမည်။
ဆက်သွယ်ရန်လိပ်စာ - အမှတ် (၆၇၄)၊ ရေလွှဲပေါက် လမ်း၊ န၀င်းရပ်ကွက်၊ရွှေပလ္လင်မှော်ဘုရားအနီး၊ ပြည်မြို့။
ဖုန်း.... ၀၉ ၄၉၅၀၀၈၆၃၊ ၀၉ ၃၁၂၂၆၄၀၄၊ ၀၉၂၅၄၀၉၁၃၆၄၊ ၀၉ ၄၂၁၇၄၄၇၀၃၊ ၀၉ ၇၉၅၄၅၀၁၆၅
Read More...
ဦးလေးတော်စပ်သူအားဇနီးဖြစ်သူနှင့်လူမှုရေးကိစ္စပတ်သက် သည်ဟုမသင်္ကာသဖြင့် ရန်ငြိုးထားကာ သတ်ခဲ့ခြင်းဖြစ်သည် ဟုဆို ပိုင်ထူး(ပြည်)
Leave a Comment
ဦးလေးတော်စပ်သူအားဇနီးဖြစ်သူနှင့်လူမှုရေးကိစ္စပတ်သက် သည်ဟုမသင်္ကာသဖြင့်
ရန်ငြိုးထားကာ သတ်ခဲ့ခြင်းဖြစ်သည် ဟုဆို
ပိုင်ထူး(ပြည်)
အမှုမှာ (၂၈.၁၁.၂၀၁၄) ရက်နေ့ နံနက် (၈း၃၀)နာရီအချိန်ခန့်တွင် ပုစင်ကြယ်ကျေးရွာနေ ဦးလှို်အေး (ကျေးရွာအုပ်ချုပ်ရေးမှူး)သည် ပေါက်ခေါင်းမြို့သို့ အစည်းအဝေးတက်ရောက်ရန် လာစဉ် ပုစင်ကြယ်ကျေးရွာနှင့်ဆည်တော်ဦးလမ်းမကြားလမ်းဘေးတွင် ဓါးဒဏ်ရာများနှင့် သေဆုံးနေ၍ သေဆုံးသူ၏သားဖြစ်သူ ဦးအောင်လွင်ဦးမှ စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသောပေါက်ခေါင်းမြို့မရဲစခန်း(ပ)၃၁၂/၂၀၁၄ပြစ်မှုပုဒ်မ-၃၀၂ မှအမှုဖြစ်ပါသည်။
        အမှုနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်မှ အမှုမှ တရားခံဖော်ထုတ်ရန် ညွှန်ကြားချက်အရ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သက်နိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်စိုးမင်း၊ ရဲအုပ် ရဲတေဇ၊ တကက မင်းသိန်းထက်၊ တကက ဇော်အောင်၊ တက ကျော်ဆန်းဦး၊ တက အောင်ဆန်းဦးတို့ပါဝင်သော အဖွဲ့သည် ပေါက်ခေါင်းမြို့မရဲစခန်းမှူး  ဒုတိယရဲမှူး ခင်ဇော်ဦး ခေါင်းဆောင်အဖွဲ့နှင့်အတူ (၁၃.၃.၂၀၁၅)ရက်နေ့မှစ၍ အခင်းဖြစ်ပွားသည့် ပုစင်ကြယ်ကျေးရွာ နှင့် ဆယ်တော်ကြီးရွာသွားသည့်လမ်းဘေး ဦးတင်စိန်စားကျက်နေရာသို့ အကြိမ်ကြိမ် သွားရောက်စစ်ဆေးခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ အကြိမ်ကြိမ်သွားရောက်စုံစမ်းခြင်း ၊ တရားလိုပါသက်သေ (၃၂)ဦးတို့အား အသေးစိတ်မေးမြန်းခြင်း၊ သေဆုံးသူနှင့် ရန်ငြိုးရန်စ ရှိသူများအား စုံစမ်းစစ်ဆေးခြင်း၊ အခင်းဖြစ်ချိန်ကာလမှ ဖုန်းခေါ်ဆိုမှု ၀င်/ထွက်မှတ်တမ်းများ အား မြန်မာ့က်သွယ်ရေးရုံးချုပ်သို့ တောင်းခံပြီး သံသယဖြစ်သူ ဖုန်းနံပါတ်များနှင့် တိုက်ဆိုင် စိစစ်ခြင်းများဆောင်ရွက်ခဲ့ရာ အမှုမှ သေဆုံးသူ ဦးလှိုင်အေးနှင့်ပတ်သက်၍ ၄င်း၏နေအိမ်တွင် ဈေးအကူရောင်းရန် ခေါ်ထားသည့် မူယာ(ခ) မငယ်လေးအား လွန်ခဲ့သော (၁)နှစ်ကျော်ခန့်က တူဖြစ်သူ ဟန်ဝင်းအောင်နှင့်လက်ထပ်ပေးခဲ့ရာ ၄င်းတို့နှစ်ဦးမှာ (၆)ရက်ခန့်သာ ပေါင်းသင်း နေထိုင်ပြီး လင်မယားကွဲခဲ့ကြောင်း၊ထိုသို့ လင်မယားကွဲရသည့်ကိစ္စမှာလည်း ဟန်ဝင်းအောင်မှ ဇနီးဖြစ်သူ မူယာ (ခ) မငယ်လေးအပေါ်တွင် ဦးလေးတော်သူ ဦးလှိုင်အေးနှင့် သံသယဖြစ်၍ ကွဲကွာခဲ့ရပြီး လင်မယားကွဲရသည့်ကိစ္စနှင့်ပတ်သက်၍ ဦးလှိုင်အေးအား မကျေမနပ်ဖြစ်ကာ
ရန်ငြိုးထားကြောင်း၊ဦးလှိုင်အေးအသတ်ခံရသည့်ကိစ္စတွင်လည်း ဟန်ဝင်းအောင်နှင့်ပတ်သက်
နိုင်ကြောင်း စုံစမ်းရရှိသည့်သတင်းစကားများအပေါ် အသေးစိတ်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
        (၆.၄.၂၀၁၅)ရက်နေ့တွင် အခင်းဖြစ်နေ့ /နေရာအနီးတွင်လှည်းတပ်နေသူ ပုစင်ကြယ် ကျေးရွာနေ တင်စိုး၊ (၅၃)နှစ်၊ (ဘ) ဦးလှကြည်အား အမှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ ရာ အခင်းဖြစ်နေ့က ၄င်းသည် အခင်းဖြစ်နေရာနှင့်ကိုက် (၁၀၀)ခန့်အကွာရှိ ကုလားကြီး၏ လယ်စပ်တွင် မြက်ရိတ်နေကြောင်း နံနက် (၉း၀၀)နာရီအချိန်ခန့်တွင် ဟန်ဝင်းအောင်အား အခင်းဖြစ်နေရာအနီးမှ ဆိုင်ကယ်ဖြင့်ထွက်သွားသည်ကို တွေ့မြင်ခဲ့ကြောင်းနှင့် တင်ရွှေအား ရဲစခန်းစစ်ဆေးစဉ် ထွက်ဆိုခဲ့သည့်အကြောင်းအရာများနှင့် ပတ်သက်၍ ဟန်ဝင်းအောင်မှ ပြောကြားသည့် '' တင်ရွှေပြောလို့ ထောင်ကျရင်အလွန်ဆုံး (၁၀)နှစ်ဘဲ ထောင်ကထွက်လာရင် အ၀ီစိကို ခေါ်သွားမည်" ဟု ကြိမ်းမောင်းသည့်စကား များနှင့်ပတ်သက်၍ ပေါက်ခေါင်းမြို့နယ် တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်တင်ကြူကြူဝင်းထံတွင် (၆.၄.၂၀၁၅) ရက်နေ့တွင် တရားရုံး ရာသေး (၈/၂၀၁၅) ဖြင့် ကြိုတင်ထွက်ဆိုချက်ရယူထားရှိခဲ့ပါသည်။
        ဟန်ဝင်းအောင်နှင့်ပတ်သက်သည့် သတင်းစကားများအား စုံစမ်းဆောင်ရွက်ခဲ့ရာ ပုစင်ကြယ်ကျေးရွာနေ ဦးတင်ရွှေ (၄၆)နှစ်၊ (ဘ) ဦးလှခင်မှ ဦးလှိုင်အေးအပေါ် ဟန်ဝင်းအောင်မှ ရန်ငြိုးထားသည့်ကိစ္စများနှင့်ပတ်သက်၍ လွန်ခဲ့သောနှစ်၊ တပို့တွဲလဆုတ် (၁၂)ရက်နေ့ တန်ဆောင်မုန်းလဆုတ် (၉)ရက်နေ့တို့တွင် ၄င်းမှဟန်ဝင်းအောင်အား ဆိုင်ကယ် ကယ်ရီငှားစဉ်ဦးလှိုင်အေးအားသတ်ပြီး  ဦးတင်ရွှေ၏သားဖြစ်သူ အလုပ်လုပ်သည့် ကောလင်း မြို့သို့ တိမ်းရှောင်မည့်အစီအစဉ်နှင့်သားဖြစ်သူ ကျောနိုင်ဦး၏ ဖုန်းနံပါတ်ကို မေး၍ ပေးခဲ့ ကြောင်း အခွင့်အခါကြုံရင်တော့ သတ်မည်ဖြစ်ကြောင်း၊ ဦးလှိုင်အေး၏နေအိမ်အား ညအချိန် သတ်ရန်သွားရောက်ခဲ့သော်လည်း ဦးလှိုင်အေး ဓါတ်မီးမှာ ကောင်းကြောင်း၊ အခင်းဖြစ်ချိန် နံနက် (၉း၀၀)နာရီခန့်ကလည်း ဟန်ဝင်းအောင်အား တစ်ယောက်တည်း ဆိုင်ကယ်စီး၍ ရွာသို့ဝင်လာသည်ကို တွေ့ခဲ့ကြောင်း၊ ထိုသို့ဟန်ဝင်းအောင်နှင့် ပတ်သက်သည့် သတင်စကား များအား တင်ရွှေမှ ပေါက်ခေါင်းမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်တင်ကြူကြူဝင်းထံ တွင် (၇.၄.၂၀၁၅) ရက်နေ့ တရားရုံးရာသေး (၉/၂၀၁၅)ဖြင့် ကြိုတင်ထွက်ဆိုချက်ရယူထားရှိခဲ့ ပါသည်။
        ဟန်ဝင်းအောင်နှင့်ပတ်သက်သည့် သတင်းစကားများအား စုံစမ်းဆောင်ရွက်ခဲ့ရာ
ပုစင်ကြယ်ရွာနေ ပေါက်စ (ခ) သိန်းဥာဏ် (၄၇)နှစ်၊ (ဘ) ဦးတိုတိုမှလည်း အခင်းဖြစ်နေ့ နံနက် (၉း၀၀)နာရီ ၀န်းကျင်အချိန်ခန့် ၄င်းရွာမှထွက်စဉ် ဟန်ဝင်းအောင်အား ဆိုင်ကယ်ဖြင့် ရွာသို့ တစ်ဦးတည်းဝင်လာသည်ကိုတွေ့ခဲ့ကြောင်း၊ အခင်းမဖြစ်မီ လွန်ခဲ့သောရက်များတွင်လညး  ဟန်ဝင်းအောင်မှ လူ၏လည်ချောင်းအား ဓါတ်းနှင့်ထိုးလျှင် သေသလားဟုမေးခဲ့ဘူးကြောင်း ပြောသည်ကို ပေါက်ခေါင်းမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်တင်ကြူကြူဝင်းထံတွင် (၇.၄.၂၀၁၅)ရက်နေ့ တရားရုံးရာသေး (၁၀/၂၀၁၅) ဖြင့် ကြိုတင်ထွက်ဆိုချက်ရယူထားရှိခဲ့ပါ သည်။
        အမှုနှင့်ပတ်သက်၍ အခင်းဖြစ်အချိန်က ဟန်ဝင်းအောင်ဝတ်ဆင်ခဲ့သော အက်ျီ၊လုံချည် တို့အား ဓါတုဗေဒ၀န်ရုံးသို့ ပေးပို့ထင်မြင်ချက်တောင်းခံခဲ့ရာ  ပေးပို့ခဲ့သော သက်သေခံပစ္စည်း တို့တွင် သွေးတွေ့ရှိကြောင်း  ပြန်ကြားလာသဖြင့် အမှုမှ မသင်္ကာတရားခံ ဟန်ဝင်းအောင်အား (၂၂.၄.၂၀၁၅)ရက်နေ့တွင် အမှုမှတရားခံ ဟန်ဝင်းအောင်မှ အမှုနှင့်ပတ်သက်၍ ၀န်ခံပြော ကြားခဲ့ပြီး ၄င်းပြစ်မှုကျူးလွန်ခဲ့သည့်ပုံစံအနေအထားများနှင့် သက်သေခံပစ္စည်းထားရှိသည့် နေရာတို့အား သက်သေများရှေ့တွင် လိုက်လံပြသအပ်ပေးသဖြင့် သက်သေခံ ထွန်သွား၊ ဓါးအား ပတ်ထားသည့် အကျီ၊ အရိုး (၄)လက်မ၊ အသွား (၇)လက်မ ပေါင်း (၁၁) လက်မရှိ သံရိုးတပ်ဓါးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဟန်ဝင်းအောင်မှ ပေါက်ခေါင်းမြို့နယ်တရားရုံး မြို့နယ်တရားသူကြီး ဒေါ်တင်ကြူကြူဝင်း ထံတွင် (၂၇.၄.၂၀၁၅) ရက်နေ့ တရားရုံးရာသေး (၁၃/၂၀၁၅) ဖြောင့်ချက်ပေးသဖြင့် ရယူထားရှိခဲ့ပါသည်။
        အမှုနှင့်ပတ်သက်၍ တရားခံဟန်ဝင်းအောင်မှ ၄င်းပြစ်မှုကျူးလွန်ပုံ၊ ကျူးလွန်နည်းနှင့် ပတ်သက်၍ ၄င်းသည်အခင်းမဖြစ်မီ (၃)ရက်ခန့်အကြိုတင် သက်သေခံတုတ်အား အခင်းဖြစ် နေရာအနီးတွင် သွားရောက်ထားခဲ့ကြောင်း၊ အခင်းဖြစ်နေ့ /အချိန်ခန့်တွင် ဆိုင်ကယ်တစ်ဦး တည်းစီးကာ အခင်းဖြစ်နေရာအနီး ပဲစင်းငုံအခင်းထဲတွင် ဆိုင်ကယ်အားဝှက်ကာ ဦးလှိုင်အေး လာရာလမ်းကိုမြင်ရသည့် တုတ်ထားသည့် နေရာတွင် တုတ်အားအနီးထားလျှက်ဦးလှိုင်အေး အားစောင့်နေခဲ့ကြောင်း၊ ဦးလှိုင်အေး မလာမီ  ဆိုင်ကယ်တစ်စီးမောင်းလာသည်ကို မြင်ရ၍ ပုန်းနေခဲ့ကြောင်း၊ ၄င်းနောက်ဦးလှိုင်အေးမှာ ဆိုင်ကယ်အနီရောင်ဖြင့် တစ်ဦးတည်းစီးလာ သည်ကို မြင်ရ၍ တုတ်ကိုင်လျှက် လမ်းပေါ်သို့တက်လာခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှာ အကွေ့
ပိုင်ထူး(ပြည်)
Read More...
အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်းတွင်စာရင်းပေးသွင်းနိုင်ပါပြီ
Leave a Comment
အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်းတွင်စာရင်းပေးသွင်းနိုင်ပါပြီ
အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်းတွင်စာရင်းပေးသွင်းနိုင်ပါပြီ မေလ
ေေေေ(၄) နေ့ နှင့်(၉) ရက်နေ့တွင် အတန်းသစ်များစတင်ဖွင့်လှစ်
သင်ကြားပေးမည်။
 နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီးများဖြစ်ကျသော ဦးခင်မောင်လတ်
ဆရာကြီး ဦးသိန်းမောင်(ထင်လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင်
ထံတွင်(၉)နှစ်တိုင်တိုင် ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A
(Psy),TKT(UK),Dip.In English(YUFL)မှENGLISH PROFICIENCY CLASSES
READING
WRITING
LISTENING
SPEAKING FOUR SKILLS လုံးသင်ကြားပေးနေပါသည်။
Basic ,Intermediate,Advanced Level
Basic Level (၃) လ
Intermediate Level (၃) လ
တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ကျပ် ပေးရုံဖြင့်ကျန်အတန်းများကို
အခမဲ့တက်ရောက်ခွင့်ရှိသည်။ကျောင်းသားများ အချိန်မရွေးဆက်သွယ်နိုင်
ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်ထားပါသည်။သီးသန့်ဝိုင်းများ
ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။
သင်တန်းအားတက်ရောက်လိုပါက
Monday to Thursday
Basic Leveel(1)6;30 to8;00 am (2)8;00 to9;30 am
  (3)3;00 to4;30 pm (4)5;00 to6;30 pm (5)6;30 to8;00 pm
Intermediate(1)9;30 to11;00 am
General English(1)12;30 to1;30 pm
Senior Reading(1)1;30 to2;30 pm
Saturday to Sunday
Basic Leveel (1)8;00 to9;30 am  (2)9;30 to11;00 am
(3)4;30 to6;00 pm
Intermediate Leveel
(1)2;30 to4;00 pm
Advanced Level(1)12;30 to1;30 pm
Senior Reading(1)1;30 to2;30 pm
 ဖြစ်ပြီး
သင်တန်းတည်နေရာမှ..................
 အမှတ်(၁၂/၈၃)၊ရတနာလမ်း /(၄)လမ်း၊န၀င်းကွက်သစ်၊ပြည်မြို့၊ပဲခူးတိုင်းဒေသကြီး
ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214
Read More...
ဘုရားပွဲတွင် ဘောလုံးဖြင့်အအေးဗူးများ ပစ်ပေါက်တမ်းကစားရင်း စကားများ ရန်ဖြစ်ကျရာတစ်ဦးသေ တစ်ဦးဒဏ်ရာရ ပြည့်သဲမောင်(ပြည်) 09 4236 71883
Leave a Comment
ဘုရားပွဲတွင် ဘောလုံးဖြင့်အအေးဗူးများ ပစ်ပေါက်တမ်းကစားရင်း
စကားများ ရန်ဖြစ်ကျရာတစ်ဦးသေ တစ်ဦးဒဏ်ရာရ
 ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဆင်းမြီးဆွဲနယ်မြေရဲစခန်းအပိုင် ရှမ်းရွာတောင်ကျောင်းဘုရားပွဲ သန္ဓေပင်အုပ်စု သဲကုန်းမြို့နယ်တွင် ဘောလုံးဖြင့်အအေးဗူးများအား ပစ်ပေါက်တမ်းကစားရင်း စကားများရန်ဖြစ်ရာမှတစ်ဦးသေ တစ်ဦးဒဏ်ရာရကြောင်းသိရသည်။
အမှုဖြစ်စဉ်မှာ ဧပြီလ(၂၃)ရက်နေ့ ည(၁၀း၂၀)အချိန်ခန့် တရားလိုသည် မိမိနေအိမ်၌ရှိနေစဉ်
ရှမ်းရွာတောင်ကျောင်းဘုရားပွဲတွင်သားဖြစ်သူအောင်ဇော်ဦးသည် ဓားထိုးခံရကြောင်းသတင်း
ရရှိ၍ လိုက်လံကြည့်ရှု့ခဲ့သည် ဆို၏။ ထိုသို့လိုက်လံကြည့်ရှု့စဉ် ဘုရားပွဲ၌အအေးဗူးများအား
ဘောလုံးဖြင့်ပစ်ပေါက်တမ်းကစားသည့်ဆိုင်တွင် အောင်ဇော်ဦး၊ထွန်းထွန်းနိုင်တို့နှင့်ကုလား(ခ)
မျိုးလွင်တို့စကားများရန်ဖြစ်ရာတွင် ကုလား(ခ)မျိုးလွင်မှဓား နှင့်ထိုးသဖြင့် သားဖြစ်သူအောင်ဇော်ဦး
တွင် ဝဲဘက်ခါးထိုးသွင်းဒဏ်ရာ(၂)ချက်(သေဆုံး)ရရှိသွားစဉ် ထွန်းနိုင် ဝင်း မှဝင်ဆွဲရာယာဘက်ကျောပြင် အလယ်ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိသွားခဲ့သဖြင့် အရေးယူပေးပါရန် ဖခင် ဖြစ်သူမှတရားလိုပြုလုပ်
တိုင်တန်းကြောင်း ရဲမှတ်တမ်းအရသိရသည်။
ထို့ကြောင့် ပြစ်မှုကျုးလွန်သူ ကုလား(ခ)မျိုးလွင်(၂၆)နှစ် ဖန်ခါးပင် ရွာ ကြို့ရပ်သာအုပ်စုနေသူအား သဲကုန်း မြို့ နယ် ဆင်းမြီးဆွဲနယ်မြေရဲစခန်း (ပ)အမှတ် ၃၅/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရ အမှု ရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား ရဲအုပ်ကျော်ကျော်ဝင်းမှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...
ကာတွန်း ကာဠုပြည်
Leave a Comment
ကာတွန်း ကာဠုပြည်
Read More...
Wednesday, April 29, 2015
ဖုန်းပြင်မယ်ဆိုရင်.... G8 Ye Khaung Kyaw Mobile Phone Service & Accessories ရှိတယ်ဆိုတာ..မမေ့နဲ့နော်……
Leave a Comment
ဖုန်းပြင်မယ်ဆိုရင်....
G8
Ye Khaung Kyaw
Mobile Phone
Service & Accessories
ရှိတယ်ဆိုတာ..မမေ့နဲ့နော်……
G8
Ye Khaung Kyaw
Mobile Phone
Service & Accessories
အမှတ်(၈၀၅) ၊ Honda Show Room ရှေ့ ၊
ဗိုလ်ချုပ်လမ်း ၊ ပြည်မြို့
Ph; 09-254981050,  09-793513669
Read More...
Sunday, April 26, 2015
တောင်သူလယ်သမားအထွေထွေသပိတ်ကြီးပေါ်ပေါက်အောင်လှုံဆော်တယ်လို့စွပ်စွဲပြီး၊တောင်သူလယ်သမားအရေးဆောင်ရွက်သူ တယောက်ကို၊ပန်းတောင်းတရားရုံးကထောင်(၁)နှစ်ခွဲအမိန့်ချ
Leave a Comment
တောင်သူလယ်သမားအထွေထွေသပိတ်ကြီးပေါ်ပေါက်အောင်လှုံဆော်တယ်လို့စွပ်စွဲပြီး၊တောင်သူလယ်သမားအရေးဆောင်ရွက်သူ တယောက်ကို၊ပန်းတောင်းတရားရုံးကထောင်(၁)နှစ်ခွဲအမိန့်ချ
ပြီးခဲ့တဲ့နှစ်(၂၀၁၄)ခုနှစ်(၃)လပိုင်းက၊ြ့ပည်ခရိုင်အတွင်းက၊လယ်ယာမြေအသိမ်းခံရသူများကစုပေါင်းပြီး၊ပြည်မြို့မှာတက်ရောက်ဆန္ဒပြသခဲ့ကြပါတယ်။အဲဒီဆန္ဒပြပွဲဖြစ်အောင်(တောင်သူလယ်သမားအထွေထွေသပိတ်ကြီး)ဖြစ်အောင်ဦးဆောင်တယ်လို့၊စွပ်စွဲပြီး၊ဥသျှစ်ပင်မြို့က၊နိုင်ငံရေးဦးဆောင်သူ၊(နိုင်ငံရေးအကျဉ်းသားဟောင်း)ကိုပဲပဲ(ခ)ကိုရဲကျော်သူ ကို ဥသျှစ်ပင်မြို့နယ်တရားရုံးက၊ပုဒ်မ(၅၀၅/ခ) နဲ့ ထောင်တနှစ်ခွဲချလိုက်တာဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲအတွက်ကိုခွင့်ပြုမိန့်၊တင်ခဲ့ကြပေမဲ့၊ပြည်မြို့နယ်ကအာဏာပိုင်အဖွဲ့အစည်းခွင့်မပြုခဲ့ပဲ၊နောက်ဆန္ဒပြသူတွေထဲက၊ဦးဆောင်တယ်လို့၊သူတို့ယူဆတဲ့လူ(၁၆)ယောက်ကိုပုဒ်မ(၁၈)နဲ့အမှုဖွင့်အရေးယူထားပြီး၊အဲဒီ(၁၆)ယောက်ထဲမှာလဲသူ့ကို ထည့်ထားပြီး၊နောက်ထပ် သူတယောက်ထဲကို(၅၀၅/ခ) နဲ့ထပ်မံအမှုဖွင့်ပြီး၊ဒီနေ့ ထောင်(၁)နှစ်ခွဲ။အမိန့်ချလိုက်တာဖြစ်ပါတယ်။
ကိုပဲပဲက တရားဥပဒေစိုးမိုးမှုအမှန်တကယ်ရှိရင်၊သူလွတ်မယ်။ဒါမမဟုတ် အထက်ကလာတဲ့စာအိပ်ကြီးတွေကိုဖတ်ပြီးမှထောင်ချမယ်ဆိုရင်တော့၊တရားဥပဒေစိုးမိုးမှုလုံးဝမရှိဘူးလို့ ပြောပြီး၊ရုံးချိန်းကိုဝင်သွားပါတယ်။
အဲဒီပြည်ခရိုင်တောင်သူလယ်သမား၊သပိတ်ကိုဦးဆောင်မှု နဲ့ တရားစွဲခံရသူ(၁၆)ယောက်ထဲက၊ကိုသန့်ဇင်ထက်၊က၊သဲကုန်းအချုပ်ခန်းမှာ၊သဲကုန်းမြို့နယ်။အောင်ကုန်းရွာသပိတ်စခန်းကိစ္စအတွက်ပုဒ်မ(၅၀၅/ခ)ပုဒ်မ(၁၈)တို့ နဲ့ အာမခံမရပဲ၊အချုပ်ထဲကနေအမှုရင်ဆိုင်နေရပြီး။ကိုကောင်းကောင်း၊(ဥသျှစ်ပင်)ကလဲ၊လက်ပံတန်း၊ကျောင်းသားသပိတ်ကိစ္စအတွက်၊သာယာဝတီထောင်ထဲမှာ၊ နဲ့ ရှေ့နေ။ဦးမြင့်အေး၊ကလဲပြည်ထောင်မှာ။ပုဒ်မ(၁၈) နဲ့ထောင်(၄)ကျနေ။ဒေါ်ညို နဲ့ ကိုပေါက်စ(အောင်ကုန်ရွာ)တို့ကတော့အရင်အပတ်ကပြန်လွတ်လာပြီး၊လူမစုံတာကြောင့်၊အဲဒီအမှုကလဲ(၁)နှစ်ကျော်ကြာသည်အထိ၊ရုံးမတင်နိုင်ခဲ့ပါ။
ပြည်ခရိုင်။အတွင်းမှာအသိမ်းခံထားရတဲ့လယ်ယာမြေများပြန်လည်ရရှိရေး၊တောင်းဆိုမှု နဲ့၊ရာဇ၀တ်ပုဒ်မတွေတပ်ပြီးထောင်ချထားခံရသူတွေ-များလာတဲ့ကြောင့်-ပြည်ခရိုင်အတွင်းက-ကျေးရွာနှင့်မြို့(၁၈)ခုကလယ်သမား(၅၀၀)ခန့်က ၊ပြည်မြို့မှာစုပြီးမတ်လ(၂၉)ရက်နေ့က-ပထမအကြိမ်လယ်သမားဆန္ဒပြပွဲကြီးတခုပြုလုပ်ခဲ့ပါတယ်။ ပြည်ခရိုင်၊သဲကုန်းမြို့မှာ၊သပိတ်စခန်းဖွင့်တောင်းဆိုမှုအတွက်၊ပုဒ်မ(၁၈။၅၀၅/ခ။၄၄၇။၄၂၇)တွေ နဲ့ အရေးယူခံထားရတဲ့လယ်သမားတွေ-ရွှေတောင်-ချည်မျှင်စက်ရုံဧက(၇၀၀)ကျော်သိမ်းထားတာ-မြရွာသကြားစက်အတွက်သိမ်းထားတာ-တီတွတ်ကျေးရွာက-ဧက(၂၀၀)ကျော်ကိုသိမ်းပြီးဂေါက်ကွင်းပြုလုပ်ထားတာ၊အင်းမက-စစ်တပ်ကသိမ်းပြီး-စစ်တပ်ကအငြိမ်းစားယူထားတဲ့-သူလက်ထဲတွင်ရှိနေတဲ့-လယ်တွေ-ပန်းတောင်းမြို့နယ်-ဥသျှစ်ပင်ဖက်က-က.ပ.စ-နဲ့စစ်တပ်တွေက-သိမ်းထားတဲ့လယ်ယာမြေတွေ၊ပန်းတောင်နယ်ထဲကလယ်သမားတွေရဲလယ်ထဲမှာကျွန်းစိုက်ခင်း-လာလုပ်တဲ့-ကုပ္မဏီက-လယ်သမား(၁၂)ယောက်ကို-ကျွန်းပင်ပေါက်တွေ-ဖျက်စီးမှုနဲ့ထောင်ချပြစ်လိုက်တာတွေ-လယ်ယာတွေသိမ်းပြီး-ကော့စတစ်စက်ရုံဆောက်ထားတဲ့-ကိစ္စတွေ-သံမဏိစက်ရုံတည်ထားတွေ-ကြက်ဆူစိုက်ခင်းလုပ်ထားတာတွေ-လယ်ယာလျှော်ကျေးမပေးပဲ-လယ်တွေထဲမှာရေနံစမ်းသပ်တွင်းတွေပြုလုပ်တာတွေ-စတဲ့-ကိစ္စတွေအတွက်လယ်သမားတွေ၊ နဲ့ လယ်သမားတွေကို-ကူညီနေသူတွေအများစု-အဖမ်းခံရ-တရားစွဲဆိုခံနေရတာတွေကြောင့်-ခရိုင်တွင်းကလယ်သမားတွေစုပြီး၊ပြည်မြို့မှာဆန္ဒပြခဲ့ကြတာဖြစ်ပြီး၊ အဲဒီဆန္ဒပြပွဲအတွက်ကို
(၂၀၁၄)မတ်လ(၁၇)ရက်နေ့ကဆန္ဒပြခွင့်တင်ခဲပေမဲ့၊ခွင့်မပြုတာကြောင့်၊မတ်လ(၁၈)ရက်နေ့မှာ-တိုင်းကိုအယူခံထပ်တင်ထားပြီး-အကြောင်းမပြန်တာကြောင့်၊အဲဒီဆန္ဒပြပွဲက၊ခွင့်ပြုမိန့်မရပဲပြသတဲ့ဆန္ဒပြပွဲတခုဖြစ်ခဲ့ရပြီး၊အခုလို၊လူ(၁၆)ယောက်ကို အရေးယူလိုက်တာဖြစ်ပြီး၊အဲဒီကိစ္စကိုဦးဆောင်သူ လို့ နာမယ်တပ်ပြီး ကိုပဲပဲ ကိုဒီနေ့ ဧပြီလ(၂၃)ရက်နေ့မှာ။၊ပန်းတောင်းမြို့နယ်တရားရုံးမှာ၊ပန်းတောင်းမြို့နယ်တရားသူကြီး၊ဒေါ်နန်းမေယဉ် လက်ထက်က စတင်စစ်ဆေးခဲ့ပြီး၊တတိယမြောက်တရားသူကြီး ဦးဋ္ဌေးအောင်၊လက်ထက်ကျမှ အမိန့်ချနိုင်ခဲ့တာဖြစ်ပြီး၊အမှုအမှတ်(၁၁၄၃/၂၀၁၄)တရားလိုက၊ရဲအုပ်ဝင်းဆန်း(ဥသျှစ်ပင်စခန်းမှုး)ဖြစ်ပါတယ်
မင်းညို(DVB)
Read More...
Holika Holika skincare & cosmetics(korea products) မိုးရာသီအကြို အထူးဈေးရောင်းပွဲတော်
Leave a Comment
Holika Holika skincare & cosmetics(korea products)
မိုးရာသီအကြို အထူးဈေးရောင်းပွဲတော်  
အလှအပကို တန်ဖိုးထား မြတ်နိုးသူတွေအတွက်
လက်မလွှတ်သင့်တဲ့ အထူးအခွင့်အရေးများ
ဝယ်ယူမှုတန်ဖိုးတိုင်းပေါ် အထူးမေတ္တာလက်ဆောင်များ
ပြန်လည်ရရှိမည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီစဉ်များအပြင်
ပျိုမေတို့ အလှတရားအား တခဏချင်း နုပျိုလန်းဆန်းသည့်
အသွင်ဖြင့် အံ့သြလောက်အောင် ပြောင်းလဲစေမည့် အခမဲ့
မိတ်ကပ် လိမ်းခြယ်ခြင်းများကိုလည်း ပြုလုပ်ပေးသွားမည်
ဖြစ်သဖြင့် မပျက်မကွက် အရောက်လှမ်းဖို့ လှိုက်လှဲစွာ ဖိတ်
ခေါ်လိုက်ပါတယ်.........
အစီအစဉ် 
နေ့ရက်......၁.၅.၂၀၁၅ မှ ၃.၅.၂၀၁၅ ထိ
အချိန် ........နံနက် (၁၀း၀၀)နာရီမှ ည(၈း၀၀)နာရီထိ
နေရာ.........အမှတ်(၇၆၆)၊ဗိုလ်ချုပ်လမ်း ၊ဆံတော်ရပ် 
                   ပြည်မြို့ AEC Cosmetics Centre
Read More...
(၂-ထပ်)-(RC)တိုက် ရောင်းရန်ရှိပါသည်။
Leave a Comment
အလွန်လှပသေသပ်ခန့်ညားတဲ့ တိုက်ကောင်းကောင်း
ရောင်းရန်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့
မြို့သစ် ၅-လမ်း/၄-ကွက်တွင်ရှိသော (၂-ထပ်)-(RC)တိုက်
ပေ-၄၀x၆၀ကျယ်ဝန်းသည်။ အိပ်ခန်း(၃)ခန်းပါရှိသည်။
အပေါ်ထပ် ရေချိုးခန်း/သန့်စင်ခန်းများပါရှိသည်။
နှစ်(၃၀)ဂရမ်ပါရှိသည်။ ရေ/မီးအစုံ ပိုင်ဆိုင်မှု့စာ
ရွက်စာတမ်းအပြည့်အစုံပါရှိပြီး ပိုင်ရှင်ကိုင်တိုင်ရောင်း
မည်။အသေးစိတ်သိလိုပါက…..
Ph; 09-5376053…..ကိုဆက်သွယ်လိုက်ပါ….
Read More...
Saturday, April 25, 2015
ရွှေတောင်မြို့တွင် အိမ်နှင့်ခြံမြေရောင်းရန်ရှိသည်
Leave a Comment
ရွှေတောင်မြို့တွင် အိမ်နှင့်ခြံမြေရောင်းရန်ရှိသည်
စိတ်ညိမ်ရပ်ကွက်ဖြစ်ပြီး သွားရေးလာရေးလွယ်ကူသော ပြည်-ရန်ကုန်လမ်းမကြီးဘေးတွင်ရှိပြီး  
လွန်ခဲ့သောနှစ်လလောက်ကမှဆောက်လုပ်ပြီးစီးသည့်အသင့်နေထိုင်နိုင်သောအုတ်ပုံတိုက် နှင့်ခြံ
မြေအားရောင်းချမည်ဖြစ်ပါသည်။ရေချိုးခန်း၊ဗိုလ်ထိုင်အိမ်သာ၊ရေစင်၊အဝိစီတွင်းနှင့်ကွန်ပရ်စာစက်၊
ကျွန်တံတားများပါသော သန့်ရှင်းသပ်ရပ်သည့်အဆိုပါတိုက်အား ပိုင်ရှင်မှ သိန်းသုံးရာခေါ်ထားပြီး၊ တည့်တည့်ဆိုင်ဆိုင်ရောင်းချပေးမည်ဖြစ်ပါသည်။
မြေကွက်အလျား 65 ပေ အနံ 20 ရှိပြီး အုတ်ပုံတိုက်အလျား 42ပေ အနံ 18 ရှိပါသည်။
ဆက်သွယ်ဝယ်ယူလိုပ်က
ဈေးကုန်း(၃)လမ်း ရွှေတောင်မြို့ ဖုန်း…09 31217421 / 09 973572349 / 09796994195
သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Read More...
ဘယ်သူ.အတွက်သပိတ်မှောက်မှာလဲ သရ၀ဏ်(ပြည်)
Leave a Comment
ဘယ်သူ.အတွက်သပိတ်မှောက်မှာလဲ
သရ၀ဏ်(ပြည်)
ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းဌာနနှင်.တွေ.ဆုံရာတွင် ရွေးကောက်ပွဲကိုသပိတ်မှောက်သည်.နည်းလမ်းကို ပစ်ပါယ်ထားခြင်းမရှိ လိုအပ်ပါကသုံးကောင်းသုံးနိုင်သည်ဟု ကမ္ဘာသိပြောကြားလိုက်သံကိုကြားရသောအခါ ကျွန်တော်သည်ခေါင်းနားပန်းကြီးသွား၏ ။ အတိတ်၊ ပစ္စုပ္ဖန် ၊ အနာဂါတ်မြန်မာ.နိုင်ငံရေးအခြေအနေများသည် ကျွန်တော်. မှတ်ဥာဏ်တံခါးကိုတဒုန်းဒုန်းလာရောက်ထုနှက်ကြသလိုရှိပေသည် ။ နိုင်ငံရေးသည်ရှုပ်ထွေး၏ ။ ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကျယ် ဟု ပြောလေ.ရှိကြသည် ။ သို.သော် မည်သည်.အရာမဆိုအကြောင်းမသိခင်သာ ရှုပ်ထွေးနေကောင်းနေမည် ၊ အကြောင်းသိက ရှင်းရှင်းလေးပင် ။ ရယ်လေးတစ်ဗတီးသီအိုရီကိုအိုင်စတိုင်းကဲ.သို.လုံးစေ.ပါတ်စေ. နားလည်သူ ကမ္ဘာပေါ်တွင်လူအနည်းငယ်သာရှိနိုင်သော်လည်း ၊ဟီရိုရှီးမားကို အနုဗုံးချသကဲ.သို. အနုမြူဗုံးတလုံးချလိုက်သောအခါ လူတွေမရေတွက်နိုင်အောင်သေကြေပျက်စီးရသည် ၊ သေကြေပျက်စီးလိမ်.မည်ဆိုတာလောက်ကတော. အင်မတန်ရှင်းလင်းသောသဘောဖြစ်သည် ။ ထို.ကြောင်.နိုင်ငံရေးသည် အင်မတန်ရှုပ်ထွေးသည်ဟုဆိုလာသူအပေါင်းကိုလည်း ရှုပ်သောအမြင်နှင်.ကြည်.လျှင် ၀င်္ကပါထဲသို.မျက်မမြင်နှစ်ယောက် လမ်းမလျှောက်နိုင်သောဒုက္ခိတကိုအဖော်ပြုကာ ညသန်းခေါင်တွင် ထွက်လမ်းရှာကြပုံနှင်.တူသည် ။သူတို.၏အရှုပ်ထုပ်ကားဘယ်သောအခါမှဆုံးနိုင်ဖွယ်မမြင် ။ ရှင်းသောအမြင်နှင်.ကြည်.ပါလျှင်လည်း နိုင်ငံရေးဆိုသည်မှာ ချစ်တီးခေါင်းပေါ် ပုတုံးနားသလို ပြောင်လျက်ဝင်းလျက် ရှင်းနေလျက်ပင်ရှိချေ၏ ။ ကျွန်တော်သည်နိုင်ငံရေးသုခမိန်တယောက်မဟုတ်မူပဲ သာမန်ပြည်သူထဲမှပြည်သူတယောက်ပင်ဖြစ်ရာ ဒုတိယအမြင်ဖြစ်သောရှင်းသောအမြင်ဖြင်.သာကြည်.ပါမည် ။ ထိုသို.သောရှင်းသောအမြင်ဖြင်.ကြည်.ရာ သပိတ်မှောက်ခြင်းသည် ကောင်းကျိုးထက်ဆိုးကျိုးများသည်ကိုတွေ.ရပေ၏ ။ အဘယ်ကြောင်.နည်း ။ဆက်ပါမည် ။
နိုင်ငံရေးဆိုသည်မှာအဘယ်နည်း ။ နိုင်ငံရေးဆိုသည်မှာ တိုင်းသူပြည်သားလူအများကောင်းကျိုးကို ဆောင်ရွက်ခြင်းသည်နိုင်ငံရေးမည်ပေ၏ ။ ဘယ်လိုအခြေအနေတွင်ဆောင်ရွက်နိုင်သနည်း ။ လုပ်ပိုင်ခွင်.အာဏာ လက်ထဲသို.ရောက်လာသော အခါ ပြည်သူလူထုအကျိုးကို (ဆန္ဒရှိက ) ပို၍ထိထိရောက်ရောက်ဆောင်ရွက်နိုင်၏ ။ မြန်မာပြည်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များသည် မြနမာပြည်သူလူထုကိုချစ်ရာတွင်အာဏာရပါတီ ၊ အစိုးရ ခေါင်းဆောင်များထက်မနိမ်.ကြောင်းသူတို.ကိုယ်ရည်ကိုယ်သွေးကိုကြည်.၍သိနိုင်ပါသည် ။ သခင်စိုး ၊သခင်သန်းထွန်း တို.သည် လူညံ.များမဟုတ် ။ တိုင်းပြည်ကိုချစ်သူများပင်ဖြစ်သည် ။ သို.သော် သူတို.သည် တိုင်းပြည်အကျိုး ၊ နိုင်ငံသားများအကျိုးထိထိရောက်ရောက်ဆောင်ရွက်ခွင်.မရ ။ထောင်ထဲမှာ ၊တောထဲမှာပဲ သူတို.ဘ၀အချိန်တော်တော်များများကိုကုန်လွန်စေခဲ.ရသည် ။ အာဏာရအောင်ဆောင်ရွက်နိုင်စွမ်း (အစိုးရဖွဲ.နိုင်စွမ်း) မရှိသဖြင်. နိုင်ငံရေးတွင်ကျဆုံးခဲ.ရသည် ။ အင်မတန်ကြီးမားသော ပါတီကြီးတခုဘ၀မှ နှစ်ပေါင်း ၇၀ ကျော်တွင် ကျီးနှင်.ဖုတ်ဖုတ်သာကျန်တော်.သောအခြေအနေသို.ဆိုက်ရောက်ခဲ.သည် ။ ထို.ကြောင်.နိုင်ငံရေးဆိုသည်မှာ အာဏာရရေးသည် အရေးကြီးသည် ။ အာဏာလက်ထဲရောက်မှ တိုင်းသူပြည်သားကိုရင်ဝယ်သားကဲ.သို.စောင်.ရှောက်နိုင်မည် ။ မိမိအစိုးရဖြစ်မှ ယခင်အစိုးရအမှားများကိုပြုပြင်ဆောင်ရွက်နိုင်မည် ။ ကွန်မြူနစ်ပါတီသည် ရွေးကောက်ပွဲကိုသပိတ်မှောက်ကာ ဘေးထွက်ထိုင်နေခြင်းဖြင်. မြန်မာ.နိုင်ငံရေးဖြစ်စဉ်ဝယ် အဓိကအခန်းကဏ္ဍမှပါဝင်ခွင်.ကိုလက်လွတ်ဆုံးရှုံးခဲ.ရသည် ။ သပိတ်မှောက်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှုကိုရပ်ဆိုင်းခြင်းဖြစ်သည် ။ ထိုသို.ရပ်ဆိုင်းခြင်းကြောင်.မည်သူရှုံးမလဲ တွက်ရပေမည် ။ အမြတ်အရှုံးကိုဈေးတွက်တွက်ရပေမည် ။ ထိုအခါ အစိုးရ ၊ တပ်မတော်၊ ပါတီ ၊ပြည်သူလူထု ဟူ၍ ကောင်းကျိုးဆိုးကျိုးခံကြရမည်. အဖွဲ. လေးဖွဲ.ကို ဇယားချကြည်.ပါကအောက်ပါအတိုင်းတွေ.ရလိမ်.မည် ။
အစိုးရ
ဒေါ်အောင်ဆန်းစုကြည်တို. N.L.D ပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင်မပါဝင်တော.ဘူး ၊ ဘေးထွက်ထိုင်နေမည် ၊သပိတ်မှောက်မည်ဆိုလျှင် နိုင်ငံတကာတွင် နာမည်ကောင်းရနေသော ဦးသိန်းစိန်အစိုးရ မျက်နှာပူစရာနည်းနည်းတော.ဖြစ်မည် ။ အမေရိကန် ၊ ဥရောပသမဂ္ဂစသောအဖွဲ.များနှင်. ဆက်ဆံရာတွင် ထိုနိုင်ငံများကမူဝါဒ နည်းနည်းပါးပါးပြောင်းစရာရှိသည် ။ မပြောင်းလဲပဲ ယခုအတိုင်းဆက်သွားချင်လဲသွားမည် ။ အစိုးရအတွက် ပြုတ်ကျစေလောက်အောင်ကြီးမားသော အပြောင်းအလဲကြီးများဖြစ်လာနိုင်မည်မဟုတ် ။ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုတ်နှံမှုများလက်လွန်နေခဲ.ပြီးဖြစ်ရာ ယခင်လိုစီးပွားရေးပိတ်ပင်မှုများ ၊ Sanction များဖြစ်ပေါ်လာနိုင်မည်မဟုတ် ။ အစိုးရ၏ နိုင်ငံရေးလူရာဝင်မှုကိုသာနည်းနည်းပါးပါးထိခိုက်မည်ဖြစ်သည် ။ ထိုသို.နိုင်ငံရေးလူရာမ၀င်မှုသည် ယခင်စစ်အစိုးရလက်ထက်ကဲ.သို. ပြင်းထန်သောဆန်.ကျင်မှုများဖြစ်လာမည်မဟုတ် ။ အစိုးရသည် သူတို.ကိုပြစ်တင်ရှုတ်ချခြင်းကိုယခင်စစ်အစိုးရလက်ထက်ကပင် နှစ်ရှည်လများခံလာခဲ.သူများပီပီ အရေထူနေပြီဖြစ်၍ ထူးပြီး ရှက်ရွံ.နေမည်မဟုတ် ။ အစိုးရအတွက် NLD ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကိုစိတ်ထဲမှကြိတ်၍၀မ်းသာနေပေလိမ်.မည် ။ NLD ၀င်ရောက်ယှဉ်ပြိုင်လျှင် ကြံ.ခိုင်ရေးပါတီ် အနိုင်ရဖို. မဖြစ်နိုင်သလောက်ရှိသဖြင်. ၊ အနိုင်ရချင်သော ကြံ.ခိုင်ရေးပါတီသည် အချိုးကျကိုယ်စားပြုစနစ်ကိုအပန်းတကြီးတီထွင်နေရသည်ဖြစ်ရာ NLD မပါပါက အချိုးကျ ကိုယ်စားပြုစနစ် ( PR) ကိုပင်အကူအညီခေါ်စရာမလိုတော.ပဲ ၂၀၁၅ တွင် ၂၀၁၀ လို သက်သက်သာသာအောင်ပွဲခံနိုင်မည်ဖြစ်သည် ။ ထို.ကြောင်. N.L.D ၏သပိတ်မှောက်ရန်ခြိမ်းခြောက်မှုသည်အစိုးရနှင်. ကြံ.ခိုင်ရေးပါတီအတွက် ပျားသကာလိုချိုမြိန်လှသော စကားများဖြစ်သည် ။ မိန်းကလေးတယောက်ကို လူနှစ်ယောက်အပြိုင်ပိုးပန်းနေကြရာ လူကောင်းကို မိန်းကလေးက မေတ္တာရှိနေ၏ ။ သို.သော် ကောက်ကာငင်ကာပင် လူကောင်းက ကျွန်တော်ကိုယ်.ကိုယ်ကိုယ် အဆိပ်သောက်ပြီးသေပါတော.မယ်ဟု ကြေငြာခဲ.လျင် လူကြားကောင်းအောင် လူဆိုးက တားမြစ်မည်ဖြစ်သော်လည်း လက်တွေ.တွင်တော.အဆိပ်ခွက်ကို ပြိုင်ဘက်ရှေ.သို.သယ်လာကာ နှုတ်ခမ်းတွင်တေ.ပေးမည်ဖြစ်သည် ။ ရွေးကောက်ပွဲကိုသပိတ်မှောက်ခြင်းသည် ကိုယ်.ကိုယ်ကိုသတ်သေခြင်းလိုကိုယ်.အတွက်ရော (ပြည်သူလူထုနှင်.တူသော )မိန်းကလေးအတွက်ရောအကျိုးမရှိ ၊ပြိုင်ဘက်ကိုသာအကျိုးရှိစေသောလုပ်ရပ်ဖြစ်သည် ။ လက်ရှိအစိုးရသည် N.L.D သပိတ်မှောက်ရေးလမ်းကြောင်း အတည်ဖြစ်အောင် မသိမသာလမ်းစဉ်ချဖော်ဆောင်ပေလိမ်.မည် ။ N.L.D မပါသောရွေးကောက်ပွဲ ဖြစ်လာခဲ.မည်ဆိုလျှင် လက်ခမောင်းခတ်မည်.သူများမှာ USDP ခေါ်ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသာဖြစ်ပေလိမ်.မည် ။
တပ်မတော်
တပ်မတော်သည် N.L.D ရွေးကောက်ပွဲတွင်ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ % ရရှိထားမှုကတော. ပြောင်းလဲမည်မဟုတ်ပေ ။ N.L.D ကိုယ်စားလှယ်များလွှတ်တော်ထဲမှာမရှိလျင်တပ်မတော်အတွက် အားသာချက်တခုမှာ ပြည်ထောင်စုလွှတ်တော်မှသမ္မတရွေးချယ်ရာတွင်တပ်မတော်မှအဆိုတင်သွင်းသူတဦးသည် သမ္မတဖြစ်လာနိုင်ပါသည် ။ ထိုအခြေအနေဖြစ်လာပါက တပ်မှသက်ပြည်.ပင်စင်နှင်.အနားယူအံ.ဆဲဆဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် တကျော.ပြန်၍ အုပ်ချုပ်သူအဖြစ် နိုင်ငံရေးနယ်ပါယ်သို.ရောက်လာနိုင်သေးသည် ။ N.L.D သပိတ်မှောက်ခြင်းကြောင်.တပ်မတော်အတွက်အနှောက်အယှက်မရှိရုံသာမက ၊ အကျိုးပင်ရှိနိုင်သေးသည် ။
N.L.D ပါတီ
N.L.D ပါတီသည် ပြည်သူအများစုထောက်ခံသောပါတီဖြစ်၏ ။ ထိုအကြောင်းကို ၁၉၉၀ ရွေးကောက်ပွဲတွင်တခါ ၊ ၂၀၁၂ ကြားဖြစ်ရွေးကောက်ပွဲတွင်တခါ ပြည်သူလူထုသည်သက်သေပြခဲ.ပြီးဖြစ်၏ ။ N.L.D သာဝင်ပြိုင်လျှင် တိုင်းရင်းသားဒေသအနည်းငယ်မှတပါးတပြည်လုံးတွင်ပြတ်ပြတ်သားသားအနိုင်ရဦးမည်ဖြစ်သည် ။N.L.D တွင် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာ ၊ ဒေါ်အောင်ဆန်းစုကြည်မျက်နှာ ၊ ဒီမိုကရေစီနှင်.လူ.အခွင်.အရေးအတွက်အသက်ပေးတိုက်ပွဲဝင်သွားသူများ၏မျက်နှာ ရှိပေသည် ။အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်သည် ၁၉၈၈ အရေးတော်ပုံကြီးတွင်စတင်သန္စေတည်ပြီး ၁၉၉၀ တွင်ပေါက်ဖွားလာခဲ.သည်. ပြည်သူအခြေပြုနိုင်ငံရေးပါတီကြီးဖြစ်သည် ။ ထိုပါတီသည်စတင်တည်ထောင်သည်မှ ယခု ၂၅ နှစ်ကြာခဲ.သည်အထိ တခါမှအာဏာမရခဲ. ၊ အစိုးရမဖွဲ.နိုင်ခဲ.ပေ ။ စတင်တည်ထောင်စဉ်ကတည်းက အဖိနှိပ်ခံ ၊ အနိုင်ခံ ၊ ဖိအားပေးခံနိုင်ငံရေးပါတီအဖြစ်နှင်.ရပ်တည်ခဲ.ရသည် ။ ယခုအချိန်သည်ပြည်သူလူထု၏မျှော်လင်.ချက်ရေချိန်အမြင်.ဆုံးနှင်.နောက်ဆုံး မျှော်လင်.ချက်ထားနေကြချိန်ဖြစ်သည် ။ ထိုအချိန်တွင် အာဏာကိုလက်ဝယ်ပိုင်ပိုင်ရယူနိုင်ဖို.ကြိုးစားသင်.ပေသည် ။ ရွေးကောက်ပွဲလမ်းကြောင်းမှတဆင်. ၂၅ နှစ်အတွင်း ပထမဆုံး အစိုးရဖွဲ.နိုင်ဖို.ကြိုးစားရမည်ဖြစ်သည် ။ နိုင်ငံရေးတွင် ၁၀၀ ရာခိုင်နှုန်းမည်သူမှကိုယ်လိုချင်တာရရိုးထုံးစံမရှိပေ ။ N.L.D ၏ အနီးကပ်ဆုံးရည်မှန်းချက်မှာ ရွေးကောက်ပွဲတွင်ဝင်ပြိုင်ပြီး ပြည်သူလူထုကို ကိုယ်စားပြုကာအစိုးရဖွဲ.ဖို.ဖြစ်သည် ။ ၂၀၀၈ ဖွဲ.စည်းပုံဥပဒေ ပုဒ်မ ၅၉(စ)သည်ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ခွင်.ကိုမတရားတားဆီးထားသော ပုဒ်မဖြစ်ကြောင်း ကျွန်တော်တို.သိပါသည် ။ ကမ္ဘာကလည်းသိသည် ။ သို.သော် အိပ်ချင်ယောင်ဆောင်နေသူကိုနှိုး၍မရ ၊ မပြင်ချင်၍ဝေ.လည်ကြောင်ပါတ်လုပ်နေသောအစိုးရနှင်.တပ်မတော်ကို ကိုယ်လိုချင်တာ မရမချင်းထိုင်စောင်.နေ၍မရ ။ လုပ်စရရှိတာဆက်လုပ်ရပေမည် ။ ကုန်ကုန်ပြောရလျင် ၅၉ (စ)ကိုပြင်မပေးသော်မှ N.L.D သည် ရွေးကောက်ပွဲကိုဝင်ပြိုင်ရမည် ။ လူပုဂ္ဂိုလ်တယောက်အကျိုးနှင်.ပါတီအကျိုးယှဉ်လာလျင် ပါတီအကျိုးကို ဦးစားပေးရမည် ။ ပါတီအကျိုးနှင်.တိုင်းပြည်အကျိုးယှဉ်လာလျှင်တိုင်းပြည်အကျိုးကိုဦးစားပေးရမည်ဆိုသည်.သဘောတရားကိုအားလုံးသိပြီးဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကိုမြန်မာနိုင်ငံတော်၏သမ္မတအဖြစ်မြင်လိုခြင်းသည် တကမ္ဘာလုံး၏ဆန္ဒဖြစ်ပါ၏ ။ မြန်မာပြည်သူပြည်သား အများစု၏ဆန္ဒဖြစ်ပါ၏ ။ ကျွန်ုပ်၏ဆန္ဒလည်းဖြစ်ပါ၏ ။ သို.သော် N.L.D သည် Plan B ရှိသင်.သည် ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်နိုင်တော.လျှင် ပါတီမှမည်သူ.ကိုသမ္မတလောင်းအဖြစ်ရွေးချယ်၍ အစိုးရဖွဲ.မည်ဟူသော ပြတ်သားသည်.မူဝါဒရှိသင်.သည် ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ခွင်.ကိုကန်.သတ်ချုပ်ချယ်ထားသဖြင်. တရားမျှတမှုမရှိဟုဆုံးဖြတ်ပြီးရွေးကောက်ပွဲသပိတ်မှောက်မည်ဆိုပါက Plan A ကိုသာ အသေဖက်တွယ်ထားသော အပြောင်းအလဲမလုပ်နိုင်သည်.ပါတီဖြစ်သွားလိမ်.မည် ။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည်လည်းဤနည်းနှင်နှင်ဖြစ်သည် ။ပြည်သူလူထု ၅ သန်းကပြင်ချင်သည်ဟုလက်မှတ်ရေးထိုးကာ လွှတ်တော်သို.ပို.သည် ။လွှတ်တော်က အရးမကြီးသယောင်ပြုမူကာ ခပ်မဆိတ်နေသည် ။ မြန်မာနိုင်ငံတွင်လူဦးရေ ၅၁ သန်းရှိသဖြင်.ကျန်တဲ.သူတွေသဘောထားကိုလည်းငဲ.ရဦးမည်ဟု ကာကွယ်ရေးဦးစီးချုပ်ကအကြောင်းပြသည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပုဒ်မ ၄၃၆ သည်အခေါင်အထွဋ်ဖြစ်သည် ။ ဤပုဒ်မကိုလည်း တပ်မတော် ၊ လက်ရှိအစိုးရ ၊ ကြံ.ခိုင်ရေးပါတီမှ မပြင်ဆင်ချင် ။ သူတို.ဘ၀အနာဂါတ်အတွက်ရေပက်မ၀င်အောင်ကာရံထားသောတံတိုင်းကြီးကို သူတို.နည်းနည်းပါးပါးပင်ပြင်မပေးချင် ။ ပြင်နိုင်လျှင်ပိုကောင်းမည်ဟု ကျွန်တော်တို.ပြည်သူတွေကလည်းသဘောပေါက်သည် ။ပြင်စေချင်သည် ။ သို.သော်မပြင်ပေးပါကဘာလုပ်မည်နည်း ။ လာပြန်ပြီ Plan B ခေါ်ဒုတိယအစီအစဉ် ။ ရွေးကောက်ပွဲသပိတ်မှောက် သော ၂၀၁၀ ကလိုအစီအစဉ်မျိုးထက် N.L.D ကိုပိုပြီးမျှော်လင်.မိသည် ။ သပိတ်မှောက်ခြင်းလက်နက်ကို ၂၀၁၀ ရွေးကောက်ပွဲတွင်ကိုင်စွဲခဲ.ရာ တိုင်းပြည်နှင်.လူမျိုးအတွက်ဘာတွေထူးထူးခြားခြားရရှိခဲ.သလဲ ။ မှန်ရာကိုပြောရလျင် လွှတ်တော်ထဲမှာ ကြံ.ခိုင်ရေးအမတ်တွေ အများစုဖြစ်သွားတာပဲအဖတ်တင်သည် ။ လူတွေသည်ဘယ်သူ.ကိုမဲပေးရမှန်းမသိအောင်ဖြစ်ကုန်တာပဲအဖတ်တင်သည် ။၂၀၁၀ ရွေးကောက်ပွဲတွင် N.L.D သပိတ်မှောက်မှုကြောင်. ပါတီအတွက်ရော ၊ ပြည်သူလူထုအတွက်ပါထိရောက်သော အကျိုးကျေးဇူးသည်မရှိ ။ ထိုလမ်းစဉ်ကိုဆက်လိုက်ကောင်းလိုက်မည်ဟုကြေငြာလိုက်ခြင်းသည် အစိုးရ၏ ခြောက်ပွင်.ဆိုင်တွေ.ဆုံပွဲ နှင်. ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှောင်.နှေးမှုကိုတပ်လှန်.နှိုးဆော်လိုက်သည်. ခြိမ်းခြောက်ချက်တရပ်သာဖြစ်ပါစေဟုမျှော်လင်.မိပါသည် ။ရွေးကောက်ပွဲသပိတ်မှောက်ခြင်းသည် N.L.D ပါတီကိုနိုင်ငံရေးဂုဏ်သိက္ခာတက်စေသည်ဟု အချို.သူများကဆိုကောင်းဆိုပေမည် ။ ဤသို.ဆုံးဖြတ်ပါကပါတီအတွက် Hero ဆန်သောအပြုအမူအဖြစ်လက်ခုပ်တီးသူရှိကောင်းရှိမည် ။ တိုင်းပြည်အတွက်တော.မကောင်းဟု ပြောချင်သည် ။ ကိုယ်.အပေါ်မကောင်းသည်.သူများလက်ထက်တွင် နောက်ထပ်ငါးနှစ်နေလိုက်ဦးဟုပြည်သူလူထုကိုပြောသလိုရှိသည် ။ ၂၀၁၀ တုန်းကလည်းဤသို.ခံစားခဲ.ရပြီးပါပြီ ။
ပြည်သူလူထု
N.L.D ရွေးကောက်ပွဲကိုသပိတ်မှောက်လျှင်ပြည်သူလူထုအတွက်ဘာအကျိုးရှိနိုင်မည် ကိုသုံးသပ်ကြည်.မိ၏ ။ ထိုအခါ အောက်ပါအချက်များသာဆက်လက်ဖြစ်ပေါ်နေပေလိမ်.မည် ။
(၁) ယခင်ရပ်ကျေး အုပ်ချုပ်ရေးမှူးများ နောက်သက်တမ်းတခုအာဏာဆက်လက်တည်မြဲနေပေလိမ်.မည်
(၂) တပ်မတော်လူထွက် တိုင်းနှင်.ပြည်နယ်ဝန်ကြီးချုပ်များ ဆက်လက်အာဏာရနေမည် ။
(၃) အရပ်ဘက်ကဆောင်ရွက်၍ရသော ၀န်ကြီးဌာနများ(ဥပမာ စီးပွားကူးသန်း ၊ ပို.ဆောင်ရေး၊ စွမ်းအင် ၊ ဘဏ္ဍာရေး၊ စက်မှု ၊ သစ်တော ၊ပြန်ကြားရေး ၊သတ္တုတွင်း၊ လယ်ယာဆည်မြောင်း ၊သမ၀ါယမ၊နိုင်ငံခြားရေး)တွင်တပ်မတော်မှလာသောဝန်ကြီးများသာ ဆက်လက်တွင်ကျယ်နေပြီး မှားယွင်းသောစီမံခန်.ခွဲမှုများဆက်လက်ဖြစ်ပေါ်နေမည် ။
(၄) ၀န်ကြီးများနှင်.ရင်းနှီးသောခရိုနီတစုသာ စီးပွားရေးလုပ်ကွက်မျာအထပ်ထပ်အခါခါရရှိပြီး ပြည်သူလူထုမှာ မွဲပြီးရင်းမွဲရင်းရှိနေမည် ။
(၅) အုပ်ချုပ်ရေးက၊ တရားစီရင်ရေးကိုဆက်လက် ကြိုးကိုင်ချယ်လှယ်မည်ဖြစ်သဖြင်. ဥပဒေသည်ပြည်သူလူထုကိုအကာအကွယ်ပေးနိုင်ခြင်းမရှိပဲနေမည် ။
(၆) ၀န်ထမ်းများသည် ယခင်အတိုင်းမလုပ်မရှုပ်မပြုတ်မူဝါဒဖြင်.တိုင်းပြည်လုပ်ခလစာကိုညာဝါးရယူကြလိမ်.မည် ။
အကယ်၍ N.L.D ၀င်ပြိုင်သဖြင်. ရွေးကောက်ပွဲနိုင်ကာအစိုးရဖွဲ.နိုင်ခဲ.လျှင် ၅၉ (စ) ၊ ပုဒ်မ ၄၃၆ တို.မပြင်ပေးသည်.တိုင်အောက်ပါကောင်းကျိုးချမ်းသားများကို ပြည်သူလူထုအတွက်ဆောင်ရွက်နိုင်သည် ။
(က) နိုင်ငံတော်သမ္မတ၏လုပ်ပိုင်ခွင်.အရ အမျိုးသားပညာရေးဥပဒေကိုဆန်.ကျင်ကန်.ကွက်သပိတ်မှောက်မှုနှင်.အကျဉ်းကျနေသောကျောင်းသား ၊ပြည်သူများအပါအ၀င် နိုင်ငံရေးအကျဉ်းသား များစွာကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင်.ပေးနိုင်သည် ။
(ခ) သမ၀ါယမ၀န်ကြီးဌာနကိုဖျက်သိမ်းပြီး ဥပဒေစိုးမိုးရေးဝန်ကြီးဌာနတခုထပ်မံတိးုချဲ.ဖွဲ.စည်းပြီး တရားရုံးများ တရားသူကြီးများကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ အသစ်ဖွဲ.လိုက်သော ဥပဒေစိုးမိုးရေးဝန်ကြီးဌာနအောက်သို.ပြောင်းလဲဖွဲ.စည်းနိုင်သည် ။ ထိုအခါ တရားရေးဌာနသည် တပ်မတော်၏ထိမ်းချုပ်မှု (ပြည်ထဲရေးဝန်ကြီးဌာန )အောက်မှလွတ်ကင်း၍ သမ္မတထိမ်းချုပ်မှုအောက်ရောက်လာမည် ။ ထိုအခါတရားသူကြီးများသည် ဘယာဂတိ မရှိပဲ အမှုများကိုဖြောင်.မတ်မှန်ကန်စွာကိုင်တွယ်ဆောင်ရွက်နိုင်မည် ။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး ဌာနတခုကိုလည်း ဥပဒေစိုးမိုးရေးဝန်ကြီးဌာနအောက်တွင် ထည်.သွင်းဖွဲ.စည်းနိုင်သည် ။
(ဂ) ပြည်နယ် ၀န်ကြီးချုပ် ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များကို သမ္မတကခန်.သဖြင်. ယခင်အစိုးရလက်ထက်လို စစ်ထွက်များ၊ဗိုလ်ချုပ်ဟောင်းများကိုမခန်.ပဲ သမာသမတ်ရှိသော ဒေသခံများကိုခန်.အပ်လာနိုင်သဖြင်. ပြည်သူလူထုကိုပို၍အကျိုးပြုနိုင်သည် ။
(ဃ) ပညာရေးနှင်. ကျန်းမာရေး ဘတ်ဂျက်အသုံးစားရိတ်များကို လွှတ်တော်တွင်ပိုမိုတင်ပြတောင်းခံလာနိုင်သည် ။ ပြည်သူလူထုပညာတတ်အောင် ၊ ဆေးရုံဆေးခန်းများပိုမိုဝန်ဆောင်မှပေးနိုင်အောင်ဆောင်ရွက်နိုင်သည် ။အခြားမလိုလားအပ်သောဘတ်ဂျက်များကိုဖြတ်တောက်နိုင်သည် ။
(င)အလုပ်သမားဝန်ကြီးကို ပိုမိုကျွမ်းကျင်၍သမာသမတ်ရှိသူများကိုခန်.ထားခြင်းဖြင်. အလုပ်သမားများ အရှေ.တောင်အာရှအဆင်. ကျွမ်းကျင်မှုနှင်.လုပ်ခလစာရရှိအောင်အစိုးရမှကူညီဆောင်ရွက်နိုင်သည် ။နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လုပ်ငန်းမကျွမ်းကျင် စေတနာ ကင်းမဲ.နေသော မိုးကျရွှေကိုယ်သံအရာရှိများကိုဖယ်ရှားကာ လုပ်ငန်းလည်းကျွမ်းကျင် ၊ စေတနာလည်းကောင်း ၊ ပြည်သူလူထုကို အလုပ်ရှင်ဟုထင်မြင်ယူဆသူများကိုရွေးချယ်ခန်.ထားခြင်းဖြင်. ပြည်ပရောက်မြန်မာများကိုယခုထက်ပိုမိုကူညီနိုင်မည်ဖြစ်သည် ။
(စ)ဆင်းရဲသားများအတွက် အိမ်ယာစီမံကိန်းများနိုင်ငံအနှံ.ဆောင်ရွက်ကာ ဆင်းရဲသားများကိုကူညီကယ်တင်နိုင်မည် ။
အခြားလုပ်နိုင်သောအချက်များစွာလည်းရှိပါသေးသည် ။ ထို.ကြောင်. အခြေအနေတရပ်နှင်.ရင်ဆိုင်လာရသောအခါ မကောင်းကွက်ချည်းပဲရှိသည်မဟုတ် ၊ ကောင်းကွက်တွေ လုပ်နိုင်တာတွေလည်းရှိနေပါသေးသည် ။ထို.ကြောင်. N.L.D သည် ရွေးကောက်ပွဲကို သပိတ်မှောက်တော.မည်ဟုကြံလျှင် အောက်ပါအတိုင်းနဖူးပေါ်လက်တင်စဉ်းစားခန်းဝင်စေချင်ပါသည် ။
သပိတ်မှောက်ခြင်းသည် ငါတို.ပါတီခေါင်းဆောင်အတွက်ဆိုလျှင် မှောက်ချင်မှောက်ပါ ။
သပိတ်မှောက်ခြင်းသည် ပါတီအတွက်ဆိုလျှင် မှောက်ချင်မှောက်ပါ ။
သပိတ်မှောက်ခြင်းသည် အစိုးရပြုတ်ကျအောင်မှောက်မည်ဆိုလျှင် မမှောက်ပါနှင်. ။ (ပို၍ပင်အားကောင်းသွားပေမည် )
အရေးအကြီးဆုံးမှာ သပိတ်မှောက်ခြင်းသည် ပြည်သူလူထုအတွက်ဆိုလျှင် လုံးဝမမှောက်ပါနှင်. ။ ယခုအစိုးရထပ်အုပ်ချုပ်လျှင်ပြည်သူလူထုအများစု၏ဘ၀သည် မည်သို.မျှပိုမိုကောင်းမွန်လာဖွယ်ရာမရှိပါကြောင်း တင်ပြလိုက်ရပေသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၂၁.၄.၂၀၁၅
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
Facebook Like Page